ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ
သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် V. Mohan Rao ဝေဖန်ရေးသားပေးပို့ထားတဲ့ “ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
နယူးဒေလီ အပြည်ပြည်ဆိုင်ရာ စီရင်ဆုံးဖြတ်ရေးဌာန တည်ဆောက်ရန်နှင့် ၎င်းအား အမျိုးသားရေး အရေးပါသည့် အဖွဲ့တစည်း ၁ ခုအဖြစ် ကြေညာပြီး အဓိက စီရင်ဆုံးဖြတ်ရေးဌာနဖြစ်လာစေရန် ပါလီမန် အောက်လွှတ်တော်က ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ စီရင်ဆုံးဖြတ်ရေးဌာန မူကြမ်းကို အတည်ပြုခဲ့ပါတယ်။ အစိုးရသည် တိုင်းပြည်အား အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်း စီရင်ဆုံးဖြတ်ရေး ဌာနဖြစ်လာစေရန် အားထက်သန်တယ်လို့ ဥပဒေရေးရာဝန်ကြီး Mr. Ravi Shankar Prasad က ဗုဒ္ဓဟူးနေ့မှာ ဥပဒေကြမ်းအပေါ် အထွေထွေ အကြေအလည်ဆွေးနွေးပြန်ကြားစဉ် ပြောဆိုခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှထုတ်သော ကုန်ပစ္စည်း သို့မဟုတ် ပါကစ္စတန်မှ တင်ပို့လာသော ပစ္စည်းများ အားလုံးအပေါ် ၂၀၀% အခွန်ကောက်ခံရန် ပါလီမန်လွှတ်တော် ၂ ရပ်စလုံးက ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။ လွှတ်တော် ၂ ခုစလုံးတို့က ပထမအခွန် အက်ဥပဒေကို အတည်ပြုခဲ့ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစပြီး အစ္စလာမာဘတ်မှ တင်ပို့လာသော ကုန်ပစ္စည်းအားလုံးအပေါ် ၂၀၀% အခွန်ခေါက်ခံရန် နယူးဒေလီအစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်များကို ဒု ဘဏ္ဍာရေးဝန်ကြီး Mr. Anurag Thakur က လွှတ်တော်၌ တင်သွင်းခဲ့ပါတယ်။
လယ်ယာစိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ တိုးမြှင့်ရန် လုပ်ဆောင်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitharaman က ပြောဆိုခဲ့ပါတယ်။ အများပြည်သူ အသုံးစရိတ် မထိခိုက်စေဘဲ ဘဏ္ဍာရေးတောင့်တင်းခိုင်မာစေရန် လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ပါလီမန် အောက်လွှတ်တော်၌ ၂၀၁၉-၂၀ ခုနှစ်ဆိုင်ရာ ဗဟို ဘတ်ဂျက်လျာထားချက်အပေါ် ဆွေးနွေးမှုပြန်ကြားစဉ် သူမအရ ဘတ်ဂျက်အဆိုပြုချက်များဟာ တိုင်းပြည် အသွင်အပြောင်းအလဲများကို ဦးတည်ရည်ရွယ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ယာယီ ဘတ်ဂျက်ပြန်တမ်း၌ ဘဏ္ဍာရေး လိုငွေပြမှု ၃.၄% ပြသခဲ့သော်လည်း အစိုးရက ၎င်းအား ၃.၃% အဆင့်၌ထားရှိရာ မျှော်မှန်းခဲ့တယ်လို့ မစ္စစ် Sitharaman က ပြောဆိုခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ထက်စာရင် ၂၀၁၉ ခုနှစ်၏ ပထမ ၆ လအတွင်း Jammu နှင့် Kashmir ပြည်နယ်တွင် တိတ်တဆိတ် နယ်စပ်ဖြတ်ကျော်လာမှု ၄၃% လျော့နည်းလာခဲ့တယ်လို့ ဒု ပြည်ထဲရေးဝန်ကြီး Mr. G. Kishan Reddy က အင်္ဂါနေ့မှာ ပါလီမန် အောက်လွှတ်တော်၌ ပြောဆိုခဲ့ပါတယ်။ ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များ ၂၈% လျော့နည်းလာပြီး အရပ်သား စစ်သွေးကြွ ၄၀% တို့ကို ပြောင်းလဲနိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့သောနှစ် ဇွန်လအထိ အိန္ဒိယ-ပါကစ္စတန် နယ်စပ်ဒေသ၌ အပစ်အခတ်ရပ်စဲမှု စာချုပ်ချိုးဖောက်မှုဖြစ်ရပ် ၁၆၂၉ ကြိမ် ဖြစ်ပွားခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ ၁၂၉၉ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးဌာနမှ ဝန်ကြီးက ပါလီမန် အထက်လွှတ်တော်၌ တနင်္လာနေ့က စာဖြင့်ရေးသား ပြန်ထားခဲ့ပါတယ်။
Gaganyaan စီမံကိန်းသည် စီစဉ်ထားသည့်အတိုင်း ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ သို့မဟုတ် ထိုထက်စောပြီး အဆုံးသတ်လိမ့်မယ်လို့ အနုမြူစွမ်းအင်နှင့် အာကာသဆိုင်ရာ ဒုဝန်ကြီး Dr. Jitendra Singh က ပြောဆိုခဲ့ပါတယ်။ ၎င်းရဲ့အဓိက ဒီဇိုင်းပုံစံ စနစ်များကို အပြီးဖြတ်နေပါတယ်။ လူ့အဆင့်သတ်မှတ်သော လေယာဉ်စနစ်များဆိုင်ရာ အရည်အချင်းစမ်းသပ်မှုများနှင့် အအေးပေးစနစ် စက်စမ်းသပ်မှုများကို ဆောင်ရွက်လျှက်ရှိပါတယ်။ အဆိုပါ လုပ်သား လေ့ကျင့်ရေးအစီအစဉ်များကို အပြီးသတ်နေပြီး လုပ်သားရွေးချယ်ရေးလုပ်ငန်းစဉ်ကို စတင်လျှက်ရှိပါတယ်။ ပြီးခဲ့သော ကြာသပေးနေ့က အထက်လွှတ်တော်၌ မေးခွန်းကို စာဖြင့်ရေးသားအကြောင်းပြန်ပြီး မတူကွဲပြားသည့် အဖွဲ့အစည်းများနှင့် စက်မှုလုပ်ငန်းများမှ အဖွဲ့ဝင်များနှင့် Gaganyaan အမျိုးသား အကြံပေးကောင်စီကို ဖွဲ့စည်းခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘဏ်အကောင်းဖွင့်လှစ်မှုနှင့် မိုဘိုင်း ဆက်သွယ်ရေးရရှိရန်အတွက် အထောက်အထားအဖြစ် Aadhaar ကဒ်အား ဆန္ဒအလျောက် အသုံးပြုမှုကိုခွင့်ပြုသော မူကြမ်းကို ပါလီမန်က အတည်ပြုခဲ့ပါတယ်။ အားကောင်းသည့် ဒေတာအချက်အလက်များ ကာကွယ်စောင့်ရှောက်ရေး အက် ဥပဒေကို အစိုးရက ပါလီမန်၌ အမြန်ထားရှိလိမ့်မယ်လို့ ၎င်းက အကြောင်းကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသည် ပါဝင်မှု ပြုပြင်ပြောင်းလဲရေးနှင့် လုပ်ပိုင်ခွင့်ရှိတဲ့နိုင်ငံဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ဆိုင်ရာ Aadhaar နှင့် အခြားဥပဒေများ (ပြင်ဆင်မှု) မူကြမ်းဖြင့် ဒီဥပဒေချိုးဖောက်သော ပုဂ္ဂလိက အဖွဲ့အစည်းများအပေါ် ရူပီးငွေ ၁ ကုဋေ ပစ်ဒဏ်နှင့် ထောင်ဒဏ် ပေးအပ်သွားမှာဖြစ်ပါတယ်။
လက်ရှိ Karnataka ပြည်နယ်အတွင်း နိုင်ငံရေးအခြေအနေအပေါ် လွှတ်တော် ၂ ခုစလုံးတို့၌ ကွန်ဂရက်ပါတီ အပါအဝင် အတိုက်အခံပါတီများက ဆူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Karnataka ပြည်နယ်၌ ကွန်ဂရက်- JD(S) မဟာမိတ်ပါတီများ၏ အစိုးရကို မတည်မငြိမ်ပြုလုပ်ဖို့ BJP ပါတီက နိုင်ငံရေးလှည့်စားနေတယ်လို့ Mr. Adhir Ranjan Chowdhury က ပါလီမန် အောက်လွှတ်တော်၌ စွပ်စွဲခဲ့ပါတယ်။ သို့သော် ဗဟိုအစိုးရက ပြည်နယ်အစိုးရ၏ လက်ရှိနိုင်ငံရေး မတည်ငြိမ်မှုအတွက် ဘာမှမသက်ဆိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး Mr. Rajnath Singh က စွပ်စွဲချက်ကို ပယ်ချခဲ့ကြောင်း… စသဖြင့် ဆောင်းပါးရှင် V. Mohan Rao ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။
Comments
Post a Comment