ဝန်ကြီးချုပ် Modi ၏ ကျမ်းသစ္စာကျန်ဆိုပွဲ အခမ်းအနားက၊ အင်ဒို-ပစ္စဖိတ်နယ်မြေဒေသတွင် အိန္ဒိယလှုပ်ရှားသည့် အခန်းကဏ္ဍကို ဖေါ်ပြခြင်း
သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ ဝန်ကြီးချုပ် Modi ၏ ကျမ်းသစ္စာကျန်ဆိုပွဲ အခမ်းအနားက၊ အင်ဒို-ပစ္စဖိတ်နယ်မြေဒေသတွင် အိန္ဒိယလှုပ်ရှားသည့် အခန်းကဏ္ဍကို ဖေါ်ပြခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ သံတမန်ရေးရာ သတင်းထောက် Dipanjan Roy Chaudhury ရေးသားပေးပို့တဲ့ ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနိုင်ငံတော်ဝန်ကြီးချုပ် Narendra Modi ရွေးကောက်ပွဲအနိုင်ရပြီး ဒုတိယအကြိမ် ၅ နှစ်သက်တမ်းအတွက် ဆက်လက်တာဝန်ယူဖို့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မနေ့က New Delhi မြို့တော်၊ သမ္မတအိမ်တော်ရဲ့ ရှေ့ရင်ပြင်မှာ တခမ်းတနား ကျင်းပခဲ့ပါတယ်။ အဲဒီကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ကြဖို့ BIMSTEC ခေါ် ဘင်္ဂလားပင်လယ်အော် ကဏ္ဍပေါင်းစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများရဲ့ ခေါင်းဆောင်များကို၎င်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများရဲ့ ခေါင်းဆောင်များကို၎င်း၊ အိန္ဒိယသမုဒ္ဒရာနယ်မြေရှိ နိုင်ငံများရဲ့ ခေါင်းဆောင်များကို၎င်း၊ ဖိတ်ကြားခဲ့ပါတယ်။ ဒီလိုဖိတ်ကြားခြင်းဖြင့်၊ အင်ဒို-ပစိဖိတ်ဒေသနယ်မြေမှ အိန္ဒိယနိုင်ငံ အင်အားကြီးနိုင်ငံတနိုင်ငံအဖြစ် သော့ချက်ကျသော အခန်းကဏ္ဍမှ လှုပ်ရှားလိုတဲ့ ရည်ရွယ်ချက်ကို ပြသလိုက်တာဖြစ်ပါတယ်။ Bangladesh နိုင်ငံသမ္မတကြီး Abdul Hamid ဟာ ဒီကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ပါတယ်။ ၎င်းဟာ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ခေါင်းဆောင်ပြီး တက်ရောက်လာခြင်းအားဖြင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့(ရှ) နှစ်နိုင်ငံအကြား ထူးကဲစွာ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုအသိအမှတ်ပြုကြောင်း ပြသလိုက်ပါတယ်။ BIMSTEC အဖွဲ့ရဲ့ ကျန်အဖွဲ့ဝင်နိုင်ငံအသီးသီးကလည်း ထိပ်တန်းခေါင်းဆောင်များ Mr Modi ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ကြွရောက်လာကြသော ဧည့်သည်တော်အသီးသီးဟာ Mr Modi နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးကြပါတယ်။ ဒီလိုဆွေးနွေးကြရာမှာ နှစ်နိုင်ငံအကြား တည်ရှိဆဲ အကျိုးတူဆက်ဆံရေး အခြေအနေကို သုံးသပ်ပြီး၊ ဝန်ကြီးချုပ် Modi ရဲ့ ဒုတိယဝန်ကြီးချုပ်သက်တမ်းကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်မဲ့ နည်းလမ်းများကိုလည်း ကြံဆကြပါတယ်။
နီပေါနိုင်ငံဝန်ကြီးချုပ် K.P Sharma Oli နဲ့ ဘူတန်နိုင်ငံဝန်ကြီးချုပ် Lotay Tshering တို့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ကြပါတယ်။ သီရိလင်္ကာနိုင်ငံကိုတော့ သမ္မတကြီး Maithripala Sirisena ကိုယ်တိုင် ကိုယ်စားပြုပြီးတက်ရောက်လာခဲ့ပါတယ်။ ယမန်နှစ်က ဖြစ်ပွားခဲ့သော သီရိလင်္ကာနိုင်ငံရေး အကြပ်အတည်းနဲ့ Easter တနင်္ဂနွေနေ့ အကြမ်းဖက်တိုက်ခိုက်မှုတို့ဟာ နယူးဒေလီအတွက် ရတက်မအေးစရာကိစ္စတွေ ဖြစ်ပါတယ်။ သီရိလင်္ကာသမ္မတ Srisena နဲ့ အိန္ဒိယဝန်ကြီးချုပ် Modi တို့၊ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးထားဆွေးနွေးခဲ့ကြပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ အခြားသောကိစ္စရပ်များအပေါ်လည်းဆွေးနွေးခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်သမ္မတ ရွေးကောက်ပွဲအနိုင်ရပြီး Mr Sirisena သီရိလင်္ကာနိုင်ငံရဲ့ သမ္မတဖြစ်လာကတည်းက ၎င်းနဲ့ Mr Modi အကြားဆက်ဆံရေးအလွန်ချစ်ကြည်ရင်းနှီးလာခဲ့ပါတယ်။ ၎င်းဟာ New Delhi သို့ အကြိမ်ကြိမ်လာရောက်ခဲ့ပါတယ်။ ရှေ့နှစ်ဇန်နဝါရီလမှာ သီရိလင်္ကာသမ္မတရွေးကောက်ပွဲ ကျင်းပဘို့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ သမ္မတကြီးဦးဝင်းမြင့်ဟာလည်း ဝန်ကြီးချုပ် Narendra Modi ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးတို့ အလွတ်သဘော ဆွေးနွေးခဲ့ကြပါသေးတယ်။
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ကတော့ တနေ့ထဲတိုက်တိုက်ဆိုင်ဆိုင်ကျမ်းသစ္စာကျိန်ဆိုရမှာဖြစ်လို့ Mr Modi ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ သူ့ကိုယ်စား အထူးသံတမန်ကို စေလွှတ်ခဲ့ပါတယ်။ အိန္ဒိယ-ASEAN ထိပ်သီးညီလာခံနဲ့ အရှေ့အာရှထိပ်သီးညီလာခံတွေ တက်ရောက်ဖို့အတွက် Mr Modi ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံသို့ သွားရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အပြုသဘောမဆောင်တဲ့ သဘောထားကြောင့် SAARC ခေါ် တောင်အာရှဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မိမိရဲ့ လုပ်ငန်းဆောင်တာတွေကို ချောမောစွာ မလုပ်ကိုင်နိုင်ဘဲဖြစ်နေတဲ့ အခြေအနေမှာ Modi အစိုးရဟာ BIMSTEC အဖွဲ့ကို ဦးစားပေးလာခဲ့ပါတယ်။ Mr Modi ဟာ ၂၀၁၆ ခုနှစ်က Goa ပြည်နယ်မှာ BRICS ထိပ်သီးညီလာခံကျင်းပတာနဲ့တပြိုင်နက်၊ BIMSTEC အဖွဲ့ အလွတ်သဘောညီလာခံနဲ့ BRICS-BIMSTEC ၂ ဖွဲ့ တွေ့ဆုံဆွေးနွေးပွဲတို့ကိုပါ ကျင်းပပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကစပြီး၊ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိတွေ၊ အစည်းအဝေးများ အချိန်မှန်မှန် ပြုလုပ်ကြပြီး ဒီဒေသအတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနဲ့ အကြမ်းဖက်ဝါဒတို့ကို တိုက်ဖျက်ဖို့ ဆွေးနွေးတိုင်ပင်လာခဲ့ကြပါတယ်။ BIMSTEC မော်တော်ယဉ်ပြေးဆွဲမှု သဘောတူညီချက်ဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသအတွင်း ကူးလူးသွားလာနိုင်ကြရေးကို ရှေးရှုသော ရည်ရွယ်ချက်ကြီးမားတဲ့ စီမံကိန်းတခုဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒနှိမ်နှင်းရေးနဲ့ပတ်သက်လို့ဖြစ်စေ၊ ဒေသတွင်း ကူးလူးသွားလာရေးလမ်းကြောင်းများဖွင့်လှစ်ရေးနဲ့ပတ်သက်လို့ဖြစ်စေ ပူးပေါင်းဆောင်ရွက်ရေးကို ပါကစ္စတန်နိုင်ငံက ငြင်းဆန်တာကြောင့်၊ SAARC အဖွဲ့ဟာ ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။ ဒါကြောင့် Modi အစိုးရဟာ BIMSTEC အဖွဲ့ဝင်နိုင်ငံတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို တည်ဆောက်လာခဲ့ပါတယ်။ BIMSTEC အဖွဲ့ဟာ တရုတ်နိုင်ငံ အလုံးအရင်းနဲ့ ဝင်ရောက်လာနေသော ဘင်္ဂလားပင်လယ်အော် ကမ်းခြေနိုင်ငံတွေနဲ့ အရှေ့တောင်အာရှကို အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့ လှုပ်ရှားရေးမူဝါဒအရ ပေါင်းကူးဆက်သွယ်ရာ လမ်းကြောင်းတခု ဆက်သွယ်နိုင်မဲ့ အခွင့်အလမ်းကောင်းတခုဖြစ်ပြီး၊ အဲဒီဒေသမှာ အိန္ဒိယရောက်ရှိလာမှုကို မြင်သာစေမှာဖြစ်ပါတယ်။
အစဉ်အလာအားဖြင့် အိန္ဒယနိုင်ငံ ဩဇာလွှမ်းမိုးရာ နယ်မြေအဖြစ် ယူဆခဲ့သော ဘင်္ဂလားပင်လယ်အော် နယ်မြေသို့ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာတာကြောင့် BIMSTEC အဖွဲ့ဟာ အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာအရ အရေးကြီးပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်သော မလက္ကာရေလက်ကြားဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ထိစပ်နေပါတယ်။ တရုတ်နိုင်ငံဟာ အိန္ဒိယနဲ့ ဘူတန်နှစ်နိုင်ငံကလွဲလို့ BIMSTEC အဖွဲ့ဝင် နိုင်ငံတိုင်းမှာ စီမံကိန်းကြီးများစွာ တာဝန်ယူတည်ဆောက်နေပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ကုန်စည် ၂၅% နီးပါးအတွက် ဘင်္ဂလားပင်လယ်အော်ဟာ ဖြတ်သန်းသယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းဖြစ်ပါတယ်။ ဒါ့အပြင်၊ အထူးသဖြင့် ရေနံနဲ့ ဓါတ်ငွေ့အပါအဝင်ဖြစ်သော မတူးဖေါ်ရသေးသော သယံဇာတတွေလဲ ဘင်္ဂလားပင်လယ်အော်မှာ ရှိနေပါတယ်။ ဒီဘင်္ဂလားပင်လယ်အော်က ရေနံနဲ့ ဓါတ်ငွေ့သိုက်တွေဟာ အနာဂတ်မှာ လောင်စာစွမ်းအင်ထုတ်ယူရာ အရင်းအမြစ်တွေ ဖြစ်လာကြမှာပါ။ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေနဲ့ အိန္ဒိယအကြား ကောင်းမွန်ခိုင်ခန့်တဲ့ဆက်ဆံရေး ထွန်းကားမယ်ဆိုရင်၊ ဘင်္ဂလားပင်လယ်အော် နယ်မြေအပေါ် အိန္ဒိယနိုင်ငံရဲ့ ဩဇာ တရုတ်နိုင်ငံထက်ပိုပြီး နေရာယူလာနိုင်မှာဖြစ်ပါတယ်။
တချိန်ထဲမှာ Mr Modi ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လက်ရှိဥက္ကဌဖြစ်သော Kyrgyzstan နိုင်ငံကို ဖိတ်ကြားခဲ့တာဟာလဲ၊ အာရှအလယ်ပိုင်းဒေသနဲ့ တိုးချဲ့ Eurasia နယ်မြေများသို့ အိန္ဒိယနိုင်ငံ တိုးချဲ့ဝင်ဆန့်လိုတာကို အချက်ပြပါတယ်။ အဲဒီနယ်မြေများသို့ တရုတ်နိုင်ငံ အလုံးအရင်းနဲ့ ဝင်ရောက်လုပ်ကိုင်နေပါတယ်။
အာရှအလယ်ပိုင်းမှာ အိန္ဒိယနိုင်ငံ ပိုပြီးကျယ်ပြန့်သော အခန်းကဏ္ဍများမှ ဝင်ရောက်လှုပ်ရှားမှာကို အဲဒီဒေသက နိုင်ငံတွေ လိုလားကြပါတယ်။ အဲဒီလို အိန္ဒိယနိုင်ငံပိုပြီး အားကောင်းစွာ ဝင်ရောက်လာရင်၊ အဲဒီနိုင်ငံတွေအတွက် ရွေးချယ်စရာ မဟာဗျူဟာကျသော နည်းလမ်းများ ပိုပြီး ရရှိလာကြမှာဖြစ်ပါတယ်။ ဒီလနှောင်းပိုင်း Bishkek မြို့တော်မှာ ကျင်းပမဲ့ Shanghai ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးညီလာခံနဲ့ ကြုံတုံး၊ Mr Modi အနေနဲ့ အာရှအလယ်ပိုင်းခေါင်းဆောင်အားလုံးနဲ့ တွေ့ဆုံလိမ့်ဦးမယ်လို့ မျှော်လင့်ရပါတယ်။ Mauritius နိုင်ငံဝန်ကြီးချုပ် Pravind Jugnauth ၊ Mr Modi ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လာခြင်းကိုထောက်ရင်၊ Mauritius နိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာအနောက်ခြမ်းမှာ အိန္ဒိယနိုင်ငံရဲ့ အရင်းနှီးဆုံး မိတ်ဖက်နိုင်ငံဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အချုပ်အားဖြင့် အိန္ဒိယအစိုးရသစ်အနေနဲ့ ဒီဒေသအတွက် လုံခြုံရေးတာဝန်ယူကာကွယ်စောင့်ရှောက်သော နိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားလိုပါတယ်။ နောက်ပြီး သမုဒ္ဒရာက သယံဇာတတွေကို အများဆုံးဖေါ်ထုတ်သုံးစွဲရေးအတွက်လဲ၊ New Delhi က ဆက်ပြီး လုံခြုံရေးအကာအကွယ် ပေးသွားလိုကြောင်း ဆောင်းပါးရှင် Dipanjan Roy Chaudhury ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment