“ပါကစ္စတန် အထီးကျန်ဘဝ ရင်ဆိုင်နေမှု”

သောတရှင်များရှင် သည်ကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန် အထီးကျန်ဘဝ ရင်ဆိုင်နေမှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင် တင်ပြအစီရင်ခံပါရစေ။

ပါကစ္စတန်နိုင်ငံရဲ့ Kashmir ပြဿနာကို အပြည်ပြည်ဆိုင်ရာရေးရာ အချက်အဖြစ် အားထုတ်မှုမအောင်မြင်ခဲ့ပေ။ Islamabad အစိုးရရဲ့ Kashmir ပြဿနာအပေါ် အခြားနိုင်ငံများ ပါဝင်မှုအတွက် ရုတ်တရက်ပြောဆိုမှုကို ၎င်းရဲ့အဓိကမိတ်ဆွေများဖြစ်ကြသော တရုတ်နဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ကလဲ ဝင်ရောက်မစွတ်ဖက်နိုင်ဟု ပြောဆိုခဲ့ပါတယ်။ Riyadh နဲ့ Beijing အစိုးရနှစ်ခုစလုံးတို့က အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးတို့၌ ငြိမ်းချမ်းမှုထားရှိရန် ပြောဆိုပြီး ပါကစ္စတန်အား ငြိမ်းချမ်းရေးထိန်းသိမ်းဆောင်ရွက်ရန် ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အုပ်ချုပ်ပုံအခြေခံဥပဒေ၏ အပိုဒ် ၃၇၀ ကို ရုပ်သိမ်းဖို့ ကြေညာချက်ထုတ်ပြန်ကတည်းက ပါကစ္စတန်ရဲ့ အရပ်ဖက်နဲ့ စစ်ဖက်အာဏာပိုင်းများ အပြင်းအထန် လှုပ်ရှားလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ယခင်ပြည်နယ် (၂) ခုဖြစ်သော Jammu နဲ့ Kashmir နဲ့ Ladakh တို့အား ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အိန္ဒိယပါလီမန်လွှတ်တော် (၂) ခုစလုံးတို့၏ လက်ခံထောက်ခံမှုဖြင့် အဆိုပါအချက်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါပြည်ထောင်စုနယ်မြေ (၂) ခုစလုံးတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ယခုလိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း (၃၀) ကတည်းက Jammu နဲ့ Kashmir ပြည်နယ်၌ ပါကစ္စတန်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်လာသော အကြမ်းဖက်မှုကို ဖျက်သိမ်းစေရန် အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံကထောက်ပံ့သော အကြမ်းဖက်မှုကြောင့် ပြီးခဲ့သောနှစ်ပေါင်း (၃၀) ကတည်းက အိန္ဒိယနိုင်ငံမှာ လူ(၄) သောင်း (၂) ထောင်ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အိန္ဒိယအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အပိုဒ် ၃၇၀ ရုပ်သိမ်းမှုဆိုင်ရာ ကြေညာချက်နဲ့ ပြည်ထောင်စုနယ်မြေ (၂) ခုထပ်ပြီး တည်ထောင်မှုဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စဖြစ်ပြီး အခြားနိုင်ငံများ၏ ပါဝင်ပတ်သက်မှု မရှိနိုင်ဟု ပါကစ္စတန်နိုင်ငံကသိထားသော်လဲ မိမိကိုယ်မိမိ ဒုက္ခသည်အဖြစ် ပြသနေပါတယ်။

ပါကစ္စတန်က အိန္ဒိယနိုင်ငံရဲ့ အဆိုပါထုတ်ပြန်ချက်ကို လုံးဝမမျှော်လင့်ခဲ့ပေ။ Kashmir ပြဿနာ အမြဲတမ်းရှင်သန်ပြီး ၎င်းကို မိမိအကျိုးအတွက် လိုသလိုအသုံးပြုနိုင်လိမ့်မယ်လို့ ပါကစ္စတန်က ထင်ခဲ့ပါတယ်။ သို့သော် ယခု ပါကစ္စတန်က အခွင့်အရေးသစ်များကို ရှာဖွေလိမ့်မယ်ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ ပြဿနာအပေါ် ပါကစ္စတန်က အမြဲတမ်း ရှုံးနိမ့်ခြင်းကို ခံခဲ့ရပါတယ်။ အိန္ဒိယပြည်နယ်ဟောင်း Jammu နဲ့ Kashmir ဟာ ၎င်းရဲ့အရေးကြီးသော တစိတ်တဒေသဖြစ်သောအချက်ကို ပါကစ္စတန်က တသက်လုံးလက်မခံခဲ့ပေ။ Kashmir ရဲ့ ၁၃,၀၀၀ စတုရန်း ကီလိုမီတာကို ပါကစ္စတန်က တရားမဝင်သိမ်းပိုက်ထားခဲ့ရာ၊ Islamabad အစိုးရက ၎င်းကို ပြန်လည်အပ်နှင်းစေရန် လိုအပ်ပါတယ်။

အိန္ဒိယအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၃၇၀ ရုပ်သိမ်းမှုဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် ပါကစ္စတန်၏ ဆန့်ကျင်မှုဆိုင်ရာ အချက်အပေါ် UNSC (P5) အမြဲတမ်းအဖွဲ့ဝင်နိုငငံများဖြစ်ကြသော အမေရိကန်၊ ယူကေ၊ ပြင်သစ်နဲ့ ရုရှားတို့က အကူအညီလုံးဝမပေးခဲ့ပေ။ အိန္ဒိယရဲ့ အပိုဒ် ၃၇၀ ရုပ်သိမ်းမှုဆုံးဖြတ်ချက်ကို ရုရှားနိုင်ငံက လက်ခံခဲ့ကာ၊ အုပ်ချုပ်ပုံအခြေခံဥပဒေဘောင်အတွင်းဖြစ်သော ဆုံးဖြတ်ချက်ဖြစ်ပြီး၊ အိန္ဒိယ၊ ပါကစ္စတန်တို့ ၁၉၇၂ ခုနှစ်ဆိုင်ရာ Shimla ကြေညာချက်အတိုင်း မိမိတို့ပြဿာနာကို ဖြေရှင်းဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

Jammu နဲ့ Kashmir ပြည်နယ်တွင် အပိုဒ် ၃၇၀ ဖျက်သိမ်းပြီး အထူးအဆင့် ရုပ်သိမ်းသော အိန္ဒိယနိုင်ငံရဲ့ ဆုံးဖြတ်ချက်မချမှီ အမေရိကန်နှင့် တိုင်ပင်ဆွေးနွေးမှုမပြုကြောင်း၊ ဒီဆုံးဖြတ်ချက်ဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းကိစ္စဖြစ်ပြီး ဒေသအတွင်း ငြိမ်းချမ်းရေးကို ထားရှိစေရန် အမေရိကန်နိုင်ငံက ဆော်ဩောခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး Mr Antonio Guterres ကလဲ အဆိုပါအချက် အိန္ဒိယအပေါ် ဖိအားပေးရန် ပါကစ္စတန်ရဲ့ပြောဆိုမှုကို ငြင်းဆိုခဲ့ပြီး ၎င်းတို့ ၁၉၇၂ ခုနှစ်ဆိုင်ရာ Shimla သဘောတူညီချက်ဖြင့် မိမိတို့ပြဿနာ ဖြေရှင်းစေရန် ပြောဆိုခဲ့ပါတယ်။



aပါကစ္စတန်နိုင်ငံက Kashmir ပြဿနာကို အခြေစိုက်ပြီး နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ ထောက်ခံမှုကိုရရှိစေရန် ကြိုးစားခဲ့သော်လဲ ကမ္ဘာက လက်မခံခဲ့ပေ။ FATF ခေါ် ဘဏ္ဍာရေးလှုပ်ရှားမှုတပ်ဖွဲ့၏ လာမည့်အစည်းအဝေးမတိုင်မှီ ပါကစ္စတန်ဝန်ကြီးချုပ် Mr Imran Khan နဲ့ ဗိုလ်ချုပ်ကြီး Qamar Bajwa တို့ မိမိအကြမ်းဖက်အုပ်စု ထောက်ခံမှုအပေါ် အရေးယူသော အချက်အပေါ် အာရုံစိုက်သင့်ပြီး အိမ်နီးချင်းနိုင်ငံများအစား မိမိပြည်သူတို့ အကျိုးအပေါ် ပိုပြီးအာရုံစိုက်သင့်ကြောင်း စသည်ဖြင့်ဆောင်းပါးရှင်း Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ရှင်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”