“ဆက်ဆံရေးများ တိုးမြှင့်ရန် နိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ တရုတ်နိုင်ငံရေးရာဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Rupa Narayan Das ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဆက်ဆံရေးများ တိုးမြှင့်ရန် နိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
တရုတ်နိုင်ငံသို့ ထူးကဲလှတဲ့သံတမန်ရေးရာ လက်ကမ်းမှုတခုအဖြစ် နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ ယဉ်ကျေးမှုနဲ့ ပြည်သူတို့အချင်းချင်းဖလှယ်ရေး အဆင့်မြင့်ယန္တယားတခုမှာ ပါဝင်ဆင်နွှဲဘို့ရာ ပီကင်းမြို့ကို သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ယခုနှစ်နှောင်းပိုင်းမှာ ဒုတိယအချီ Wuhan ပုံစံ အလွတ်သဘောဆောင်တဲ့ အစည်းအဝေးတခုကို ဝန်ကြီးချုပ် Mr Narendra Modi နဲ့အတူ တက်ရောက်ဘို့ တရုတ်နိုင်ငံသမ္မတ Mr Xi Jinping ရဲ့ခရီးစဉ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဘို့ အဓိကရည်ရွယ်ခဲ့ဒါဘဲဖြစ်ပါတယ်။ နှစ်ဖက်စလုံးတို့ဟာ အကြိမ် (၇၀) မြောက် သံတမန်ရေးရာဆက်ဆံမှုများတည်ဆောက်တဲ့ နှစ်ပါတ်လည်အထိမ်းအမှတ်ကို ကျင်းပလျှက်ရှိကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ အိန္ဒိယပါလီမန်ရဲ့ တရားဥပဒေအရ ထုတ်ပြန်ချက်တခုဖြစ်တဲ့ Jammu နဲ့ Kashmir အရေးကိစ္စလည်း ပေါ်ပေါက်ခဲ့ပါတယ်။
Dr. Jaishankar ဟာ တရုတ်နိုင်ငံ(ဒု)သမ္မတ Mr Wang Qishan နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နှစ်ဖက်စလုံးတို့ဟာ ပေါ်ပေါက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာအခြေအနေနဲ့ အိန္ဒိယနဲ့တရုတ်နိုင်ငံတို့က ဒေသပိုင်းနဲ့ ကမ္ဘာတခွင် အဓိကစွမ်းအားရှင်နိုင်ငံတွေအဖြစ် ပေါ်ထွန်းလာချိန်မှာ အင်အားတူမျှဘို့ရာ ပြန်လည်ညီတူညီမျှဖြစ်စေရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ Dr. Jaishankar အတွက် တရုတ်နိုင်ငံသို့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမခရီးစဉ်ဖြစ်ပေမဲ့၊ စောစောပိုင်းက Dr. Jaishankar ဟာ တရုတ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးဒါမို့ တရုတ်နိုင်ငံဟာ နိုင်ငံခြားရေးဝန်ကြီးအတွက် ရင်းနှီးပြီး အရပ်ဒေသဖြစ်ပါတယ်။
Dr. Jaishankar ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr Wang Yi နဲ့ အသေးစိတ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ထုတ်ဖေါ်ပြောကြားတဲ့အခါ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက Jammu နဲ့ Kashmir အရေးကိစ္စနဲ့ပါတ်သက်ပြီး ပါလီမန်လွှတ်တော်မှာ ဥပဒေပြဋ္ဌာန်းခဲ့ဒါနဲ့ နောက်အခြေအနေတွေကို တင်ပြခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးက Kashmir အရေးကိစ္စမှာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေး သက်သက်သာဖြစ်ပြီး၊ ပြောင်းလဲမှုနဲ့ပတ်သက်တဲ့ အရေးကိစ္စတွေက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ယာယီပြဋ္ဌာန်းချက်တွေနဲ့သက်ဆိုင်ပြီး၊ နိုင်ငံရဲ့အုပ်ချုပ်ရေး အခွင့်အာဏာတခုသာဖြစ်တယ်လို့ ရှင်းလင်းစွာ ဖေါ်ပြခဲ့ပါတယ်။ ဆက်လက်ပြီး Dr. Jaishankar က ယခုလို တရားဥပဒေအရ ပြုမူခြင်းဟာ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို ရည်ရွယ်ခြင်းဖြစ်တယ်လို့ ဖေါ်ပြခဲ့ပြီး၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံနယ်စပ်မှာ အိန္ဒိယနိုင်ငံရဲ့ ပြည်ပနယ်စပ်နဲ့ Line of Actual Control (LAC) တို့အပေါ် အကျိုးဆုတ်ယုတ်မှုမရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးရဲ့ဖေါ်ပြချက်မှာ အိန္ဒိယနိုင်ငံဟာ ဘယ်သို့သော်နယ်ခြားဆိုင်ရာ ပိုင်ဆိုင်မှုကိုမျှ တောင်းဆိုနေခြင်းမပြုဘဲ ဒီအရေးကိစ္စမှာ တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပန်ချက်မလိုအပ်ကြောင်း တင်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့အကြား ဖန်တီးလာနေတဲ့ တင်းမာမှုနဲ့ပတ်သက်ပြီး လေ့လာချက်ကိုတုန့် ပြန်ဖြေကြားရာမှာ Dr. Jaishankar က ဒီအရေးကိစ္စဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းကိစ္စဖြစ်တာမို့ ပါကစ္စတန်နိုင်ငံနဲ့ မသက်ဆိုင်ဘူးလို့ ဖေါ်ပြခဲ့ပါတယ်။
ဆွေးနွေးပွဲတွေမှာ နှစ်ဖက်စလုံးတို့ဟာ အင်ဒို-တရုတ်နယ်စပ်တလျောက် အေးချမ်းသာယာပြီး၊ တည်တံ့မှုရှိခြင်းတို့က နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးတွေ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်တာကို ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးမှာ တိုးတက်မှုရှိပေမဲ့ အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ ကုန်သွယ်ရေးကွာဟမှုက စိုးရိမ်စရာအကြောင်းကိစ္စတခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ အိန္ဒိယ-တရုတ်ဆက်ဆံရေးရဲ့ အနာဂါတ်ဟာ တဦးတယောက်ရဲ့ အဓိကစိုးရိမ်ကြောင့်ကြမှုတွေဟာ အပြန်အလှန်ခံစားချက်တွေကို နက်ရှိုင်းစေခြင်းအပေါ် မူတည်နေဒါဖြစ်ပြီး၊ ဒီလိုဖြစ်ရခြင်းက သဘာဝကျပါတယ်လို့ ဖေါ်ပြခဲ့ပါတယ်။ နှစ်ဖက်စလုံးတို့ဟာ ကြီးမားတဲ့ဖွံ့ဖြိုးစဲနိုင်ငံတွေဖြစ်ကြဒါမို့ သဘောထားကွဲလွှဲမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်တွေ သဘောတူခဲ့ကြသလို ဒီသဘောထားကွဲလွှဲချက်တွေဟာ အငြင်းအခုံတွေမဖြစ်လာသင့်ဘူးလို့ ယူဆကြပါတယ်။

ဒီအလည်အပါတ်ခရီးစဉ်မှာ နှစ်နိုင်ငံအကြား MoU နားလည်မှုစာချွန်လွှာ (၅) ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီ MoU တွေက သက္ကရာဇ် ၂၀၂၀ ခုနှစ်မှာ ပူးပေါင်းဆောင်ရွက်ရေး၊ အားကစား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံ အမျိုးသားပြတိုက်ကြီးတွေအကြား ယဉ်ကျေးမှုဖလှယ်ရေး၊ နှစ်နိုင်ငံတို့ရဲ့ ရိုးရာဆေးပညာနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး၊ အိန္ဒိယအမျိုးသားပြတိုက်နဲ့ တရုတ်နိုင်ငံ Hubei ပြည်နယ်ပြတိုက်တို့အကြား ပူးပေါင်းဆောင်ရွက်ရေးတို့ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Rupa Narayan Das ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”