ရုရှား-အိန္ဒိယ-တရုတ် ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ တရုတ်နိုင်ငံရေးရာ မဟာဗျူဟာရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Rajdeep Pakanati ဝေဖန်ရေးသားပေးပို့ထားတဲ့ “ရုရှား-အိန္ဒိယ-တရုတ် ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ဂျပန်နိုင်ငံ၊ အိုစာခါမြို့မှာပြုလုပ်ခဲ့တဲ့ G-20 ထိပ်သီးညီလာခံ ကြားကာလတွေမှာ ဝန်ကြီးချုပ် Mr. Narendra Modi ဟာ တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping၊ ရုရှားနိုင်ငံသမ္မတ Mr. Vladimir Putin တို့နှင့်အတူ ၃ ပွင့်ဆိုင်ဆွေးနွေးပွဲ ၁ ခု ပြုလုပ်ခဲ့ပါတယ်။ G-20 အုပ်စုရဲ့ အဓိက ဆွေးနွေးမှုအစီအစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် ဆွေးနွေးသွားကြဖို့ဖြစ်ပြီး ကုန်သွယ်ရေးနှင့် ပထဝီနိုင်ငံရေးတို့ဟာ ၁ ခုနှင့် ၁ ခု ချိတ်ဆက်မီတွယ်လျှက် ရှိနေကြပါတယ်။ ကုန်သွယ်ရေးကိစ္စဟာ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား အဓိက စိုးရိမ်ချက် ၁ ရပ်ဖြစ်ပြီး ၂ နိုင်ငံ ဆွေးနွေးပွဲ ၁ ခုမှာ ဒီကိစ္စနှင့်ပတ်သက်တဲ့ အရေးကိစ္စတွေကို ဝန်ကြီးချုပ် Mr. Modi နှင့် Mr. Trump တို့ကဆွေးနွေးခဲ့ကြပါတယ်။ RIC ခေါ် ရုရှား-အိန္ဒိယ-တရုတ်တို့ရဲ့ ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဟာ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေနှင့် တရုတ်နိုင်ငံအပေါ် စည်းကျပ်ခွန် တိုးမြှင့်မှုတွေကတဆင့် အမေရိကန်ပြည်ထောင်စုထံမှ ကြီးမားပြင်းထန်လှတဲ့ ဖိအားတွေကိုရင်ဆိုင်နေကြရတဲ့ ဒီ ၂ နိုင်ငံစလုံးတို့အနေနှင့် ထောက်ခံမှုရရှိရေးအတွက် အထူးအာရုံပြုနေကြတဲ့ အိန္ဒိယနိုင်ငံရဲ့ အရေးပါမှုကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။ အဲဒီအချက်တွေဟာ မဆိုင်းမတွဘဲ ချက်ချင်းလက်ငင်းအားဖြင့် တွေ့ဆုံဆွေးနွေးကြဖို့ တွန်းအားပေးလျှက်ရှိပြီး ဒီ RIC နိုင်ငံတွေအနေနှင့် လက်ရှိနိုင်ငံတကာစနစ်ကို ထိန်းသိမ်းသွားကြဖို့ ရေရှည်အကျိုးစီးပွားတွေကို မျှော်မှန်းထားကြတာကလည်း အခုလိုဆွေးနွေးကြဖို့ ဖြစ်ပေါ်စေခဲ့ပါတယ်။
RIC နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအကြား စေ့စပ်ညှိနှိုင်းမှုတွေဟာ ၂၀၀၃ ခုနှစ်ကတည်းက တည်ရှိနေခဲ့ပြီး RIC တို့ရဲ့ နိုင်ငံတော်နှင့် အစိုးရအကြီးအကဲတွေရဲ့ ပထမဆုံး ဆွေးနွေးပွဲကတော့ ၂၀၀၆ ခုနှစ်တုန်းက ပြုလုပ်ခဲ့တာဖြစ်သလို အဲဒီအချိန်က တရုတ်နိုင်ငံသမ္မတ Mr. Hu Jintao၊ ရုရှားနိုင်ငံသမ္မတ Mr. Vladimir Putin နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Dr. Manmohan Singh တို့ဟာ ရုရှားနိုင်ငံ၊ St. Petersburg မြို့မှာ G-8 အဖွဲ့ညီလာခံ ပြီးစီးခဲ့တဲ့နောက်မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း နောက်ဆုံးတွေ့ဆုံခဲ့ကြတဲ့ ဝန်ကြီးချုပ် Mr. Modi၊ သမ္မတ Mr. Xi နှင့် Mr. Putin တို့အကြား လတ်တလော တုံ့လှယ်ဆွေးနွေးမှုတွေဟာ အဲဒီလို အပြန်အလှန် ဆွေးနွေးမှုတွေကို နောက်ကဏ္ဍသစ် အဆင့်နေရာသို့ ထားရှိလိုက်ပြီဆိုတာ ပြသလျှက်ရှိပါတယ်။ ခေါင်းဆောင် ၃ ဦးတို့ဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ အရှေ့ပိုင်းဒေသ စီးပွားရေးရာ တွေ့ဆုံပွဲကာလအတွင်း ရုရှားနိုင်ငံ၊ Vladivostok မြို့မှာ ထပ်မံတွေ့ဆုံသွားကြမယ်လို့ မျှော်လင့်ရသလို ကမ္ဘာ့အတိုင်းအတာအားဖြင့် တည်ငြိမ်မှုအခြေအနေတွေကို အပြင်းအထန် ထိခိုက်စေခဲ့ပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုကို ကျဆင်းစေခဲ့ကာ ပေါ်ထွက်နေတဲ့ ဈေးကွက်တွေနှင့် ဖွဲ့ဖြိုးဆဲ နိုင်ငံတွေအပေါ် ဆိုးကျိုးသက်ရောက်စေတဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒနှင့် တဖက်သတ်ဝါဒတို့ ပေါ်ပေါက်လာတာကြောင့် အဲဒီလိုဆွေးနွေးမှုတွေဟာ RIC နိုင်ငံတွေအကြား များစွာ အရေးပါမှုရှိနေတာကို ရှင်းလင်းစွာပြသလျှက်ရှိပါတယ်။ ဆွေးနွေးပွဲတွေဟာ ဘုံအကျိုးတူ အရေးကိစ္စအားလုံးတို့အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေကတဆင့် မဟာဗျူဟာ ဆက်သွယ်ရေးတိုးတက်အားကောင်းစေဖို့ အခွင့်အလမ်း ၁ ရပ် ဖြစ်ပါတယ်။
အိုစာခါမြို့ ၃ ပွင့်ဆို ဆွေးနွေးကြရာမှာ အဓိကဆွေါ်နွေးချက်တွေကတော့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါကြောင့် ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေ၊ ၃ နိုင်ငံတို့အကြား ကုန်သွယ်ရေးရာ ဆက်ဆံရေး နက်ရှိုင်းတိုးတက်ရေး၊ နိုင်ငံတကာ တင်းမာမှု အခြေအနေတွေနှင့် ရာသီဥတု ပြောင်းလဲလာမှုတို့ ပါဝင်ကြပါတယ်။ လတ်တလော ဆွေးနွေးပွဲမှာတော့ အကြမ်းဖက်ဝါဆိုင်ရာ ကမ္ဘာ့ညီလာခံ ၁ ရပ် ကျင်းပနိုင်ရေးအတွက် Mr. Modi ဟာ Mr. Xi နှင့် Mr. Putin တို့ထံကနေ အကူအညီတောင်းဆိုခဲ့ပြီး အကြမ်းဖက်ဝါဒလုပ်ရပ်ရဲ့ ထိခိုက်သက်ရောက်မှုတွေကိုအာရုံပြုလျှက် နိုင်ငံအများအပြားပါဝင်တဲ့ သဘောတူညီချက်များစွာရှိနေလင့်ကစား အကြမ်းဖက်ဝါဒကို အဓိပ္ပာယ်ဖွင့်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်မရှိသေးကြောင်း ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်နိုင်ငံအနေနှင့် အကြမ်းဖက်ဝါဒ ထိန်းချုပ်ချိုးနှိမ်ဖို့အတွက် စီမံချက်တွေ အခိုင်အမာလုပ်ဆောင်တာတွေ့ရဖို့ FATF ခေါ် ငွေကြေးဆိုင်ရာ အရေးယူလုပ်ဆောင်ရေး အထူးတပ်ဖွဲ့က လိုအပ်တာတွေလုပ်ဆောင်သွားလိမ့်မယ်လို့ မျှော်လင့်လျှက်ရှိပြီး FATF တပ်ဖွဲ့ကလည်း ပါကစ္စတန်နိုင်ငံထဲမှာလှုပ်ရှားနေကြတဲ့ အုပ်စုတွေအတွက် ငွေကြေးပံ့ပိုးမှုဟာ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒအပေါ် ဘယ်နည်းဘယ်ပုံ ပါဝင်ပံ့ပိုးနေတယ်ဆိုတာကို မကြာသေးမီကတင်ပဲ မီးမောင်ထိုးဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ထင်မြင်ချက်ရှုထောင့်အရ ဒီဆွေးနွေးပွဲဟာ ဥရောပ-အာရှ စပ်ကြားဒေသရဲ့ အရေးပါမှုတိုးတက်စေမှာဖြစ်ပြီး ၂ နိုင်ငံဆက်ဆံရေးတွေကိုလည်း အကျိုးဖြစ်ထွန်းမှု သက်ရောက်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး Zhang Jun ကတော့ အိန္ဒိယ၊ ရုရှားတို့နှင့်အတူ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးတွေဟာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ပြသနေပြီး ၃ နိုင်ငံခေါင်းဆောင်တွေကလည်း ထင်မြင်ချက်သဘောထားချင်း နှီးနှောဖလှယ်နေကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးရှိနေဖို့အတွက် အရေးပါတဲ့ ကမ္ဘာ့ရေးရာတွေ၊ နိုင်ငံပေါင်းစုံဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ဆန့်ကျင်ရာတို့မှာ ပူးပေါင်းမှု အားကောင်းလာစေဖို့ အရေးပါလှပါတယ်။
ရုရှားနိုင်ငံရဲ့ သဘောထားအရတော့ RIC နိုင်ငံတို့ဟာ တရုတ်နိုင်ငံက နယ်ပယ်ကဏ္ဍအလုံးစုံတို့မှာ ရုရှားနိုင်ငံကို ကျော်လွန်ခဲ့ပြီး အိန္ဒိယနိုင်ငံကလည်း ကမ္ဘာ့အနေအထားတွေမှာ စွမ်းအားကြီးတဲ့ အပြောင်းအလဲနိုင်ငံ သို့မဟုတ် ချိန်ညှိပေးတဲ့နိုင်ငံအဖြစ် ပေါ်ပေါက်လာနေချိန်မှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေကို သက်ရောက်မှုရှိစေဖို့ အထောက်အကူပြုနေတယ်လို့ ဆိုပါတယ်။ ရုရှားနှင့် တရုတ် ၂ နိုင်ငံစလုံးတို့ဟာ အိန္ဒိယနိုင်ငံကို ကမ္ဘာ့ ပထဝီနိုင်ငံရေးနှင့် စီးပွားရေးရာတို့မှာ အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ဆောင်မှုတွေလို လွတ်လပ်စွာဆောင်ရွက်လုပ်ကိုင်စေလိုတယ်ဆိုတာ ဖော်ပြလိုက်တာဖြစ်ပါတယ်။ နောက်ဆုံးအားဖြင့်တော့ RIC တွေ့ဆုံပွဲဟာ အိုစာခါမြို့မှာဖြစ်ပွားတဲ့တဲ့ ဂျပန်၊ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့ရဲ့ ၃ ပွင့်ဆိုင် တွေ့ဆုံပွဲနှင့်တိုက်ဆိုင်နေတာကိုလည်း သတိပြုရမှာဖြစ်ပါတယ်။ ဒါဟာ ယခုလို ၃ ပွင့်ဆိုင် ဆွေးနွေးပွဲတွေအနေနှင့် ကမ္ဘာ့နိုင်ငံရေးရာတွေအတွင်းမှ ပဋိပက္ခတွေကို ရှာဖွေတွေ့ရှိဖို့ အိန္ဒိယနိုင်ငံရဲ့ ဘက်စုံချိန်ညှိရေး နည်းဗျူဟာ တစိတ်တပိုင်းတို့ ဖြစ်ကြပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Rajdeep Pakanati ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment