အိန္ဒိယနိုင်ငံအတွင်း လူထုအခြေခံ အဆောက်အအုံဆိုင်ရာ အခန်းကဏ္ဍသည် ဒေါ်လာ ၅ ထရီလျံ စီးပွားရေးနိုင်ငံအဖြစ် တွန်းအားပေးလျှက်ရှိ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ စီးပွားရေးရာ ဝါရင့် သတင်းစာဆရာ ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံအတွင်း လူထုအခြေခံ အဆောက်အအုံဆိုင်ရာ အခန်းကဏ္ဍသည် ဒေါ်လာ ၅ ထရီလျံ စီးပွားရေးနိုင်ငံအဖြစ် တွန်းအားပေးလျှက်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနိုင်ငံဟာ လာမယ့် ၅ နှစ်အတွင်း နိုင်ငံရဲ့ စီးပွားရေးစွမ်းရည်ပမာဏကို ၅ ထရီလျံဒေါ်လာနှင့် လာမယ့် ၈ နှစ်အတွင်းနှင့် အဲဒီနောက်ကာလတွေမှာတော့ ၁၀ ထရီလျံအထိ တိုးမြှင့်သွားဖို့ ကြိုးပမ်းအားထုတ်လျှက်ရှိပါတယ်။ ဒီရည်မှန်းချက်လုပ်ငန်းမှာ လူထုအခြေခံ အဆောက်အအုံဆိုင်ရာ အခရာကျတဲ့ အခန်းကဏ္ဍကို ဘယ်နည်းနှင့်မဆို ချန်လှပ်ထားခဲ့လို့ မဖြစ်နိုင်ပါဘူး။ အိန္ဒိယနိုင်ငံဟာ မကြာသေးမီတင်ကပဲ ပြီးဆုံးခဲ့တဲ့ အစည်းအဝေးကာလမှာ ပါလီမန်လွှတ်တော်အတွင်း တုံ့ပြန်လုပ်ဆောင်ချက်တစ်ရပ်အဖြစ် လူထုအခြေခံ အဆောက်အအုံကဏ္ဍမှာ နှစ်စဉ် ထရီလျံဒေါ်လာကျော် အသုံးပြုနေခဲ့ပါတယ်။ ၂၀၁၈-၁၉ ခုနှစ်အတွင်း လူထုအခြေခံအဆောက်အအုံကဏ္ဍမှာ အစိုးရရဲ့ ဘတ်ဂျက်အသုံးစရိတ် ခန့်မှန်းချက်ဟာ ရူပီးငွေ ၅.၉၇ ထရီလျံဖြစ်တယ်လို့ ဘဏ္ဍာရေး ဒုဝန်ကြီး Mr. Anurag Singh Thakur က အောက်လွှတ်တော်မှာ ဖော်ပြခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အရောက်မှာ ပြည်တွင်းစီးပွားရေးပမာဏကို ၅ ထရီလျံဒေါ်လာအထိ တိုးတက်ရေး မျှော်မှန်းချက်ဟာ အံ့ဖွယ်ဖြစ်ဟန်ရှိပေမယ့်လည်း လက်တွေ့ကျတဲ့ ပကတိ အခြေအနေအတွင်းမှာ တည်ရှိနေပါတယ်။ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကြိုးမာန်တက် လုပ်ဆောင်ချက်တွေနှင့် အကောင်အထည်ဖော် လုပ်ကိုင်ဆောက်ရွက်ထားရှိပေးခြင်းတို့ဟာ အထက်ပါမျှော်မှန်းချက်အတွက် ဗဟိုချက်မဖြစ်ပါတယ်။ နိုင်ငံရဲ့ လက်ရှိ စီးပွားရေးဟာ ၂.၈ ထရီလျံဒေါ်လာရှိနေပြီး ဒါဟာ လာမယ့် ၅ နှစ်တာ ကာလတလျှောက် နှစ်စဉ်နှစ်တိုင်း ၈% နှုန်းထားမှာရှိစေဖို့ အခြေအနေဝန်းကျင် ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ မကြာသေးတဲ့ အတိတ်ကာလတွေအတွင်း နှေးကွေးကျဆင်းနေတဲ့ အခြေအနေမျိုးမှာတောင် အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဟာ ၆%-၇% ဝန်းကျင် ဖွံ့ဖြိုးမှုရှိခဲ့တာကြောင့် ဒါဟာ ယုံကြည်လက်ခံရမယ့် မျှော်မှန်းချက် ၁ ရပ်ဖြစ်တယ်လို့ ကျွမ်းကျင်သူ ပါရဂူတွေက ဖော်ပြထားကြပါတယ်။ ဘတ်ဂျက်ပြန်တမ်း မထုတ်ပြန်မီက ကောက်ယူခဲ့တဲ့ စီးပွားရေးစစ်တမ်းနှင့် ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitaraman ရဲ့ ဘတ်ဂျက်ပြန်တမ်းဆိုင်ရာ မိန့်ခွန်းပြောကြားချက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ၊ အလုပ်နေရာတွေ၊ ကုန်ထုတ်လုပ်နိုင်စွမ်း၊ ပြည်ပတင်တို့မှုတွေ၊ စားသုံးမှုနှင့် ဖွံ့ဖြိုးရေးကွင်းဆက်တွေ တိုးတက်ရေးအတွက် “အဖွဲ့အစည်းဆိုင်ရာ စိတ်ဓာတ်တွေ” ပြန်လည်ဖော်ထုတ်သွားဖို့ လိုအပ်ချက်အပေါ် အသိအမှတ်ပြု လက်ခံဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ ဗဟိုဘဏ်တိုက်ကြီးရဲ့ ငွေကြေးဆိုင်ရာ မူဝါဒချမှတ်ရေး ကော်မတီဟာ ယခုသီတင်းပတ်အတွင်း စီးပွားရေးကဏ္ဍမှာ အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ငွေကြေး ချေးငှားကြသူတွေအတွက် ဘဏ်တွေရဲ့ ချေးမငွေနှုန်းထားကို အစဉ်အလာ ဖြစ်လေ့မရှိတဲ့ အခြေခံအမှတ် ၃၅ မှတ် လျှော့ချဖြတ်တောက်ဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်တိုက်ကြီးဟာ ယခုနှစ် ဖေဖော်ဝါရီလကတည်းက ၄ ကြိမ်ဆက်တိုက် မူဝါဒ ကြေညာချက်တွေမှာ နှုန်းထားတွေ လျှော့ချခဲ့ပြီး စုစုပေါင်း အခြေခံအမှတ် ၁၁၀ တို့နှင့်အတူ သီးသန့်အားဖြင့် အထွေထွေနှင့် အခြေခံ အဆောက်အအုံကဏ္ဍတွေမှာ စီးပွားရေးလုပ်ငန်းပိုင်းတွေ အရှိန်ရရှိစေဖို့အတွက် ကုန်ထုတ်လုပ်ရေးနယ်ပယ်တွေမှာ ငွေကြေးစီးဆင်းမှုတွေ ဆက်လက်ထိန်းသိမ်းသွားဖို့ ရည်ရွယ်ချက်သဘောထားကို ထင်ဟပ်စေလျှက်ရှိပါတယ်။

နိုင်ငံအတွင်း အခြေခံ အဆောက်အအုံပိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုတို့အကြား အပြန်အလှန် ဆက်စပ်မှုတို့ဟာ အလွန်မြင့်မားနေပြီး ကုန်းတွင်းပိုင်းတွေ၊ လမ်းမတွေ၊ မီးရထားနှင့် လေဆိပ်ဆိုင်ရာ အခြေခံ အဆောက်အအုံကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုနှင့် စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု GDP တန်ဖိုးတို့ မီတည်ဆက်စပ်မှုဟာ ၀.၉၀ ထက် ပိုမိုမြင့်မားနေတာကြောင့် အခြေခံအဆောက်အအုံကဏ္ဍမှာ GDP နှင့် မြှုပ်နှံမှုတို့အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းမှုတစ်ရပ် ရှိနေတာကို ပြသလျှက်ရှိပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDA အစိုးရဟာ ၂၀၁၄ ခုနှစ်မှာ အာဏာရရှိခဲ့ကတည်းက အဆောက်အအုံကဏ္ဍအတွင်း မြှုပ်နှံရေးအပေါ် အာရုံပြုလာခဲ့ပြီး ယခင် NDA ခေတ်မှာ Vajpayee အစိုးရတုန်းကလည်း အမျိုးသား ဟိုင်းဝေးလမ်းမတွေဖောက်လုပ်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။

အခြေခံ အဆောက်အအုံကဏ္ဍအတွင်း ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေဖို့ လုပ်ဆောင်ချက်တွေမှာဆိုရင် အခြေခံ အဆောက်အအုံဆိုင်ရာ ရံပုံငွေကြေး၊ အဆောက်အအုံ မြှုပ်နှံမှု ရံပုံငွေကြေး၊ အိမ်ခြံမြေ မြှုပ်နှံမှု ရံပုံငွေကြေးနှင့် အဲဒီကဏ္ဍအတွင်း အများပြည်သူနှင့် ပုဂ္ဂလိက ပင်မ ပူးပေါင်းဆောင်ရွက်မှုတွေလို ဘဏ္ဍာရေး အဖွဲ့အစည်းတွေ အစပျိုးဖွဲ့စည်းမှုတွေ ပါဝင်ကြပါတယ်။

အခြေခံ အဆောက်အအုံကဏ္ဍအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး မျှော်မှန်းချက်နှင့်အတူ နိုင်ငံတော် ရင်းနှီးမြှုပ်နှံရေးနှင့် အခြေခံ အဆောက်အအုံ ရံပုံငွေအဖွဲ့ကို နိုင်ငံအတွင်း ငွေကြေးအားဖြင့် ရရှိနိုင်တဲ့ စီမံကိန်းတွေအတွက် မြှုပ်နှံမှု အခွင့်အလမ်းတွေပေးအပ်ဖို့ ပျမ်းမျှအားဖြင့် ၄၀၀ ဘီလျံဒေါ်လာနှင့်အတူ ဖွဲ့စည်းခဲ့ပါတယ်။ ကနေဒါနိုင်ငံရဲ့ Ontario ပြည်နယ်အပြင် ဩစတြေးလျားနိုင်ငံရဲ့ အကြီးမားဆုံး အငြိမ်းစားလစာငွေကြေး အဖွဲ့တို့ဟာ NIIF ရံပုံငွေကြေးအဖွဲ့အစည်းနှင့်အတူ ၁ ဘီလျံဒေါ်လာအထိမြှုပ်နှံသွားဖို့ သဘောတူစာချုပ် အသီးသီးတို့ကို လတ်တလောကပဲ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ ရေရှည် မြှုပ်နှံမှု အားကောင်းစေဖို့အတွက် ၂၀၁၅ ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့ NIIF အဖွဲ့အစည်းဆိုင်ရာ တင်ပြအဆိုပြုချက်တွေဟာ အခြေခံအဆောက်အအုံပိုင်း ငွေကြေးစီးဆင်းမှု အားကောင်းစေဖို့ သိသိသာသာ အထောက်အကူပြုသွားမှာဖြစ်ပါတယ်။ ယခုနှစ် ဗဟိုအစိုးရ ဘတ်ဂျက်ပြန်တမ်းဟာ လာမယ့် ၅ နှစ်ကလတလျှောက် အခြေခံ အဆောက်အအုံကဏ္ဍမှာ ရူပီးငွေ ကုဋေ ၁၀ သန်း မြှုပ်နှံသွားဖို့ မျှော်မှန်းချက်နှင့်အတူ အဲဒီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြင်းအထန် တွန်းအားပြု မောင်းနှင်ပေးလိုက်တာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် G. Srinivasan ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”