ပါကစ္စတန်နိုင်ငံမှာ မီဒီယာအပေါ် နှိပ်ကွပ်နေခြင်း
သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ ပါကစ္စတန်နိုင်ငံမှာ မီဒီယာအပေါ် နှိပ်ကွပ်နေခြင်း ဆိုတဲ့ခေါင်းစဉ်နဲပ Af-Pak အရေး မဟာဗျူဟာရှုဒေါင့်မှ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဒေါက်တာ Smita ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
ပါကစ္စတန်နိုင်ငံမှာ အာဏာရအသိုင်းအဝိုင်းနဲ့ သတင်းမီဒီယာအကြား ဆက်ဆံရေးဟာ ချစ်ခြင်းနဲ့ မုန်းခြင်းနှစ်မျိုးစလုံးရှိနေပါတယ်။ ဒါဟာ အဲဒီနိုင်ငံက အပြောင်းအလဲမြန်တဲ့ ဒီမိုကရေစီးသမိုင်းကြောင်းရဲ့ သွင်ပြင်လက္ခဏာတခုဖြစ်ပါတယ်။ အပေါ်ယံအားဖြင့် တက်ကြွပြီး လွတ်လပ်သယောင်ထင်ရတဲ့ ပါကစ္စတန်နိုင်ငံက မီဒီယာ၊ အထူးသဖြင့် ပုံနှိပ်ထုတ်ဝေတဲ့ စာနယ်ဇင်းတို့ဟာ၊ မကြာခဏဆိုသလို နှိပ်ကွပ်ချုပ်ချယ်တာ ခံစားနေရပါတယ်။ တခုထူးခြားတာက၊ စစ်အာဏာစနစ်အောက်မှာသာ ဒီလိုနှိပ်ကွပ်တာခံကြရတာမဟုတ်ပဲ၊ အရပ်သားအစိုးရအဆက်ဆက်တို့ရဲ့ အုပ်ချုပ်မှုအောက်မှာလဲ အလားတူနှိပ်ကွပ်ခြင်း ခံကြရပါတယ်။ မီဒီယာရဲ့အသံကို တိတ်အောင်လုပ်ရာမှာ စစ်အစိုးရသာမဟုတ် အရပ်သားအစိုးရတွေလဲ အပြစ်ရှိပါတယ်။ အခုနောက်ဆုံး Imran Khan အစိုးရ ထုတ်ပြန်လိုက်တဲ့ ဥပဒေကိုကြည့်ပါ၊ တရားရုံးကအပြစ်ရှိကြောင်း ဆုံးဖြတ်ခြင်းခံကြရသူ နိုင်ငံရေးသမားများနဲ့ တရားရင်ဆိုင်နေကြရသူ နိုင်ငံရေးသမားများနဲ့ တွေ့ဆုံမေးမြန်းခန်းမလုပ်ရဘူးဆိုပြီး တားမြစ်ပါတယ်။ ဒါ့အပြင် အဲဒီနိုင်ငံရေးသမားမျိုးအကြောင်း ပုံနှိပ်ဖေါ်ပြခြင်းမလုပ်ရဘူးဆိုပြီးတော့လဲ ပိတ်ပင်ပါတယ်။ ပါကစ္စတန်အရပ်သားအစိုးရက Pakistan Electronic မီဒီယာ ထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ကို မိမိရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရတယ်ဆိုပြီး ညွှန်ကြားပါတယ်။ အဲဒီညွှန်ကြားချက်ကို၊ ပါကစ္စတန်မှာ အာဏာပိုင်တွေက၊ မီဒီယာအပေါ် ချုပ်ကိုင်လိုတဲ့အချက်ကို နောက်ခံထားပြီး၊ ရှုမြင်သုံးသပ်ရမှာဖြစ်ပါတယ်။
စောစောပိုင်းက၊ ရုပ်မြင်သံကြား သတင်း Channels တွေဖြစ်ကြတဲ့၊ Channel 24 ၊ Abtak News နဲ့ Capital TV တို့ကို ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ရဲ့သမီး Maryam Nawaz နဲ့ ပေါက်ကွဲဖွယ်ရာတွေ့ဆုံမေးမြန်းခန်းတွေကို ထုတ်လွှင့်ခဲ့လို့ဆိုပြီး၊ အဲဒီ Channels တွေကို ထုတ်လွှင့်ခွင့် ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီတွေ့ဆုံမေးမြန်းခန်းမှာ၊ Maryam Nawaz က၊ မနှစ်က သူမရဲ့ဖခင်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သူ တရားသူကြီးဟာ အကြပ်ကိုင်ခြင်း ခံခဲ့ရတယ်ဆိုပြီး Video အထောက်အထားနဲ့ ဖွင့်ချထားပါတယ်။ ဒါကို အဲဒီတရားသူကြီးက မဟုတ်ရပါဘူးလို့ ငြင်းဆန်ပါတယ်။ ပါကစ္စတန်မီဒီယာထိန်းချုပ်ရေးအဖွဲ့က၊ အဆိုပါသတင်းစာရှင်းလင်းပွဲကို တိုက်ရိုက်အသံလွှင့်ရကောင်းလားဆိုပြီး၊ အဲဒီရုပ်မြင်သံကြား Channels တို့ကို နို့တစ် ထုတ်ပြန်ပါတယ်။ အဲဒီရုပ်မြင်သံကြား Channels တွေ တိတ်သွားကြတာဟာ၊ စက်ပိုင်းဆိုင်ရာ ပြဿနာများကြောင့်သာဖြစ်ကြောင်း ပါကစ္စတန်အာဏာပိုင်များက ပြောကြပါတယ်။ ဒါပေမဲ့ အများကတော့ ဒီလို Channels တွေ အသံတိတ်သွားကြတာဟာ၊ ပြောင်ပြောင်တင်းတင်း ဆင်ဆာပြုလုပ်လို့ဘဲဖြစ်တယ်လို့ ယူဆကြပါတယ်။
ဒီနေရာမှာ ဖေါ်ပြဘို့အရေးကြီးတဲ့အချက်တချက်ကဘာလဲဆိုရင်၊ အဲဒီ PEMRA, ပါကစ္စတန် အီလက်ထရောနစ်မီဒီယာထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ရဲ့ ဥပဒေအရ ဆောင်ရွက်ရမဲ့တာဝန်က၊ အချို့သောအကြောင်းအရာနဲ့ ပြဿနာရပ်များအကြောင်းတွေ ဖေါ်ပြခြင်းအပေါ် ကန့်သတ်ချက်များ၊ ချမှတ်ရေးသာဖြစ်ပါတယ်။ တစုံတဥိးသောပုဂ္ဂိုလ်၊ သို့မဟုတ် တစုံတရာသော လူတန်းစားမှပုဂ္ဂိုလ်များအကြောင်း ဖေါ်ပြခြင်းအပေါ် ပိတ်ပင်ဖို့မဟုတ်ပါဘူး။ PEMRA ရဲ့ ဥပဒေများအရ၊ လိုင်စင်ရထားတဲ့ မီဒီယာအဖွဲ့အစည်းတခုအနေနဲ့ ဘက်လိုက်မှုကင်းစွာ အရှိကိုအရှိအတိုင်း ဖေါ်ပြရေး၊ မဖွယ်ရာသော၊ တနည်းအားဖြင့် အစ္စလာမ်ဘာသာ ဓလေ့ထုံးစံယဉ်ကျေးမှုနဲ့ မဆီလျှော်ဘူးလို့ ယူဆရသော၊ ညစ်ညမ်းသောဖေါ်ပြလွှင့်ထုတ်မှုများ မပြုလုပ်ရအောင် ထိန်းချုပ်ရပါတယ်။ ဒါ့အပြင်၊ မုန်းတီးမှုကိုလှုံဆော်တာ၊ အကြမ်းဖက်မှုကိုထောက်ခံတာ၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့ တပ်မတော်တို့ကို အကြည်ညှိပျက်စေအောင် ဖေါ်ပြလွှင့်ထုတ်ခြင်းကိုလဲ ထိန်းချုပ်ပါတယ်။ တရားရုံးတော်က ကြားနာစစ်ဆေးနေတဲ့ အကြောင်းကိစ္စရပ်တွေဖေါ်ပြခြင်းအပေါ် တရားဥပဒေအရ တားမြစ်ပါတယ်။ ဒါပေမဲ့ အမှုရင်ဆိုင်နေရသော နိုင်ငံရေးသမားတွေနဲ့ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခြင်းခံထားရတဲ့ နိုင်ငံရေးသမားတွေအကြောင်း ဘယ်လိုပဲ ဓမ္မဓိဋ္ဌာန်ကျကျ၊ အဖြစ်မှန်ကို အရှိအတိုင်း တင်ပြလိုသည်ဖြစ်စေ၊ လုံးဝ မဖေါ်ပြရဘူးလို့ သိမ်းကျုံးပြီး တားမြစ်လိုက်ခြင်းဟာ၊ ပါကစ္စတန်နိုင်ငံမှာ၊ မီဒီယာရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို၎င်း၊ ပြည်သူလူထုရဲ့ သတင်းရရှိပိုင်ခွင့်ကို၎င်း ထိပါးချိုးဖေါက်လိုက်တာဘဲဖြစ်ပါတယ်။
မနှစ်က၊ အာဏာပိုင်တွေနဲ့ ဖြန့်ချိရေးကွန်ယက်တွေဟာ၊ သတင်းမီဒီယာသမားတွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့ပါတယ်။ အာဏာရပါတီကိုသော်၎င်း၊ တိုင်းပြည်ရဲ့ ဩဇာအာဏာကြီးမားလှတဲ့ စစ်တပ်ကို၎င်း ထောက်ခံခြင်းမပြုဘူးလို့ ထင်ရသော သတင်းစာနဲ့ ရုပ်မြင်သံကြားသတင်း Channels တွေလည်း အကြိမ်ကြိမ် နှောင့်ယှက်တာ ခံခဲ့ကြပါတယ်။ မကြာသေးခင်နှစ်များအတွင်း၊ မိမိရဲ့မူဝါဒတွေကို ဝေဖန်တာမလုပ်ကြဖို့ တိုင်းပြည်ရဲ့ အာဏာကြီးမားသော စစ်တပ်က၊ မီဒီယာအပေါ် ဖိအားပေးနေခဲ့ကြောင်း စွတ်စွဲမှုတွေရှိခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ မီဒီယာလွတ်လပ်စွာဖေါ်ပြပိုင်ခွင့်နယ်မြေကြုံ့ဝင်လာနေပါတယ်။ သတင်းမီဒီယာသမားတွေအတွက် အန္တရာယ်အများဆုံးနိုင်ငံတွေစာရင်းမှာ ပါကစ္စတန်နိုင်ငံ ပါဝင်နေပါတယ်။ အဲဒီနိုင်ငံမှာ မီဒီယာသမားတွေ၊ သတင်းထောက်တွေ၊ အစိုးရသို့မဟုတ် စစ်တပ်ကို ဝေဖန်လို့ဆိုပြီး၊ မကြာခဏဆိုသလို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းနဲ့ သတ်ဖြတ်ခြင်းတွေ ခံနေကြရပါတယ်။ ပါကစ္စတန်မှာ၊ အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်ရေးအာဏာစက် လှုပ်ရှားနေရုံသာမကဘဲ၊ လူမှုကွန်ယက်စာမျက်နှာတွေကိုလဲ၊ သတင်းသမားများကို ခြိမ်းခြောက်ရာမှာ လက်နက်တခုသဖွယ် အသုံးပြုနေပါတယ်။ မိမိရဲ့ခံစားချက်ကို ဖွင့်ဟဖေါ်ပြသူ သတင်းသမားများ၊ အသံတိတ်သွားအောင်၊ ၎င်းတို့ကို မဟုတ်မမှန် သိက္ခာချခြင်းကိုလဲ စနစ်တကျ ပြုလုပ်နေပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လွတ်လပ်တဲ့ရုပ်မြင်သံကြား သတင်း Channels ဒါဇင်နဲ့ချီပြီး ရှိနေပါတယ်။ အဲဒါကြောင့် ပါကစ္စတန်နိုင်ငံမှာ၊ လူတုရဲ့ဖေါ်ပြချက်တွေ တသံထဲထွက်အောင်ပြုလုပ်ဖို့ အတော်အတန် ခက်ခဲပါတယ်။ ဒါရဲ့အကျိုးရလဒ်တခုအနေနဲ့ သာမန်ပြည်သူတွေဟာ၊ အတိုင်းအတာတရပ်အထိ လွတ်လပ်စွာ တွေးခေါ်မြော်မြင်တတ်လာကြပါပြီ။ သူတို့ဟာ အစိုးရပြောသမျှ၊ မျက်စိမှိတ်ပြီး ယုံကြည်လက်ခံခြင်း မရှိကြတော့ပါဘူး။
ပါကစ္စတန်နိုင်ငံရဲ့ မီဒီယာလောကဟာ၊ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း၊ ဆွေးနွေးငြင်းခုံမှု စကားဝိုင်းများတင်ဆက်တဲ့နေရာမှာဖြစ်စေ၊ နည်းပညာပိုင်းအရဖြစ်စေ၊ ဖွဲ့စည်းမှုအရဖြစ်စေ၊ တကယ်ဘဲ တိုးတက်လာတာတွေ့ရပါတယ်။ ဂြိုဟ်တုမှတဆင့် သတင်းရယူထုတ်လွှင့်ခြင်းနည်းပညာ အသုံးချခြင်းနဲ့ အဲဒီလိုအသုံးချခြင်းအပေါ် အစိုးရက၊ ထိန်းကွပ်လာခဲ့ခြင်းတို့ကြောင့်၊ ပါကစ္စတန်ရဲ့ မီဒီယာဟာ ၂၄ နာရီပတ်လုံး သတင်းဦးသတင်းထူးတွေ ပေးနိုင်တဲ့အဆင့်သို့ တက်လှမ်းလာခဲ့ပါပြီ။ တချိန်ထဲမှာပဲ၊ အင်တာနက်က လူမှုကွန်ယက်စာမျက်နှာတွေ ဖွင့်ပေးလိုက်တော့၊ ဆွေးနွေးငြင်းခုန်ရာ စင်မြင့်သစ်တွေလဲ ပေါ်ပေါက်လာခဲ့ပါတယ်။ သို့ပင်ဖြစ်လင့်ကစား၊ ဒီလိုမီဒီယာစင်မြင့်သစ်တွေပေါ်ပေါက်လာတာကိုကြည့်ပြီး ပါကစ္စတန်မှာ မီဒီယာလွတ်လပ်ခွင့် တကယ်ရှိနေပြီလို့ထင်ရင် မှားပါလိမ့်မယ်။ ပြည်သူအများသိအောင်၊ ဘာကိုပြောရမယ်၊ ပြည်သူအများမသိအောင် ဘာကို မပြောရဘူးဆိုတဲ့နယ်မြေ ၂ ခုကို ခွဲခြားတဲ့ နယ်စပ်မျဉ်းတခု တည်ရှိနေပါတယ်။ အဲဒီခွဲခြားမှုရှိနေသမျှ ကာလပါတ်လုံး သတင်းစာလွတ်လပ်ခွင့်တို့ လွတ်လပ်စွာဖေါ်ပြပိုင့်ခွင့်တို့နဲ့ အလှမ်းဝေးနေအုံးမှာဖြစ်ကြောင်း ဆောင်းပါးရှင် ဒေါက်တာ Smita ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment