အိုစာခါမြို့တွင် အိန္ဒိယ အမေရိကန်ပြည်ထောင်စု ဆွေးနွေးပွဲ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အမေရိကန်ရေးရာ မဟာဗျူဟာရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Stuti Banerjee ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိုစာခါမြို့တွင် အိန္ဒိယ အမေရိကန်ပြည်ထောင်စု ဆွေးနွေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိုစာခါမြို့မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ G-20 ထိပ်သီးညီလာခံ ကြားကာလတွေမှာ ဝန်ကြီးချုပ် Mr. Narendra Modi ဟာ (ဩစတြေးလျား၊ ဘရာဇီး၊ ဂျာမဏီ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ဆော်ဒီ အာရေးဗီးယား၊ တူရကီနှင့် အမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံတွေနှင့်အတူ ၂ နိုင်ငံ အပြန်အလှန်ဆွေးနွေးပွဲ ၉ ခုပြုလုပ်ခဲ့ပြီး (ဂျပန်၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုနှင့် ရုရှား၊ အိန္ဒိယ၊ တရုတ်) စတဲ့ ၃ ပွင့်ဆိုင်ဆွေးနွေးပွဲ ၂ ခုအပြင် BRICS အဖွဲ့ခေါင်းဆောင်တွေနှင့်လည်း အလွတ်သဘော ဆွေးနွေးပွဲ ၁ ခုတို့ ပြုလုပ်ခဲ့ပါတယ်။ G-20 အုပ်စုရဲ့ အဓိက ဆွေးနွေးမှုအစီအစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် ဆွေးနွေးသွားကြဖို့ဖြစ်ပြီး ကုန်သွယ်ရေးနှင့် ပထဝီနိုင်ငံရေးတို့ဟာ ၁ ခုနှင့် ၁ ခု ချိတ်ဆက်မီတွယ်လျှက် ရှိနေကြပါတယ်။ ကုန်သွယ်ရေးကိစ္စဟာ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား အဓိက စိုးရိမ်ချက် ၁ ရပ်ဖြစ်ပြီး ၂ နိုင်ငံ ဆွေးနွေးပွဲ ၁ ခုမှာ ဒီကိစ္စနှင့်ပတ်သက်တဲ့ အရေးကိစ္စတွေကို ဝန်ကြီးချုပ် Mr. Modi နှင့် Mr. Trump တို့ကဆွေးနွေးခဲ့ကြပါတယ်။
G-20 ညီလာခံရဲ့ အဓိက ရလဒ်တွေအနက် ၁ ခုကတော့ တရုတ်နှင့် အမေရိကန်ပြည်ထောင်စု တို့အကြားဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်မက်ယှဉ်ပြိုင်မှုတွေမှာ တင်းမာမှုတွေ လျော့ပါးစေဖို့ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အမေရိကန်တို့ရဲ့ စည်းကျပ်ခွန်တွေနှင့်ပတ်သက်လို့ ကိုယ်ပိုင်ကွဲလွဲမှုတွေကို အာရုံပြုဖို့ကြိုးပမ်းနေသလို ၂ နိုင်ငံကြား စေ့စပ်မှုတွေကို အနီးကပ် စောင့်ကြည်နေပြီး သမ္မတ Mr. Trump ကလည်း အိန္ဒိယနိုင်ငံရဲ့ စည်းကျပ်ခွန် မြင့်မားမှုအပေါ် ဝေဖန်ဖော်ပြခဲ့ပြီး နယူးဒေလီအစိုးရကို ကုန်သွယ်ရေး အဟန့်အတားတွေ လျှော့ချစေလိုလျှက် ရှိနေပါတယ်။ အိန္ဒိယနိုင်ငံဟာ နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေအတွက် အမေရိကန်တို့ရဲ့ ဦးစားပေး နှစ်သက်လက်ခံမှု ရုပ်သိမ်းလိုက်ခြင်းအပေါ် တုံ့ပြန်တဲ့အနေနှင့် အမေရိကန်ပြည်ထောင်စုမှ ပြည်ပတင်ပို့တဲ့ မက်မွန်သီး၊ ပဲအမျိုးမျိုးနှင့် သစ်ကြားသီးတို့အပါအဝင် ကုန်စည် ၂၈ မျိုးအပေါ် စည်းကျပ်ခွန် တိုးမြှင့်ကောက်ယူခဲ့ပါတယ်။ အိန္ဒိယဟာ သံမဏိနှင့် အလူမီနီယမ် ဒန်သတ္တုတွေ ပြည်တွင်းတင်သွင်းမှု စည်းကျပ်ခွန်တွေ သတ်မှတ်မှုအပေါ် အမေရိကန် ပြည်ထောင်စုကို WTO အဖွဲ့အစည်းကြီးရဲ့ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ထံသို့ တိုင်ကြားလုပ်ဆောင်ခဲ့ပါတယ်။ ဒီကိစ္စကို G-20 ညီလာခံမတိုင်မီလေးက အိန္ဒိယနိုင်ငံသို့ ခေတ္တခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mr. Pompeo နှင့်လည်း ဆွေးနွေးခဲ့ပြီး ယခုအခါမှာတော့ ဒီအရေးကိစ္စ ဖြေရှင်းဖို့အတွက် နယူးဒေလီနှင့် ဝါရှင်တန်အစိုးရတို့ဟာ ၂ နိုင်ငံတို့ရဲ့ ကုန်သွယ်ရေးဝန်ကြီးတွေ အမြန်ဆုံးတွေ့ဆုံဆွေးနွေးသွားကြဖို့ ဆုံးဖြတ်ထားကြပါတယ်။
ကုန်သွယ်ရေးအပြင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့အကြား ဆွေးနွေးခဲ့ကြတဲ့ တခြားအရေးကိစ္စတွေမှာဆိုရင် 5-G နည်းပညာ၊ ကာကွယ်ရေးရာ ဆက်ဆံရေးနှင့် အီရန်နိုင်ငံ အရေးတို့ ဖြစ်ကြပါတယ်။ အီရန်နိုင်ငံကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ အခြေခံ အာရုံပြုချက်ဟာ ပါရှန်းပင်လယ်ကွေ့ဒေသအတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးဖြစ်ပေမယ့် လက်ရှိပေါ်ပေါက်နေတဲ့ ဒေသပိုင်း အကျပ်အတည်းတွေဟာ အိန္ဒိယသင်္ဘောတွေ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်စေဖို့အတွက် နိုင်ငံရဲ့ ရေတပ်မတော် သင်္ဘောတွေ ဖြန့်ကျက်ထားရှိဖို့ အခြေအနေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကို အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြုခဲ့ပြီး အိန္ဒိယနိုင်ငံအတွက် ရေနံစိမ်း ပံ့ပိုးမှုတွေကို ထိခိုက်စေမှာမဟုတ်ဘူးလို့ ၎င်းတို့က အာမခံ ဖော်ပြခဲ့ပါတယ်။
အရေးပါတဲ့ ဆွေးနွေးချက်တစ်ရပ်ကတော့ 5-G နည်းပညာပိုင်းဖြစ်ပြီး အထူးအားဖြင့်တော့ အမေရိကန် ကုမ္ပဏီတွေကို Huawei နှင့်အတူ စီးပွားရေးဆက်လက်လုပ်ဆောင်ဖို့ အမေရိကန် ပြည်ထောင်စုက ခွင့်ပြုလိုက်ချိန်မှာ ဒီကိစ္စက အရေးပါလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကလည်း ဒီနည်းပညာကို လုပ်ဆောင်နေပြီး အမေရိကန်ပြည်ထောင်စုကဖော်ပြထားတဲ့ လုံခြုံရေး ကိစ္စတွေကို အိန္ဒိယနိုင်ငံမှာလည်း လေ့လာလုပ်ဆောင်လျှက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ နည်းပညာသစ်ကဏ္ဍမှာ စူးစမ်းလေ့လာမှုတွေ လုပ်ဆောင်နေပြီး စီးပွားရေးနှင့် နည်းပညာပိုင်း အခွင့်အလမ်း ၂ ခုစလုံးတို့အတွက် အိန္ဒိယနိုင်ငံကို မျက်စိကျနေတဲ့အပြင် အိန္ဒိယနိုင်ငံကလည်း ပူးပေါင်းလုပ်ဆောင်ဖို့နှင့် နည်းပညာ ဖွံ့ဖြိုးရေး ပုံဖော်မှုလုပ်ငန်းစဉ်တွေ ရှာကြံလျှက်ရှိပါတတယ်။ ဒါကြောင့် အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု စီးပွားရေးကဏ္ဍတွေနှင့် စက်မှုလုပ်ငန်းတို့ကို အတူတကွ လက်တွဲလုပ်ဆောင်ခွင့် ပြုသွားမှာဖြစ်ပြီး ရလဒ်အားဖြင့် အစိုးရ ၂ ရပ်စလုံးတို့မှာဘုံတည်ရှိနေကြတဲ့ ဆက်ဆံရေးတွေထက် များစွာတိုးတက် ကောင်းမွန်စေမှာဖြစ်ပါတယ်။
၂ နိုင်ငံအကြား နောက်ထပ် ပူးပေါင်းလုပ်ဆောင်ရေးနယ်ပယ်ကတော့ ကာကွယ်ရေးဖြစ်ပါတယ်။ အိုစာခါမြို့ ဆွေးနွေးပွဲမှာ များများစားစား မဆွေးနွေးခဲ့ပေမယ့် အိန္ဒိယနိုင်ငံဟာ ပိုမိုကျယ်ပြန့်တဲ့ အင်ဒို-ပစိဖိတ် ဒေသပိုင်းအတွင်း လုံခြုံရေး ပူးပေါင်းလုပ်ဆောင်မှုအပါအဝင် အမေရိကန် ပြည်ထောင်စုနှင့် ကာကွယ်ရေးရာ ဆက်ဆံရေးတွေ ပိုမို တိုးတက်နက်ရှိုင်းလာခဲ့ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး ဒုတိယယအကြိမ် (ဂျပန်၊ အမေရိကန်၊ အိန္ဒိယ) ၃ ပွင့်ဆိုင့် ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရဲ့ ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ၃ ပွင့်ဆိုင်ဆွေးနွေးမှုဟာ ဒေသပိုင်းတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံကဏ္ဍမှာ ၃ နိုင်ငံ ဖက်စပ်လုပ်ဆောင်သွားဖို့ နည်းလမ်းတွေကို သုံးသပ်ခဲ့ကြသလို ဒီ ၃ နိုင်ငံတို့ဟာ သဘောသဘာဝ သစ်တွေရဲ့ အကျိုးဖြစ်ထွန်းမှုဟာ ဒေသပိုင်း ၁ ခုလုံး ဘုံတူညီစေဖို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အလားတူ မျှော်မှန်းချက်ပန်းတိုင်တွေ မျှဝေတည်ရှိနေကြပါတယ်။ ဒီ ၃ နိုင်ငံတို့ဟာ အိန္ဒိယ သမုဒ္ဒရာဒေသပိုင်းရဲ့ ပင်လယ်ရေကြောင်းကဏ္ဍတွေမှာ လက်ရှိ နှစ်ဦးနှစ်ဖက် ပူးပေါင်းလုပ်ဆောင်မှုတွေ ထပ်ဆင့်ထားရှိသွားဖို့အတွက် နှစ်စဉ်အားဖြင့် ညီလာခံတစ်ရပ် ပြုလုပ်သွားကြဖို့ သဘောတူညီထားကြပြီး ဒါဟာဆိုရင် ဒီဒေသပိုင်းအတွင်း ပိုမိုများပြားလာနေတဲ့ တရုတ်နိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာ မျက်နှာပြောင်တိုက် ထားရှိမှုတွေဖြစ်ပေါ်နေတာကြောင့် ထူးခြားအရေးပါလှပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Stuti Banerjee ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment