ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ
သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Yogesh Sood ဝေဖန်ရေးသားပေးပို့ထားတဲ့ “ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
၁၇ ကြိမ်မြောက် ပါလီမန်အောက်လွှတ်တော်၏ ပထမဆုံးအစည်းအဝေးတွင် Jammu နှင့် Kashmir ပြည်နယ်၊ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဒေသနေပြည်သူများအား အစိုးရ လုပ်ငန်းများနှင့် ပညာရေးဌာနများ၌ သီးသန့်ခွဲဝေထားရှိမှု ၃% ပေးသောမူကြမ်းအပါအဝင် မူကြမ်းအများတို့ကို အတည်ပြုခဲ့ပါတယ်။ Jammu နှင့် Kashmir ပြည်နယ်၌ သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုကို ၆ လ ဆက်တက်တိုးချဲ့စေရန် ပါလီမန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ၂ ခုစလုံးတို့က ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ဆိုင်ရာ Jammu နှင့် Kashmir ပြည်နယ်၊ သီးသန့်ခွဲဝေထားရှိမှုများ အက်ဥပဒေပြင်ဆင်ရန် မူကြမ်းအပေါ် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ အဆိုပါ ကိစ္စရပ် ၂ ခုစလုံးကို အောက်လွှတ်တော်က အစောပိုင်းမှာ ရှင်းလင်းအတည်ပြုခဲ့၍ နောက်ပိုင်းတွင် အထက်လွှတ်တော်၌ ဆွေးနွေးခဲ့ကြပါတယ်။ Jammu နှင့် Kashmir ပြည်နယ်၊ သီးသန့်ခွဲဝေထားရှိမှု ဥပဒေဟာ နယ်စပ်ဒေသနေသူများ အစိုးရအလုပ်အကိုင်များနှင့် ပညာရေးဌာနများတွင် ၃% ခွဲတမ်း ရရှိခဲ့ပါတယ်။ ယခုအစိုးရက ထပ်ပြီး ၄% တိုးဖို့ စဉ်းစားနေကြောင်း ဗဟိုပြည်ထဲရေးဝန်ကြီး Mr. Amit Shah က အဆိုပါဆွေးနွေးမှု၌ ပါဝင်ပြောဆိုခဲ့ပါတယ်။ Jammu နှင့် Kashmir ပြည်နယ် အရှုပ်အထွေးကို ဖြေရှင်းစေရန် ဝန်ကြီးချုပ်ဟောင်း Mr. Atal Bihari Vajpayee ရဲ့ အယူဝါဒ “Insaniyat၊ Jamhooriyat နှင့် Kashmiriat” ကို ဝန်ကြီးချုပ် Mr. Modi ရဲ့အစိုးရက လိုက်စားခဲ့တယ်လို့ Mr. Shah က ပြောဆိုခဲ့ပါတယ်။
အစိုးရရဲ့ အကြမ်းဖက်ဝါဒဆီသို့ လုံးဥသည်းခံစိတ်မရှိသောအချက်ကို ထပ်လောင်းပြောဆိုခဲ့ပါတယ်။ Panchayat နှင့် စည်ပင်သာယာ ရွေးကောက်ပွဲများ အသုံးပြုပုံဖြင့် ဗဟိုအစိုးရရဲ့ Jamhooriyat ကတိကဝတ် ဖြည့်ဆည်းခြင်းတို့ ဦးဆောင်ခဲ့သည်ဟု ပြောဆိုခဲ့ပါတယ်။ Ladakh ဒေသအား သီးသန့်ခွဲထားခြင်းအဖြစ် ဖန်တီးခြင်းနှင့် တောင်တန်းဒေသ ကောင်စီအဖွဲ့အား ပိုမို အင်အားပေးခြင်းအားဖြင့် ဒီမိုကရေစီ တောင့်တင်းခိုင်မာရေးကို မိမိအစိုးရက ဆောင်ရွက်နေသောအချက် ထင်ရှားခဲ့ပါတယ်။ သီးသန့်နှင့် သတ်မှတ်ထားသည့် လူတန်းစားများ၊ စီးပွားရေး အားနည်းသူများကို ပညာရေးဌာနများ၌ ဆရာ/ဆရာမများအတွက် သီးသန့်ခွဲဝေထားသောမူကြမ်းကို ဥပဒေပြုရန် အထက်လွှတ်တော်က လက်ခံခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ဆိုင်ရာ ဗဟို ပညာရေးဌာနများ၌ (ဆရာ/ဆရာများ သီးသန့်ခွဲဝေထားမှု) မူကြမ်းဖြင့် ဗဟိုတက္ကသိုလ် ၄၁ ခုတို့၌ လက်ရှိလစ်လပ်နေသည့်နေရာ ၈ ထောင် ဖြည့်ဆည်းခွင့်ပြုပြီး စီးပွားရေးအရ အားနည်းသူများအတွက် ၁၀% သီးသန့်ခွဲဝေထားဖို့မူကြမ်း ထုတ်ပြန်ခဲ့ရာ ယခုနှစ် မတ်လအတွင်းထုတ်ပြန်ခဲ့သော စည်းမျဉ်းဥပဒေကို အစားထိုးလိမ့်မယ်ဖြစ်ပါတယ်။
ပါလီမန်အောက်လွှတ်တော်က ၂၀၁၉ ခုနှစ် သွားဆရာဝန်များဆိုင်ရာ ပြင်ဆင်မှုမူကြမ်းကို အတည်ပြုခဲ့ပြီး ၁၉၄၈ ခုနှစ်ဆိုင်ရာ သွားဆရာဝန်ဥပဒေကို ပြင်ဆင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒီဥပဒေဟာ သွားဖက်ဆိုင်ရာ ဆရာဝန်များ၏ အလုပ်အကိုင်၊ ပူးတွဲ ပြည်နယ် သွားဖက်ဆိုင်ရာ ကောင်စီများ၊ ပြည်နယ်ကောင်စီများဆိုင်ရာ ဥပဒေကို ပြင်ဆင်သွားမှာဖြစ်ပါတယ်။ အဆိုပါ ပြင်ဆင်ချက်ဟာ “မဖြစ်မနေ” ဆိုသော စကားလုံးကို ဖယ်ရှားရန် ရည်ရွယ်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး Dr. Harsh Vardhan က ပြောဆိုခဲ့ရာ ဥပဒေကြမ်းကို တညီတညွတ်တည်း ထောက်ခံခဲ့ပါတယ်။ ဆေးဖက်ဆိုင်ရာ ပညာရေးကဏ္ဍတွင် ဘက်စုံပြုပြင်ပြောင်းလဲရေးအတွက် အစိုးရက NMC ခေါ် အမျိုးသား ဆေးဖက်ဆိုင်ရာ ကော်မရှင်ဥပဒေမူကြမ်းကို ပြဋ္ဌာန်းလိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီးက အောက်လွှတ်တော်၌ ပြောဆိုခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဟာ အိန္ဒိယ ဆေးဖက်ဆိုင်ရာ ကောင်စီ (ပြင်ဆင်ချက်) မူကြမ်း ၂၀၁၉ ခုနှစ်အပေါ် အကျေအလည် ဆွေးနွေးငြင်းခုန်ခဲ့ပြီးနောက် လွှတ်တော်က ၎င်းကို အတည်ပြုခဲ့ပါတယ်။ အဆိုပါမူကြမ်းက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှစပြီး ၂ နှစ်အတွက် MCI ခေါ် အိန္ဒိယ ဆေးဖက်ဆိုင်ရာ ကောင်စီအား အစားထိုးပေးခဲ့ပါတယ်။ ဒီမူကြမ်းက ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်ပြဋ္ဌာန်းခဲ့သော စည်းမျဉ်းဥပဒေကို အစားထိုးခဲ့ပါတယ်။ ယခင်အစိုးရက ဒီနှစ် မတ်လအတွင်းထုတ်ပြန်ခဲ့သော အမိန့်ကို ၂၀၁၉ ခုနှစ်ဆိုင်ရာ NDAIC ခေါ် နယူးဒေလီမြို့ အပြည်ပြည်ဆိုင်ရာ စီရင်ဆုံးဖြတ်ရေးဌာန မူကြမ်းကို အစားထိုးလိမ့်မယ် ဖြစ်ပါတယ်။
ဗဟိုဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitharaman က ၂၀၁၈-၁၉ ခုနှစ်ဆိုင်ရာ စီးပွားရေး စစ်တမ်းကို ဇူလိုင်လ ၄ ရက်နေ့တွင် ပါလီမန်၌ ပြဋ္ဌာန်းခဲ့ပါတယ်။ ၎င်းက ၂၀၁၉-၂၀ ခုနှစ်ဟာ အစိုးရအတွက် အလွန်ကြီးမားသော နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာကို အပ်နှင်းခဲ့ပြီး စီးပွားရေး တိုးတက်မှုသို့ ဦးတည်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ၂၀၁၉-၂၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် အမြန်ဆုံးကြီးထွားလာသော အဓိက စီးပွားရေးနိုင်ငံအဖြစ် ဆက်လက်ဖြစ်ပွားနေပါတယ်။ ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Sitharaman က Modi 2 အစိုးရ၏ ပထမဆုံး ဘတ်ဂျက်အား သောကြာနေ့က ပြဋ္ဌာန်းခဲ့ကြောင်း၊ အဆိုပါ ကြီးမားသော ရဲရင့်သော မူဝါဒဟာ နိုင်ငံတော်ကို မြင့်မားတိုးတက်သော လမ်းကြောင်းထဲသို့ ဦးတည်လိမ့်မယ်ဖြစ်ကြောင်း… စသဖြင့် ဆောင်းပါးရှင် Yogesh Sood ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။

Comments
Post a Comment