လူထုအခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေမည့် ဘတ်ဂျက်ပြန်တမ်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ New Indian Express သတင်းစာမှ ဝါရင့် အထူးသတင်းစာဆရာ ဆောင်းပါးရှင် Manish Anand ဝေဖန်ရေးသားပေးပို့ထားတဲ့ “လူထုအခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေမည့် ဘတ်ဂျက်ပြန်တမ်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
၅ နှစ်ကာလအတွင်း ဒေါ်လာပေါင်း ၅ ထရီလျံရှိတဲ့ စီးပွားရေးကဏ္ဍဖြစ်ပေါ်ရေး အထောက်အကူဖြစ်စေဖို့ရည်စူးထားတဲ့ ဘတ်ဂျက်ပြန်တမ်းဟာ လူထုအခြေခံ အဆောက်အအုံကဏ္ဍနှင့်ပတ်သက်ပြီး သိသိသာသာ ငွေကြေးတိုးမြှင့်ထားပါတယ်။ အခြေခံ အဆောက်အအုံကဏ္ဍမှာ လာမယ့် ၅ နှစ်အတွင်း ရူပီးငွေ ကုဋေပေါင်း သိန်း ၁၀၀ ရင်းနှီးမြှုပ်နှံဖို့ ကတိပြုချက်ကို ထပ်မံဖော်ပြထားတဲ့ အဲဒီဘတ်ဂျက်ပြန်တမ်းဟာ စီးပွားရေး ဒေါ်လာ ၅ ထရီလျံရှိစေမယ့် အကြောင်းတရားဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ၊ ဓာတ်ငွေ့၊ ရေနှင့် လေဆိပ်တည်ဆောက်မှုတွေ အားပေးထားတဲ့ ဘတ်ဂျက်ပြန်တမ်းဟာ စီးပွားရေးကဏ္ဍကို အရည်အသွေးကောင်းမွန်တဲ့ အသွင်ပြောင်းလဲမှု ပေါ်ပေါက်စေမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ ပထမဆုံး ဝန်ကြီးဌာန လက်ကိုင်ထားသူ အမျိုးသမီး ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitharaman တင်သွင်းခဲ့တဲ့ ပထမဆုံးသော ဘတ်ဂျက်ဟာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်ဖို့ ဖော်ပြထားပါတယ်။ Mr. Narendra Modi ဦးဆောင်တဲ့ ဗဟိုအစိုးရရဲ့ ပထမ သက်တမ်းကာလမှာ အခြေခံ အဆောက်အအုံကဏ္ဍကို ထိပ်ဆုံးဦးစားပေးချက်နေရာမှာ ထားရှိခဲ့ပါတယ်။ လမ်းမတွေ၊ ဆိပ်ကမ်းတွေနှင့် မီးရထားလမ်းတွေဟာ ဒီကဏ္ဍအတွင်း တိုးချဲ့လုပ်ဆောင်မှု အထောက်အထားတွေဖြစ်တဲ့အပြင် အစိုးရဟာ ဒီကဏ္ဍရဲ့ အလုံအလောက်မရှိဘဲ အကျပ်အတည်းဖြစ်နေမှုကို အာရုံပြုခဲ့ပါတယ်။ ယခုအခါမှာတော့ အခြေခံ အဆောက်အအုံ အနေအထားဟာ အစိုးရကို တောင့်တင်းခိုင်မာတဲ့ အခြေအနေကို ပြန်လည်ထားရှိပေးခဲ့ပြီဖြစ်ပါတယ်။
ဘတ်ဂျက်ဟာ ၂၀၁၈ ခုနှစ်နှင့် ၂၀၃၀ ခုနှစ်တို့အကြား မီးရထားကဏ္ဍအတွင်း ကုဋေ ၅ သန်း မြှုပ်နှံသွားဖို့လျာထားပြီး မီးရထားကဏ္ဍအနေနှင့် နိုင်ငံတော်ရဲ့ ပို့ဆောင်ဆက်သွယ်မှုသာမက အိန္ဒိယနိုင်ငံရဲ့ အသက်သွေးကျောလည်းဖြစ်တာကြောင့် ဒီရည်စူးချက်ကို ချီးကျူးရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အတိတ်ကာလမှာလည်း မီးရထားကဏ္ဍ လမ်းပန်းဆက်သွယ်ရေးပမာဏအတွင်း ရင်းနှီးမြှုပ်နှံမှု နည်းပါးခဲ့ပါတယ်။ နောက်ဆက်တွဲအကျိုးဆက်အနေနှင့် ကုန်စည်နှင့် ခရီးသည်တွေဟာ ကုန်းလမ်းသယ်ယူပို့ဆောင်မှုဆီကို အများအပြား ပြောင်းရွှေ့ခဲ့ကြပါတယ်။ ကုန်ကျစရိတ် သက်သာပြီး သဘာဝဝန်းကျင်နှင့် သဟဇာတကျတဲ့ မီးရထားဖြင့် ပို့ဆောင်သယ်ယူ ခရီးသွားလာမှုဟာ မြှုပ်နှံမှုပမာဏတိုးမြှင့်ဖို့ အရေးတကြီးဖြစ်နေပါတယ်။ ဒါကြောင့် ယခုလို အလျင်အမြန်အားဖြင့် မြို့ပြဆန်လာတဲ့အခြေအနေကိုရင်ဆိုင်ရာမှာ Delhi-Meerut ဒေသပိုင်း သယ်ယူပို့ဆောင်မှုစနစ် လမ်းကြောင်းတွေမှာ မြို့ပြတွေမှာလို မီးရထား ဆက်သွယ်မှုကွန်ယက်တွေအပေါ် ဘတ်ဂျက်ပြန်တမ်းက အချိန်ကိုက် အာရုံပြုထားတာဖြစ်ပါတယ်။ အဲဒီလို လက်ရှိပြေးဆွဲနေတဲ့ ၆၅၇ ကီလိုမီတာရှည်လျားတဲ့ မက်ထရိုရထားဟာ မြို့ပြနေ ပြည်သူလူထုတွေကို ၎င်းတို့ရဲ့ အလုပ်နေရာများသို့ လွယ်ကူသက်သာစွာ သွားရောက်နိုင်ရေးအတွက် ကျေနပ်ဖွယ်ရာ အစစ်အမှန်ပဲဖြစ်ပါတယ်။
မီးရထားဘူတာရုံတွေ အမြန်ဆုံး ခေတ်မီဖွံ့ဖြိုးတိုးတက်စေဖို့ကိုလည်း ဘတ်ဂျက်မှာဖော်ပြထားပြီး အစိုးရဟာ အခြေခံအဆောက်အအုံကဏ္ဍအတွက် ရူပီးငွေ ကုဋေ ၁၀ သန်းဖြည့်ဆည်းဖို့ အခွင့်အလမ်းအားလုံး ရှာဖွေသွားမှာဖြစ်တဲ့အပြင် ငွေကြေးအာမခံ တိုးတက်လာရေးဆိုင်ရာ ကော်ပိုရေးရှင်း ဖွဲ့စည်းဖို့အစီအစဉ်ကလည်း မှန်ကန်တဲ့လုပ်ဆောင်ချက်ပင် ဖြစ်ပါတယ်။
ဘတ်ဂျက်ပြန်တမ်းဟာ စက်မှုလုပ်ငန်း စင်္ကြံလမ်းမများ၊ Bharatmala၊ Sagarmala၊ Jal Marg Vikas နှင့် UDAN တို့လို စီမံကိန်းတွေအောက်မှာလုပ်ဆောင်နေတဲ့ ပရောဂျက်တွေ ပြီးစီးရေးအတွက် အမြင့်ဆုံးဦးစားပေးထားသလို လမ်းတွေ၊ ရေကြောင်းလမ်းတွေ၊ မီးရထားလမ်းတွေ၊ လျှပ်စစ်ဓာတ်အားနှင့် လေကြောင်းပျံသန်းမှုတွေအတွက် ရံပုံငွေကြေး ပေးအပ်ထားပါတယ်။ Varanasi ကနေ Haldia ရေကြောင်းလမ်းဟာ ကုန်စည်တွေကို ကုန်ကျစရိတ် ဈေးနှုန်းသက်သာစွာနှင့် သယ်ယူပို့ဆောင်နိုင်ဖို့ အိန္ဒိယနိုင်ငံရဲ့ မြစ်ကြောင်း ပေါများမှုစွမ်းရည်ကို ပြသလျှက်ရှိပါတယ်။ ဆိပ်ကမ်းသစ်တွေ တည်ဆောက်ရေးနှင့် မြို့နယ်တွေမှာ ရှိထားပြီးဆိပ်ကမ်းဟောင်းတွေရဲ့ စွမ်းရည်တိုးမြှင့်မှုတို့ဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ အိန္ဒိယနိုင်ငံ မျှဝေပါဝင်နေမှုတိုးတက်ရေးကြိုးပမ်းဖို့အတွက် Sagarmala စီမံကိန်းကို ဗဟိုချက်မအရာ ဖြစ်စေလျှက်ရှိပြီး ပြည်ပတင်ပို့မှုကဏ္ဍဟာ အလုပ်အကိုင် ဖော်ထုတ်ပေးမယ့် ရင်းမြစ် ဧကန်ပဲဖြစ်ပါတယ်။
ဘတ်ဂျက်ဟာ လေယာဉ်ပျံတွေ ပြုပြင်ထိန်းသိမ်းရေး၊ ပြင်ဆင်ရေးနှင့် စစ်ဆေးရေးစွမ်းရည် တိုးမြှင့်ပြီး အိန္ဒိယနိုင်ငံကို လေကြောင်းပျံသန်းမှု ဗဟိုချက်မရပ်ဝန်ကြီးဖြစ်စေဖို့ မူဝါဒ လမ်းညွှန်ချက် ပေးထားပါတယ်။ Bharatmala အပိုင်း ၂ စီမံကိန်းဟာ နိုင်ငံတဝှမ်း လမ်းပန်း ဆက်သွယ်မှုကွန်ယက် စုစုပေါင်း ကီလိုမီတာ ၄၈၀၀၀ ဖော်လုပ်မှုကို အခွင့်ပေးထားပြီး အဲဒီ စီမံကိန်းတွေအကောင်အထည်ဖော်ဖို့အတွက် မြေယာဝယ်ယူဖို့ ပြည်နယ်အစိုးရတွေကို အားပေးထောက်ပံ့ထားတာကြောင့် လယ်ယာမြေဝယ်ယူမှုကို ပိုမိုသွက်လက်စေမှာ ဖြစ်ပါတယ်။ Pradhan Mantri Sadak Yojna စီမံကိန်းဟာ နိုင်ငံတော်ရဲ့ ကျေးလက်ဒေသတွေကို အချက်အချာကျတဲ့ မြို့ပြဒေသတွေနှင့် ပိုမိုနီးကပ်စေခဲ့တာကြောင့် ဘတ်ဂျက်ပြန်တမ်းဟာ တောင်သူလယ်သမားတွေကို လမ်းပန်းဆက်သွယ်ရေးကွန်ယက်ရဲ့ အကျိုးကျေးဇူးတွေ ရရှိစေဖို့အတွက် ကျေးလက်ဒေသ လမ်းမတွေအပေါ် ထက်မံအာရုံပြုထားပါတယ်။ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဟာ စီးပွားရေးကဏ္ဍအတွက် တိုးတက်ကြီးပွားရေး တွန်းအားတစ်ရပ်ပင် ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ ရူပီးငွေ ကုဋေ ၂ သန်းနှင့် အခြေခံ အဆောက်အအုံကဏ္ဍတွေမှာ အသုံးပြုဖို့ဖော်ပြထားတဲ့ ယခုဘတ်ဂျက်ပြန်တမ်းဟာ စီးပွားရေးကဏ္ဍကို အများအပြား တိုးတက်ကောင်းမွန်စေဖို့ နိမိတ်ပြလျှက်ရှိပါတယ်… စသဖြင့် ဆောင်းပါးရှင် Manish Anand ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment