“အိန္ဒိယနိုင်ငံက ‘အိမ်နီးချင်းပထမနဲ့’ ‘SAGAR’ ပေါ်လစီများအား ထပ်လောင်းအတည်ပြုလိုက်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ IDSA မှ သုတေသန ခွဲခြမ်းဆန်းစစ်သူ Dr. Gulbin Sultana ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက ‘အိမ်နီးချင်းပထမနဲ့’ ‘SAGAR’ ပေါ်လစီများအား ထပ်လောင်းအတည်ပြုလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ဝန်ကြီးချုပ် Mr Narendra Modi ဟာ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် သူ့ရဲ့ ပထမဦးဆုံး ပင်လယ်ရပ်ခြားခရီးစဉ်အဖြစ် လွန်ခဲ့တဲ့အပါတ် အလည်အပါတ်ခရီးစဉ်နဲ့ သွားရောက်ခဲ့ပါတယ်။ အဲဒီပင်လယ်ရေကြောင်း အိမ်နီးချင်းနှစ်နိုင်ငံသို့ အလည်အပါတ်ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ ထိပ်ဆုံးဦးစားပေးဖြစ်တဲ့ “အိမ်နီးချင်းပထမပေါ်လစီ” နဲ့ “ဒေသပိုင်းအတွင်းအားလုံးတိုပရဲ့ လုံခြုံရေးနဲ့ ကြီးထွားရေးဖြစ်တဲ့” “SAGAR” ပေါ်လစီကို ရောင်ပြန်ဟပ်စေလိုက်တာဘဲဖြစ်ပါတယ်။

အိမ်နီးချင်းပထမပေါ်လစီကို အာရုံပြုခဲ့ပေမဲ့ Mr Modi ဟာ ပထမအကြိမ် ဝန်ကြီးချုပ်သက်တမ်းမှာ အဲဒီနိုင်ငံအတွင်းက Mr Ibrahim Mohamed Solih အား သမ္မတအဖြစ် ရွေးချယ်ပြီးတဲ့နောက်ကာ ကုန်ဆုံးသွားတဲ့ နိုင်ငံရေးမတည်အငြိမ်မှုတွေကြောင့် မော်လဒိုက်နိုင်ငံကို တရားဝင်သွားရောက်လည်ပတ်ခြင်း မပြုလုပ်နိုင်ခဲ့ပါဘူး။ အိန္ဒိယဝန်ကြီး အဲဒီကျွန်းနိုင်ငံကို သမ္မတ Mr Solih ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဘို့ သွားရောက်ခဲ့ပါတယ်။ ဒုတိယအကြိမ် ဝန်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက် မော်လဒိုက်နိုင်ငံကို ပထမဦးဆုံး နိုင်ငံခြားသို့ ခရီးစဉ်အဖြစ် ရွေးချယ်ခဲ့ဒါဟာ သူ့ရဲ့အစိုးရရဲ့ Mr Solih အုပ်ချုပ်ရေးနဲ့ ရိုးရာဓလေ့ထုံးတမ်းအရ ခိုင်မာတဲ့ အိန္ဒိယ-မော်လဒိုက်ဆက်ဆံရေးတွေကို တိုးတက်စေလိုတဲ့ စိတ်ရင်းဆန္ဒအား ဖေါ်ပြလိုက်တာဘဲဖြစ်ပါတယ်။

ဒီနှစ်ရက်ကြာအလည်အပါတ်ခရီးစဉ်မှာ Mr Modi အား Order of Distinguished Rule of Izzudheen ဆုနဲ့ ချီးမြှင့် ဂုဏ်ပြုခဲ့ပါတယ်။ နယ်ပယ်များစွာတို့မှာ ပူးပေါင်းဆောင်ရွက်ဘို့ သဘောတူစာချုပ်များစွာတို့ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီထဲမှာ Hydrography ၊ ကျန်းမာရေးရေကြောင်းမှ ခရီးသည်နှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ တည်ထောင်ရေး၊ အကောက်ခွန် စွမ်းရည်တည်ဆောက်ရေး၊ မော်လဒိုက်အစိုးရ အမှုထမ်းတွေအတွက် လေ့ကျင့်သင်တန်းနဲ့ စွမ်းရည်တည်ဆောက်မှု အစီအစဉ်များနဲ့ အိန္ဒိယရေတပ်မတော်နဲ့ မော်လဒိုက်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (MNDF) သင်္ဘောလုပ်ငန်းဆိုင်ရာ သတင်းမျှဝေမှု စသောနယ်ပယ်တို့မှာ MoU နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းတို့ ပါဝင်ပါတယ်။ ဝန်ကြီးချုပ် Mr Modi ဟာ People’s Majlis လို့ခေါ်တဲ့ မော်လဒိုက်ပါလီမန်လွှတ်တော်သို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီအခန်းအနားဟာ Majlis ရဲ့ (၈၆) နှစ်မျှသော သမိုင်းစဉ်မှာ ပထမဦးဆုံးအကြိမ် နိုင်ငံခြားဂုဏ်ထူးဆောင်ပုဂ္ဂိုလ်တဦး တက်ရောက်အမှာစကားပြောကြားခဲ့ဒါဖြစ်ဒါမို့ အထူးဂုဏ်ယူစရာဘဲဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟာ မော်လဒိုက်ပါလီမန်လွှတ်တော်မှာ အမှာစကားပြောတဲ့အခါ၊ ဒီမိုကရေစီဝါဒ၊ တရားမျှတပြီး၊ တန်းတူဖြစ်စေတဲ့ ကမ္ဘာနဲ့ပါတ်သက်ပြီး သူ့ရဲ့အမြင်ကို ဖေါ်ပြခဲ့ကာ၊ ၎င်းအနေနဲ့ အိန္ဒိယသမုဒ္ဒရာဒေသပိုင်းမှာ တည်မြဲတဲ့ အေးချမ်းသာယာမှုနဲ့ တိုးတက်မှုတွေကို မြင်တွေ့လိုတဲ့ဆန္ဒရှိကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ Mr Modi ဟာ လွှတ်တော်ဥက္ကဌ Mr Mohamed Nasheed ဒုသမ္မတ Mr Faisal Naseem နဲ့ Maumoon Reform Movement ပါတီဥက္ကဌ Mr Maumoon Abdul Gayoom ၊ Jumhooree ပါတီဥက္ကဌ Mr. Qasim Ibrahim ၊ Adhaalath ပါတီဥက္ကဌ Mr Imran Abdulla တို့နဲ့တွေ့ဆုံပြီး ဆွေးနွေးပွဲတွေဟာ မော်လဒိုက်နိုင်ငံအတွင်း ဒီမိုကရေစီတိုးတက်ထွန်းကားရေးနဲ့ အာဏာရ မဟာမိတ်တွေကို ထိန်းသိမ်းကာကွယ်ရေးတွေကို အာရုံပြုခဲ့ကြပါတယ်။ ဒီခရီးစဉ်ဟာ အိန္ဒိယနဲ့ မော်လဒိုက်နိုင်ငံတို့အကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေတဲ့ ဖက်စပ်လုပ်ကိုင်မှုတွေကို ပိုမိုနက်ရှိုင်းစေရေးသို့ ဦးတည်ခဲ့ဒါဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အိန္ဒိယနိုင်ငံရဲ့ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်ရေးကို ထောက်ခံကြောင်း သမ္မတ Mr Solih ဟာ သူရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟာ သူ့ရဲ့ အိန္ဒိယနိုင်ငံသို့ အပြန်လမ်းခရီးမှာ သီရိလင်္ကာနိုင်ငံသို့ ခေတ္တာမျှ သွားရောက်လည်ပါတ်ခဲ့ပါတယ်။ Colombo မြို့မှာ (၄) နာရီကြာမျှ နေထိုင်စဉ် ဝန်ကြီးချုပ် Mr Modi ဟာ သမ္မတ Mr Maithripala Sirisena ၊ ဝန်ကြီးချုပ် Mr Ranil Wickremesinghe ၊ ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးတွေ၊ အတိုက်အခံပါတီခေါင်းဆောင် Mr Mahinda Rajapaksa ၊ နှင့် Tamil National Alliance ပါတီခေါင်းဆောင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ Mr Modi ဟာ St. Anthony’s Church ဘုရားရှစ်ခိုးကျောင်းကိုသွားရောက်ပြီး Easter Sunday တိုက်ခိုက်မှုမှာ အသက်ဆုံးရှုံးခဲ့ကြတဲ့ ဓါးစာခံတွေအား ဂါရဝပြုခဲ့ပါတယ်။

ဒီတိုတောင်းတဲ့ခရီးစဉ်ရဲ့ အဓိကအကြောင်းရင်းကတော့ ဒီနိုင်ငံဟာ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတွေကို တွေ့ကြုံခံစားနေရတဲ့အလျောက် အိန္ဒိယနိုင်ငံဟာ သီရိလင်္ကာနိုင်ငံနဲ့ စည်းလုံးစွာရပ်တည်နေဒါကို ဖေါ်ပြဘို့ဘဲဖြစ်ပါတယ်။ Mr Modi ဟာ Easter Sunday ဖေါက်ခွဲတိုက်ခိုက်မှုနောက်ပိုင်း ဒီကျွန်းနိုင်ငံကို လာရောက်ခဲ့တဲ့ ပထမဦးဆုံးသော နိုင်ငံခြားခေါင်းဆောင်တဦးဖြစ်ခဲ့ပါတယ်။ သီရိလင်္ကာသမ္မတ Mr Sirisena ဟာ အိန္ဒိယဝန်ကြီးချုပ်အား ကျေးဇူးတင်ရှိကြောင်းကို ဖေါ်ပြပြီး၊ ယခုအလည်အပါတ်ခရီးစဉ်က သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာမှုဖွံ့ဖြိုးရေးတို့ကို တိုးတက်မြင့်မားစေရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို ဒီနိုင်ငံရဲ့ခရီးလှည့်လည်သွားလာမှုလုပ်ငန်းအပေါ် ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ခရီးစဉ်က ကမ္ဘာကြီးကို သီရိလင်္ကာနိုင်ငံရဲ့ လုံခြုံရေးနဲ့ပါတ်သက်ပြီး၊ အပြုသဘောဆောင်တဲ့ အချက်ပြမှုတခု ပေးဆောင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နှစ်နိုင်ငံအကြား အပြန်အလှန်ဆွေးနွေးပွဲတွေမှာ အိန္ဒိယဝန်ကြီးချုပ်နဲ့ သီရိလင်္ကာသမ္မတတို့ဟာ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒတွေကို ရင်ဆိုင်တိုက်ဖျက်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကို တိုးမြှင့်ဘို့ သဘောတူခဲ့ကြပါတယ်။

အဆိုပါခရီးစဉ်တွေက ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ အကြမ်းဖက်ဝါဒ ရင်ဆိုင်တိုက်ဖျက်ရေးနဲ့ ပင်လယ်ရေကြောင်းလုံခြုံရေးတို့မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဘို့ စိတ်ဆန္ဒရှိဒါကို ဖေါ်ပြလိုက်တာဘဲဖြစ်ပါတယ် စသည်ဖြင့်ဆောင်းပါးရှင် Dr. Gulbin Sultana ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”