“ဗဟိုအစိုးရ ဘတ်ဂျက်ငွေစာရင်းမတိုင်မှီ အရေးကိစ္စများ”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Lekha S. Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဗဟိုအစိုးရ ဘတ်ဂျက်ငွေစာရင်းမတိုင်မှီ အရေးကိစ္စများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
၂၀၁၉ ခုနှစ်ဆိုင်ရာ ဗဟိုအစိုးရဘတ်ဂျက်ငွေစာရင်းမှာ အဓိကအာရုံပြုရမှာကတော့ စီးပွားရေးကြီးထွားမှုကို အားဖြည့်ဘို့လိုအပ်နေဒါဘဲဖြစ်ပါတယ်။ ဘဏ္ဍာရေးခိုင်ခန့်ခြင်း လမ်းကြောင်းမှ လမ်းပြောင်းခြင်းတခုက ကြီးထွားမှုထွန်းကားဘို့အတွက် လိုအပ်ချက်ဖြစ်နိုင်ပါတယ်။ ဘဏ္ဍာရေးလိုငွေကို GDP ရဲ့ ၃.၅% မှာ မဖြစ်မနေထိန်းချုပ်ထားရေးဟာ အစိုးရရင်းနှီးမြှပ်နှံမှုတွေ အထူးသဖြင့် အဓိကအခြေခံလိုအပ်ချက် အဆောက်အအုံနယ်ပယ်မှာ ပိုမိုများပြားလာဒါက စီးပွားရေးကို ယခင်က ကြီးထွားရေးလမ်းကြောင်းအပေါ် ပြန်လည်ကျရောက်လာစေဘို့ ကြိုတင်စီမံထားဒါမို့ ယခုအချိန်ကာလမှာ ဖြစ်နိုင်လိမ့်မယ့်ပုံမရပါဘူး။ ဒီအချက်ဟာ ဘဏ္ဍာရေးဝန်ကြီး Mrs Nirmala Sitharaman ရဲ့ ပထမဦးဆုံးဘတ်ဂျက်ငွေစာရင်းမိန့်ခွန်းမှာ ရဲရင့်တဲ့ခြေလှမ်းတခုဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။
ဒါပေမဲ့ အကယ်၍ကာ ဘဏ္ဍာရေးခိုင်ခန့်မှုလမ်းကြောင်းကို သုံးစွဲငွေတွေလျော့ချခြင်းဖြင့် အောင်မြင်စေမယ်ဆိုရင် ဒီနည်းလမ်းဟာ ရေရှည်ကြီးပွားတိုးတက်မှု ကြန့်ကြာစေတဲ့ နောက်ဆက်တွဲတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အခွန်ပေါ့ပါးမှုတွေကို သင့်လျော်မှန်ကန်တဲ့ အခွန်နှုန်း ပြန်လည်မွမ်းမံချမှတ်မှုတခုတည်းမှာသာ ရရှိနိုင်ပါတယ်။ အသစ်ပြင်ဆင်ထားတဲ့ ကုမ္ပဏီများဆိုင်ရာ အခွန်ဟာ ကြီးပွားရေးတွန်းအားတခုအဖြစ် ဘတ်ဂျက်ငွေစာရင်းမှာ ဖေါ်ပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ လွန်ခဲ့တဲ့ဘတ်ဂျက်ငွေရှင်းတမ်းမှာ ကုမ္ပဏီများဆိုင်ရာ အခွန်ကို ၂၅% လျော့ချခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှုန်းကို အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက်သာ ကြေငြာခဲ့ပါတယ်။ သုံးစွဲငွေပိုင်းကို လေ့လာမယ်ဆိုရင် မှန်ကန်တဲ့သဘောကို ကြေငြာခြင်း သို့မဟုတ် တောင်သူလယ်သမားတွေနဲ့ အမျိုးသမီးတွေအတွက် စီမံကိန်းတွေကို တစုတပေါင်းတည်းဖြစ်စေနိုင်ပါတယ်။ သို့သော် သင့်လျော်တဲ့ဘဏ္ဍာငွေရာထားချက်နဲ့ ကျောထောက်နောက်ခံပြုခြင်းအတူ ယခုလိုကြီးမားတဲ့ ကြေငြာချက်တွေဟာ အလွန်ဘဲ အရေးပါလိမ့်မယ်ဖြစ်ပါတယ်။
အစိုးရဟာ တောင်သူလယ်သမားတွေရဲ့ဝင်ငွေတိုးများဘို့ ခံယူထားပါတယ်။ ဒါကြောင့် ကြီးမားသောအားပေးမှုအဖြစ် ဝန်ကြီးချုပ် Mr Narendra Modi ဦးဆောင်တဲ့ စီးပွားရေးအကြောင်းကိစ္စများဆိုင်ရာ ကက်ဘိနက်ကော်မတီက အနည်းဆုံး ထောက်ပံ့မှုဈေးနှုန်း (Minimum Support Prices) ကို ၂၀၁၉-၂၀၂၀ ခုနှစ် “Kharif” သီးနှံတွေအားလုံးအတွက် တိုးမြှင့်ဘို့ ခွင့်ပြုလိုက်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Macro စီးပွားရေးလုပ်ငန်းဘောင်ဟာ နောက်လာမဲ့ဘတ်ဂျက်ငွေစာရင်းမှာ ပိုမိုရှင်းလင်းပါလိမ့်မယ်။ ဗဟိုဘဏ်တိုက်ကြီးမှ ပိုလျံနေတဲ့ ငွေပမာဏကို အခွန်မဲ့အတန်းအစားအရ လိုငွေတွေကို ဖြည့်ဆည်းဘို့ ဆွေးနွေးခဲ့ကြပါတယ်။
ဘတ်ဂျက်ငွေဆိုင်ရာ ကြောချက်တွေကို Mrs Sitharaman ရဲ့ နိုင်ငံအတွင်း စီးပွားရေးပေါ်လစီသစ်တွေရဲ့ သဘာဝအပေါ် စူးစမ်းလေ့လာဘို့ စောင့်မျှော်နေကြဒါဘဲဖြစ်ပါတယ်။ ဒီဘတ်ဂျက်ငွေစာရင်းဟာ အလုပ်နေရာတွေ ပိုမိုဖန်တီးဘို့ သေချာစေမလား ဒါမှမဟုတ် ဘဏ္ဍာငွေထည့်ဝင်ခြင်းဖြင့် “အနည်းဆုံးအခြေခံဝင်ငွေ” ကို အာမခံပေးပါ့မလားဆိုဒါကို စောင့်ကြည့်ရမယ်ဖြစ်ပါတယ်။ အစိုးရရဲ့ ဆက်လက်အာရုံပြုလျှက်ရှိတဲ့ လူမှုရေးအခြေခံလိုအပ်ချက် အဆောက်အအုံ၊ အထူးသဖြင့် ရေနဲ့သန့်ရှင်းစင်ကြယ်ရေးနဲ့ ဝင်ငွေနည်းတဲ့ မိသားစုတွေထဲက အမျိုးသမီးတွေအတွက် သန့်စင်တဲ့လောင်စာပေးကမ်းခြင်းဟာ ကြိုဆိုရမဲ့အချက်အလက်တွေဖြစ်ကြပါတယ်။ ဒါပေမဲ့ တခြားထင်ရှားတဲ့ ကျန်းမာရေးနဲ့ ပညာရေးစတဲ့ လူမှုရေးနယ်ပယ်တွေအတွက် ဘတ်ဂျက်ငွေကို ထင်ရှားစွာ တိုးမြှင့်ဘို့လိုအပ်ပါတယ်။ National Nutrition Mission ခေါ် နိုင်ငံတော်အဟာရဓာတ်မစ်ရှင်အား ခိုင်မာစေဘို့ရာ ဘတ်ဂျက်ငွေရာထားချက်ကိုလည်း မျှော်လင့်နေကြပါတယ်။ ဘတ်ဂျက်ငွေရှင်းတမ်းမှာ ရာသီဥတုပြောင်းလဲမှုကိုလည်း အာရုံပြုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ရောင်းဝယ်ဖေါက်ကားဘို့လွယ်ကူရေးနဲ့ ကြီးထွားမှုပြန်လည်ရှင်သန်ရေးအတွက် စည်းမျဉ်းကန့်သတ်ချက်ရေးရာတွေကို ပြန်လည်ပြင်ဆင်သတ်မှတ်ဘို့ လိုအပ်ပါတယ်။
လူနေမှုအခြေခံလိုအပ်ချက်ဟာ ကြီးထွားမှုထွန်းကားရေးကို သေချာပေါက် အထောက်အကူဖြစ်စေမှာမို့၊ ယခုဘတ်ဂျက်ငွေရှင်းတမ်းမှာ ပိုမိုလေးနက်စွာ အရေးပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ‘Leave No One Behind’ သို့မဟုတ် ‘ဘယ်သူတဦးတယောက်ကိုမျှ နောက်ချန်မထားနဲ့’ ဆိုတဲ့ဆောင်ပုဒ်ဟာ Modi 2.O အစိုးရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ အိန္ဒိယစီးပွားရေးရဲ့ Macro စီးပွားရေးအခြေအမြစ်တွေဟာ ခိုင်မာတောင့်တင်းတဲ့အလျောက် ဘဏ္ဍာရေးဝန်ကြီး Mrs Sitharaman ဟာ ရင်းနှီးမြှပ်နှံသူတွေရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်တွေကို ဖြေလွှတ်ပေးလိမ့်မယ်လို့ ယူဆရပါတယ်။ ငွေကြေးဆိုင်ရာ အဆင်မပြေမှုတွေကိုတော့ ဘတ်ဂျက်ငွေစာရင်းတင်သွင်းပြီးတဲ့နောက်ပိုင်း လေ့လာသုံးသပ်နိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတွေအကြား ကုန်သွယ်ရေးစစ်ပွဲ၊ ရေနံဈေးနှုန်းအတက်အကျနဲ့ ဖေါင်းပွမှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ အနှောင့်ယှက်တွေဖြစ်ပေါ်စေနေချိန်မှာ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးအနေနဲ့ ပြည်တွင်းစီးပွားရေးကြီးပွားတိုးတက်မှုအတွက် ဘယ်ပုံဘယ်နည်းနဲ့ လမ်းကြောင်းရေးဆွဲချမှတ်ရမယ်ဆိုဒါကို အသေအချာ တွေးတောစည်းဝေးလိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Lekha S. Chakraborty ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment