အမေရိကန်ပြည်ထောင်စု-တာလီဘန် ဆွေးနွေးမှုများနှင့် အိန္ဒိယနိုင်ငံ၏ ရပ်တည်ချက်များ

သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ တောင်အာရှဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Smruti S Pattanaik ဝေဖန်ရေးသားပေးပို့ထားတဲ့ “အမေရိကန်ပြည်ထောင်စု-တာလီဘန် ဆွေးနွေးမှုများနှင့် အိန္ဒိယနိုင်ငံ၏ ရပ်တည်ချက်များ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ဒိုဟာမြို့တွင်ဖြစ်ပွားခဲ့သော အဋ္ဌမအကြိမ် အမေရိကန်-တာလီဘန် ဆွေးနွေးပွဲသည် အပြုသဘောဆောင်မှတ်ချက်အပေါ် အဆုံးသတ်ခဲ့ရာ ငြိမ်းချမ်းသော သဘောတူညီမှုကို ရရှိခဲ့ပြီး ၎င်းဖြင့် သဘောတူညီသော အချိန်ဘောင်အတွင်း အာဖကန်နစ္စတန်နိုင်ငံမှ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ ရုပ်သိမ်းရေးကို ခွင့်ပြုလိမ့်မယ်ဖြစ်ပါတယ်။ တာလီဘန်က Al Qaeda နှင့် ISIS အကြမ်းဖက်အုပ်စုများလို အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်အုပ်စုများကို နိုင်ငံတွင် ထားရှိခွင့်မပေးဟု သဘောတူခဲ့ပါတယ်။ ၎င်းတို့က အာဖကန်နစ္စတန်နိုင်ငံအစိုးရနှင့်လည်း ဆွေးနွေးမှုများပြုလုပ်ပြီး အာဏာခွဲဝေမှုစနစ်ကို ကျင့်သုံး အသုံးပြုပြီး ပြည်တွင်းစစ် ဖြစ်ပွားနေသောတိုင်းပြည်တွင် ငြိမ်းချမ်းရေးနှင့် တည်မြဲရေးကို စောင့်ထိန်းနိုင်လိမ့်မယ် ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ တာလီဘန်တို့ရဲ့ ဒိုဟာရုံးကို အမေရိကန်နိုင်ငံနှင့် ဆွေးနွေးမှုပြုလုပ်စေရန် ဖွင့်လှစ်ခဲ့ပါတယ်။ ယခင်က ဆွေးနွေးမှုများ မအောင်မြင်ခဲ့ပေ။ ၂၀၁၄ ခုနှစ်တွင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့တို့ အာဖကန်နစ္စတန်တွင် မိမိတို့ တိုက်ခိုက်ရေးမစ်ရှင်ကို အဆုံးသတ်ခဲ့ပြီး အာဖကန်နစ္စတန် စစ်တပ်အား တိုက်ခိုက်ရေးတာဝန် လွှဲပြောင်းပေးပြီး နှစ်ဖက်စလုံးအကြား ဆွေးနွေးမှုစတင်ရန် အခြေအနေ ဖန်တီးစေခဲ့ပါတယ်။ တာဘီလန်တို့က စုစုပေါင်းနယ်မြေရဲ့ ၅၀% ထိန်းချုပ်ခဲ့ရာ အာဖကန်နစ္စတန် စစ်တပ်က ၎င်းတို့အား မယှဉ်နိုင်ခဲ့ပေ။ တာလီဘန်တို့က စေ့စပ်ဆွေးနွေးမှုမပြုမချင်းနှင့် ၎င်းတို့အား အာဏာခွဲဝေမှု မပြုလုပ်မချင်း ဒေသအတွင်း ငြိမ်းချမ်းရေးကို မထားနိုင်ပြီး အမေရိကန်စစ်တပ်သို့ အဆုံးမသတ်နိုင်သောစစ်ပွဲကို ဆက်လက်ဆင်နွှဲလိမ့်မယ်လို့ သဘောပေါက်ခဲ့ပါတယ်။ အမေရိကန်သမ္မတ Mr. Trump က အာဖကန်နစ္စတန်နိုင်ငံမှ အမေရိကန်စစ်တပ်ကို ပြန်လည်ရုပ်သိမ်းဖို့ ကတိပေးခဲ့ရာ Mr. Zalmay Khalilzad ကို အမေရိကန် အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ပြီး အာဖကန်အစိုးရနှင့် တာလီဘန်တို့အကြား ဆွေးနွေးမှု စတင်စေခဲ့ပြီး အာဖကန်နစ္စတန်က အမေရိကန်ရဲ့ ချောမွေ့စွာ ထွက်ခွာမှုကို လွယ်ကူစေခဲ့ပါတယ်။

အာဖကန်နစ္စတန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဆင့်အများအပြား ရှိပါတယ်။ အမေရိကန်-တာလီဘန် တိုက်ရိုက်ဆွေးနွေးမှုအပြင် ဒေသတွင်းရှိ အခြားနိုင်ငံများကလည်း တာလီဘန်တို့နှင့် ဆက်စပ်နေကြပါတယ်။ အမေရိကန်-တာလီဘန် တိုက်ရိုက်ဆွေးနွေးမှုမစမီ တရုတ်နိုင်ငံက ပါကစ္စတန်၏ ပါဝင်မှုဖြင့် တာလီဘန်တို့နှင့် ဆွေးနွေးမှု အမြောက်အများ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အစပြုချက်အပြင် ပါကစ္စတန်၊ အာဖကန်နစ္စတန်နှင့် အမေရိကန် ၃ နိုင်ငံဆွေးနွေးပွဲ၊ အမေရိကန်၊ ရုရှားနှင့် တရုတ် ၃ နိုင်ငံ ဆွေးနွေးပွဲ၊ ဒီနှစ် ဇူလိုင်လက ပါကစ္စတန်အား အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ရန် ပထမဆုံးအကြိမ် ဖိတ်ခေါ်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါတယ်။ အာဖကန်နစ္စတန်အပေါ် ရုရှား၊ တရုတ်နှင့် အိန္ဒိယ ၃ နိုင်ငံဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဒေသဆိုင်ရာ အစပျိုးမှုနှင့် ဒိုဟာ ယန္တရားတို့အပြင် ‘အာရှဒေသ၏ နှလုံးသား’ အဖြစ် လူသိများသော အစ္စတန်ဘူ ဖြစ်စဉ်လည်း ပါဝင်ခဲ့ပါတယ်။ အာဖကန်နစ္စတန်နိုင်ငံတွင် မိမိတို့အနာဂတ်အရေးနှင့်သက်ဆိုင်သော နိုင်ငံများက အာဖကန်နစ္စတန်နိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်လိုကြပြီး ၎င်းမှ နိုင်ငံခြား တပ်ဖွဲ့များထွက်ခွာပြီး တာလီဘန်၏ ပြန်လည်ထူထောင်ရေးကို မြင်တွေ့လိုခဲ့ပါတယ်။

အမေရိကန်-တာလီဘန်ဆွေးနွေးမှုသည် သဘောတူညီချက်ဆီသို့ ဦးတည်နေသော်လည်း အာဖကန်နစ္စတန် အနာဂတ်နှင့် အစိုးရ၏ သဘာဝနှင့်သက်ဆိုင်သော စိုးရိမ်ပူပန်မှု အများအပြားရှိပါတယ်။ ဂျာမဏီနှင့် ကာတာနိုင်ငံတို့ ပူးတွဲကျင်းပပေးခဲ့ကြတဲ့ ဒိုဟာမြို့ ဆွေးနွေးပွဲတွင် အာဖကန်နစ္စတန်နိုင်ငံက နိုင်ငံရေးသမားများ၊ အမျိုးသမီးများအပါအဝင် အရပ်ဖက် လူ့ဘောင်အဖွဲ့အစည်းများနှင့် တာလီဘန်က အပြန်အလှန် ဆွေးနွေးမှု၌ ပါဝင်ခဲ့ပါတယ်။ တာလီဘန်တို့က စစ်သွေးကြွများအား ခိုလှုံခွင့်မပေးဟုပြောဆိုရင်း အရပ်သားများ သေဆုံးမှု လုံးဝမရှိရေးအချက်ကို ဦးစားပေးရန် ပြောဆိုခဲ့ပါတယ်။ သို့သော် ‘စစ်ပွဲ ဆက်လက်ဖြစ်ပွားလိမ့်မယ်’ လို့ တာလီဘန်အကြီးအကဲ ညှိနှိုင်းရေးသမား Sher Mohammad Abbas Stanikzai က ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသည် အာဖကန်နစ္စတန်နိုင်ငံအား ထောက်ပံ့ငွေပေးသူ ပဥ္စမမြောက်နိုင်ငံဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ဒေါ်လာငွေ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံထားပါတယ်။ အာဖကန်နစ္စတန်နိုင်ငံရဲ့ အနာဂတ်အတွက် အာဖကန်နစ္စတန်ဦးဆောင်ပြီး အာဖကန်နစ္စတန်နိုင်ငံ ပိုင်ဆိုင်သော ငြိမ်းချမ်းရေးအစီအစဉ်ထားရှိစေရန် အိန္ဒိယနိုင်ငံက အစကတည်းက အခိုင်အမာ ယုံကြည်ခဲ့ပါတယ်။

အမေရိကန်စစ်တပ်၏ အာဖကန်နစ္စတန်နိုင်ငံမှ တစိတ်တပိုင်း ဆုတ်ခွာမှုဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဒုတိယအဆင့်သို့ရောက်စေပြီး အချင်းချင်း အပြန်အလှန် အာဖကန်နစ္စတန် တွေ့ဆုံဆွေးနွေးရေးကို ဖြစ်ပွားစေခဲ့ပါတယ်။ သို့သော် တာလီဘန်တို့ရဲ့ အာဖကန်နစ္စတန်အစိုးရနှင့် ဆွေးနွေးမှုဟာ မသေမချာ မရေမရာဘက်သို့ ဦးတည်ခဲ့ကြောင်း… စသဖြင့် ဆောင်းပါးရှင် Dr. Smruti S Pattanaik ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”