“အိန္ဒိယ-UAE ဆက်ဆံရေးများ အဆင့်မြှင့်သစ်နှင့် ထိတွေ့နေခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အနောက်အာရှဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင် Dr. Fazzur Rahman Siddiqui ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-UAE ဆက်ဆံရေးများ အဆင့်မြှင့်သစ်နှင့် ထိတွေ့နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
လွန်ခဲ့တဲ့ငါးနှစ်မျှသောကာလအတွင်း UAE အာရပ်စော်ဘွားများနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ငါးကြိမ်တိုင်တိုင်ဆက်တိုက် အိန္ဒိယနိုင်ငံကို လာရောက်ခဲ့ဒါက နှစ်နိုင်ငံတို့အကြား ဆက်ဆံရေးအပေါ် ခံစားနေကြဒါတွေကို ဒီထက်ပိုပြီး ထင်ရှားတဲ့ သို့မဟုတ် နက်ရှိုင်းတဲ့လက္ခဏာတွေမရှိနိုင်ပါဘူး။ UAE နိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr Abdullah bin Zayed Al Nahyan ရဲ့ လွန်ခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးစဉ်ဟာ လွန်ခဲ့တဲ့ (၅) နှစ်အတွင်း ပဥ္စမမြောက်ဆက်တိုက်လာရောက်ခဲ့ဒါဖြစ်ပြီး၊ လက်ရှိဆက်ဆံရေးအဆင့်ကို ထပ်လောင်းပြီး နက်ရှိုင်းစေကာ၊ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးဆက်နွယ်မှုတွေအား အဆင့်မြင့်သစ်တခုဆီသို့ သယ်ဆောင်ဘို့ရာ အခြေအနေတွေ ဖန်တီးလိုက်တာဘဲဖြစ်တယ်ဆိုဒါကို သံသယဖြစ်စရာမလိုပါဘူး။
ယခုလိုအခြေအနေတွေဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဝန်ကြီးချုပ် Mr Modi ဟာ ပင်လယ်ကွေ့နိုင်ငံတွေဆီသို့ ပထမဦးဆုံးခရီးစဉ်အဖြစ် UAE နိုင်ငံသို့ နှစ်ပေါင်း (၃၄) နှစ်ကြာပြီးတဲ့နောက် အိန္ဒိယဝန်ကြီးချုပ်တဦးအဖြစ် ရောက်ရှိခဲ့ရာမှ စတင်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ နှစ်နိုင်ငံတို့ဟာ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်ရေးခေတ်ကာလထဲ ဝင်ရောက်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ လက်ရှိအလည်အပတ်ခရီးစဉ်ကလည်း လက်ရှိဆက်ဆံရေးရဲ့အမည်တံဆိပ်ကို အမျိုးမျိုးကွဲပြားခြားနားစေရာမှာ အထောက်အကူပြုလိမ့်မယ်ဖြစ်ပါတယ်။
UAE နိုင်ငံခြားရေးဝန်ကြီးဟာ အဆင့်မြင့်ရောင်းဝယ်ဖေါက်ကားရေးကိုယ်စားလှယ်အဖွဲ့တဖွဲ့နဲ့အတူ ရောက်ရှိလာခဲ့ဒါဖြစ်ပြီး၊ ကြီးထွာလာနေတဲ့ စီးပွားရေးစေ့စပ်ဆက်နွယ်မှုတွေကို ညွှန်ပြနေကာ ယနေ့ခေတ်အခါမှာ အိန္ဒိယနိုင်ငံဟာ UAE နိုင်ငံရဲ့ တတိယအကြီးမားဆုံး ကုန်သွယ်ရေးဖက်စပ်လုပ်ကိုင်သူနိုင်ငံဖြစ်ပြိး GCC အဖွဲ့ဝင် နိုင်ငံတွေထံမှ စတုတ္ထအကြီးမားဆုံး စွမ်းအင်မှာယူတင်သွင်းတဲ့ နိုင်ငံဖြစ်ပါတယ်။ UAE နိုင်ငံဟာ အင်အားကြီးမားတဲ့ အဝေးရောက် အိန္ဒိယနိုင်ငံသား (၃.၃) သန်းမျှကို လက်ခံထားတဲ့နိုင်ငံဖြစ်ဒါကို ဖေါ်ပြသလို၊ အိန္ဒိယနိုင်ငံသားတွေဟာ UAE နိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လုပ်ကိုင်နေကြပါတယ်။
အိန္ဒိယနိုင်ငံမှာ (၃) ရက်ကြာ နေထိုင်တဲ့အခါ Mr Abdullah bin Zayed Al Nahyan ဟာ သံတမန်မှ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ Dr. Jaishankar နဲ့တွေ့ဆုံခဲ့ပြီး၊ ခေါင်းဆောင်နှစ်ဦးတို့ဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှု၊ ကာကွယ်ရေးနဲ့ လုံခြုံရေး၊ စွမ်းအင်ဖူလုံရေးနဲ့ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးအပြင် ပြည်သူတို့အချင်းချင်း ထိတွေ့ဆက်ဆံရေး စတဲ့နှစ်နိုင်ငံအပြန်အလှန်အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ UAE နိုင်ငံခြားရေးဝန်ကြီးက Dr. Jaishankar အား Syria ၊ Lebanon နဲ့ Yeman နိုင်ငံတို့အတွင်းက နိုင်ငံရေးဖွံ့ဖြိုးမှုတွေကို ရှင်းလင်းဖေါ်ပြခဲ့ပြီး၊ လက်ရှိကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးနဲ့ နည်းဗျူဟာဆိုင်ရာ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တိုက်ဖျက်ရေးဟာ အိန္ဒိယ-UAE အပြန်အလှန်ဆက်ဆံရေးတွေအတွက် အဓိကခြိမ်းခြောက်မှုဖြစ်ခဲ့ပြီး၊ ၎င်းတို့ဟာ တခါပြန်ပြီး၊ အကြမ်းဖက်ဝါဒနဲ့ အန္တရာယ်ကို နည်းလမ်းအသွင်အပြင်အားလုံးတို့ဖြင့် တိုက်ခိုက်ဘို့လိုအပ်ဒါကို ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။
အလည်ပတ်ရောက်ရှိနေခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ခရီးစဉ်နောက်ဆုံးပိုင်းမှာ ဒုတိယအကြိမ် အာဏာရရှိလာတဲ့ဝန်ကြီးချုပ် Mr Narendra Modi နဲ့ တွေ့ဆုံခဲ့ပြီး၊ ခေါင်းဆောင်နှစ်ဦးစလုံးတို့က မိမိတို့ရဲ့ဆက်ဆံရေးကို အဆင့်သစ်ဆီသို့ သယ်ဆောင်ရေးခံယူချက်အား ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။ ယခုတွေ့ဆုံပွဲမှာ နှစ်ဖက်စလုံးတို့ဟာ နှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေနဲ့ အဲဒီပူးပေါင်းဆောင်ရွက်မှုတွေအား တခြားနယ်ပယ်တွေမှာလည်း ထပ်လောင်းအားဖြည့်ပေးပြီး၊ သက်ဆိုင်ရာနိုင်ငံတွေရဲ့ မျှော်မှန်းချက်တွေကိုရရှိအောင်မြင်အောင် ပြုလုပ်ဘို့ ဆွေးနွေးခဲ့ကြပါတယ်။ Mr Abdullah bin Zayed Al Nahyan က လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လမှာလည်း New Delhi မြို့မှာ ရေနံထွက်ပစ္စည်းနဲ့ သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနက ကြီးမှူးကျင်းပခဲ့တဲ့ ပူးတွဲအလုပ်ခွင်ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် Mr Modi နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဒီအရင် UAE နိုင်ငံခြားရေးဝန်ကြီးက ၂၀၁၆ ခုနဲ့ ၂၀၁၇ ခုနှစ်များလည်း New Delhi မြို့ကို အိမ်ရှေ့မင်းသား Sheikh Mohamed bin Zayed Al Nahyan နဲ့အတူ လာရောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အိန္ဒိယနဲ့ UAE နိုင်ငံတို့ရဲ့ဆက်ဆံရေးဟာ အထူးသဖြင့် များမကြာမှီသောနှစ်များမှာ တည်တံ့တဲ့အရှိန်တခုရရှိခဲ့ပြီး The Organization of Islamic Cooperation ဥက္ကဌက အိန္ဒိယနိုင်ငံအား လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လအတွင်းကျင်းပခဲ့တဲ့ ၄၆ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ခဲ့တဲ့အထိ တိုးတက်ခိုင်မာလာခဲ့ပါတယ်။

ယခုအလည်အပတ်ခရီးစဉ်ဟာ အထွေထွေအားဖြင့် အာရပ်ကမ္ဘာ၊ အထူးသဖြင့် ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ထိရောက်တဲ့စေ့စပ်ဆက်နွယ်မှုတွေအား တိုးတက်စေခဲ့ပြီး ဝန်ကြီးချုပ် Mr Modi ဟာ မကြာသေးမှီက ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ပျိုးထောင်ခဲ့တဲ့ဆက်ဆံရေးတွေကို ဆက်လက်ပြီး ပိုမိုမြင့်မားတဲ့အဆင့်တခုဆီသို့ ယူဆောင်သွားဘို့ ကြိုးပမ်းလိမ့်မယ်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ တိုးချဲ့ထားတဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက် ရှေ့ရှုထားတဲ့ အလွန်ကောင်းမွန်တဲ့ပေါ်လစီတွေရှိနေပြီး၊ ဒေသပိုင်းအတွက် မိမိတို့ရဲ့စီးပွားရေးနဲ့ နည်းဗျူဟာကျ အကျိုးအမြတ်ပေါ်ထွန်းရေးအတွက် ထိရောက်တဲ့နည်းလမ်းတွေ ရေးဆွဲထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ယခု UAE နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်ဟာ ဝန်ကြီးချုပ် Mr Modi ရဲ့ ပထမဝန်ကြီးချုပ်သက်တမ်းမှာ ရေးဆွဲချမှတ်ခဲ့တဲ့ ခိုင်မာလှသော ဆက်ဆံရေးအခြေအမြစ်ဟာ အနာဂါတ်မှာလည်း ပြောင်းလဲမှုမရှိ ပကတိအတိုင်း ခိုင်မြဲစွာ တည်ရှိနေမယ်ဆိုဒါကို သတင်းပါးလိုက်တာဘဲဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Fazzur Rahman Siddiqui ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment