သီရိလင်္ကာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ပထမဆုံးသော စံပြကျေးရွာ အဆောက်အအုံကို ဖွင့်လှစ်လိုက်ခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA ဌာနမှ သုတေသီ ဆောင်းပါးရှင် Dr. Gulbin Sultana ဝေဖန်ရေးသားပေးပို့ထားတဲ့ “သီရိလင်္ကာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ပထမဆုံးသော စံပြကျေးရွာ အဆောက်အအုံကို ဖွင့်လှစ်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
သီရိလင်္ကာနိုင်ငံအစိုးရ အိမ်ယာဆောက်လုပ်ရေးနှင့် ယဉ်ကျေးမှုရေးရာ ဝန်ကြီးဌာနရဲ့ စံပြကျေးရွာ အစီအစဉ်အောက်မှာ သီရိလင်္ကာနိုင်ငံ၊ Gampaha ခရိုင်အတွင်း အိန္ဒိယနိုင်ငံရဲ့ ပံ့ပိုးကူညီမှုနှင့် ဆောက်လုပ်ခဲ့တည့် ပထမဆုံးသော စံပြကျေးရွာကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး အဲဒီအခမ်းအနားမှာ နိုင်ငံရေးသမား အများအပြားတို့နှင့်အတူ အိမ်ယာတည်ဆောက်ရေးနှင့် ယဉ်ကျေးမှုရေးရာဝန်ကြီး Sajith Premadasa၊ သမ္မတဟောင်း Chandrika Bandaranaike Kumaratunga နှင့် အိန္ဒိယနိုင်ငံရဲ့ ယာယီသံအမတ် Dr. Shilpak Ambule တို့ တက်ရောက်ခဲ့ကြသလို ပြီးစီးထားတဲ့ အိမ်ယာတွေကို ဖွင့်ပွဲရဲ့ အထူးအထိမ်းအမှတ် အခမ်းအနား ၁ ခုမှာ အကျိုးခံစားခွင့် ရရှိကြသူတွေကို လွှဲအပ်ပေးခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံသုံး ရူပီးငွေ သန်း ၁၂၀၀ ပမာဏရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ အာမခံ ကူညီထောက်ပံ့မှုအောက်မှာ သီရိလင်္ကာနိုင်ငံတဝှမ်း စုစုပေါင်း အိမ်အလုံးရေ ၂၄၀၀ ပါဝင်တဲ့ စံပြကျေးရွာ ၁၀၀ တည်ဆောက်ဖို့အတွက် အိန္ဒိယနိုင်ငံအစိုးရဟာ သီရိလင်္ကာနိုင်ငံရဲ့ အိမ်ယာတည်ဆောက်ရေးနှင့် ယဉ်ကျေးမှုရေးရာ ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ဒီကတိပြုချက်ရဲ့ တစိတ်တပိုင်းအဖြစ် အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့ဟာ သီရိလင်္ကာနိုင်ငံသုံး ရူပီးငွေ သန်း ၆၀၀ ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ ထောက်ပံ့ငွေကြေးတွေသုံးပြီး Gram Shakthi အိမ်ယာဆောက်လုပ်ရေး စီမံကိန်းအောက်မှာ သီရိလင်္ကာနိုင်ငံရဲ့ တောင်ပိုင်းပြည်နယ်ဒေသအတွင်း အိမ်အလုံးရေ ၆၀၀ နှင့် ခရိုင် ၂၅ ခုတို့အတွင်း စံပြကျေးရွာ အိမ်ယာတည်ဆောက်ရေး စီမံကိန်းအောက်မှာ အိမ်အလုံးပေါင်း ၆၀၀ တို့ တည်ဆောက်ဖို့အတွက် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှာ နားလည်မှု စာချွန်လွှာ ၂ ခုတို့ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဝင်ငွေနည်းပါးသူတွေ၊ မြေယာမဲ့သူတွေနှင့် အိုးအိမ်မဲ့သူတွေအတွက် သီရိလင်္ကာနိုင်ငံငွေ ၅ သိန်းတို့ကို ငွေသားအဖြစ် ၅ ကြိမ်ခွဲပြီး ပေးအပ်ခဲ့ပါတယ်။ အဲဒီစီမံကိန်းတွေဟာ သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့မှာ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေအတွက် အိမ်အလုံးရေ ၅ သောင်းတည်ဆောက်ဖို့နှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွင်း ခံစားခွင့်ရှိသူတွေအတွက် အိမ်အလုံးရေ ၁ သောင်းတည်ဆောက်ပေးဖို့ အိန္ဒိယနိုင်ငံအစိုးရရဲ့ နောက်ထပ် ကတိပြုချက်တွေ ဖြစ်ကြပြီး အဲဒီနားလည်မှု စာချွန်လွှာတွေကိုတော့ ၂၀၁၀ ခုနှစ်၊ ဇွန်လနှင့် ၂၀၁၇ ခုနှစ်၊ မေလအတွင်းတို့မှာ အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အစိုးရ ၂ ရပ်တို့ဟာ အိန္ဒိယနိုင်ငံရဲ့ သန်း ၃၀၀ ငွေကြေးကူညီမှုအောက်မှာ Anuradhapura ဒေသရှိ Sobitha Thero ကျေးရွာမှာ အတွင်းပိုင်း ရေ ပံ့ပိုးသွယ်တန်းရေးစနစ်၊ ဘုန်းကြီးကျောင်းတွေ မွမ်းမံပြင်ဆင်ရေးနှင့် စာကြည့်တိုက်တို့ပါဝင်ပြီး ဘက်စုံအသုံးပြုနိုင်ငံ ရပ်ကွက် အဆောက်အဦးနှင့် အခမဲ့ နေထိုင်နိုင်တဲ့ ခန်းမငယ်လေးတွေနှင့်အတူ အိမ်အလုံး ၁၅၃ လုံးတည်ဆောက်သွားဖို့အတွက်လည်း ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှာ စာချွန်လွှာ ၁ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ယခုလို ပံ့ပိုးကူညီမှုဟာ အိန္ဒိယနိုင်ငံက အခြားနိုင်ငံများသို့ ကူညီထောက်ပံ့ခဲ့တဲ့အရာတွေအနက် ပမာဏ အများဆုံးဖြစ်တယ်လို့ သိရှိရပါတယ်။
အိန္ဒိယနိုင်ငံဟာ ကျန်းမာရေး၊ ပညာရေး၊ စွမ်းရည် ဖွံ့ဖြိုးရေး၊ အခြေခံ အဆောက်အအုံနှင့် အသက်မွေးဝမ်းကြောင်း လေ့ကျင့်သင်တန်းကဏ္ဍတွေမှ စီမံကိန်းတွေအပြင် လက်ရှိ အိမ်ယာဆောက်လုပ်ရေး စီမံကိန်းတွေအပါအဝင် ပြည်သူလူထုအခြေပြု ဖွံ့ဖြိုးရေး စီမံကိန်း ၇၀ ကျော်တို့ကို ဆောက်ရွက်လုပ်ကိုင်ခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံအတွင်း အိန္ဒိယအစိုးရရဲ့ စုစုပေါင်း ဖွံ့ဖြိုးရေးအကူအညီဟာ အမေရိကန်ဒေါ်လာ ၃ ဘီလျံနီးပါးရှိပြီး အဲဒီပမာဏအနက် သန်း ၅၆၀ တို့ဟာ ထောက်ပံ့ငွေကြေးတွေ ဖြစ်ပါတယ်။
အဲဒီလို အိန္ဒိယနိုင်ငံက ကူညီပံ့ပိုးထားတဲ့ စီမံကိန်းတွေနှင့်ပတ်သက်ပြီး ဒါတွေဟာ သီရိလင်္ကာနိုင်ငံရဲ့ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့မှ Tamil လူမျိုးစုတွေအတွက် အကျိုးဖြစ်ထွန်း တိုးတက်စေဖို့သာဖြစ်တယ်ဆိုပြီး ကာလအားဖြင့် ကြာမြင့်နေပြီဖြစ်တဲ့ လွဲမှားယူဆချက် ရှိနေခဲ့ပါတယ်။ စစ်ပွဲပြီးလျှင်ပြီးချင်း အိန္ဒိယအစိုးရဟာ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ဒေသတွေအတွက် သက်သာလျော့ပါးရေး၊ ဘဝပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး အစီအစဉ်တွေအတွက် သီရိလင်္ကာအစိုးရကို အကူအညီပေးအပ်ဖို့ ကတိပြုခဲ့ပါတယ်။ ရလဒ်အားဖြင့် အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းများစွာတို့ဟာ သီရိလင်္ကာနိုင်ငံရဲ့ မြောက်ပိုင်းနှင့် အရှေ့ပိုင်း ပြည်နယ်တွေအတွင်း အာရုံပြုခဲ့တယ်ဆိုပေမယ့် အဲဒီပြည်နယ် ၂ ခုတည်းအတွက်သာ ကန့်သတ်လုပ်ဆောင်ခဲ့တာ မဟုတ်ခဲ့သလို အိန္ဒိယနိုင်ငံဟာ သီရိလင်္ကာနိုင်ငံ အာဏာပိုင်တွေရဲ့ လိုအပ်ချက်နှင့် မေတ္တာရပ်ခံတွေအရသာလျှင် ဖွံ့ဖြိုးရေးအကူအညီတွေ ဆက်လက်ပေးအပ်နေတာဖြစ်ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ အကူအညီအောက်မှာ ကျွန်းနိုင်ငံ ၁ ခုလုံးအတိုင်းအတာနှင့် အရေးပေါ် လူနာတင်ယာဉ် အခမဲ့ ဝန်ဆောက်မှုပေးခဲ့တာကို အထူးဖော်ပြဖို့ လိုအပ်ပါတယ်။ ဒီဝန်ဆောင်မှုအာ အစကနဦးမှာ တောင်ပိုင်းနှင့် အနောက်ပိုင်း ပြည်နယ်တွေမှာသာ ဖော်ဆောင်ခဲ့တယ်ဆိုပေမယ့် အောင်မြင်မှုရလာတဲ့နောက်ပိုင်းမှာတော့ သီရိလင်္ကာအစိုးရဟာ တနိုင်ငံလုံးအတိုင်းအတာနှင့် တိုးချဲ့ဝန်ဆောင်ပေးဖို့ အိန္ဒိယနိုင်ငံကို မေတ္တာရပ်ခံခဲ့ပြီး ဒါကို အိန္ဒိယအစိုးရကလည်း မဆိုင်းမတွ လက်ခံခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ သီရိလင်္ကာနိုင်ငံရဲ့ မီးရထားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံဝန်းကျင်ခန့်ကို ချေးမငွေအဖြစ်ပေးဖို့လည်း ကတိပြုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ စီမံကိန်းတွေဟာ အချိန်မီ ဆောင်ရွက်ပေးဖို့ မစွမ်းနိုင်ဖြစ်တာကြောင့် မကြာခဏဆိုသလို ဝေဖန်ပြောဆိုမှု ခံနေကြရပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ဆိုရင် အိန္ဒိယနိုင်ငံ ကူညီပံ့ပိုးထားတဲ့ စီမံကိန်းတွေဟာ အသေးစား ဖွံ့ဖြိုးရေး စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ သီရိလင်္ကာအစိုးရနှင့် လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ ၁ ခုကနေ ခွင့်ပြုထားတာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းဘောင်ကတဆင့် စုစုပေါင်း ပျမ်းမျှအကောင်အထည်ဖော် လုပ်ဆောင်မှု လုပ်ငန်းစဉ်တွေကို ပိုမို ရှင်းလင်းစေတာဖြစ်ပါတယ်။ အိန္ဒိယအစိုးရရဲ့ အကူအညီနှင့်လုပ်ဆောင်နေတဲ့ စီမံကိန်း အများအပြားတို့ဟာ ယခုအခါမှာတော့ အစီအစဉ် ဆွဲထားပြီးဖြစ်ကာ တချို့ကလည်း စတင်စီစဉ်လုပ်ဆောင်ဖို့ ရှိနေကြပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Gulbin Sultana ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment