“JAL Shakti ခေါ် ရေစွမ်းအားဝန်ကြီးဌာနက နိုင်ငံတော်ရဲ့ ရေပြဿနာများကိုဖြေရှင်းရန်ရှိခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်ကးကဏ္ဍမှာ ဝါရင့်သိပ္ပံရေးရာ ဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် BIMAN BASU ဝေဖန်ရေးသားပေးပို့ထားတဲ့ “JAL Shakti ခေါ် ရေစွမ်းအားဝန်ကြီးဌာနက နိုင်ငံတော်ရဲ့ ရေပြဿနာများကိုဖြေရှင်းရန်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ရေဟာ လူ့ဘဝအတွက် မရှိမဖြစ်တဲ့အရာဖြစ်ပေမဲ့ ယခုတိုင် ကမ္ဘာပေါ်မှာ လူပေါင်း (၈၄၄) သန်းနီးပါးတို့ဟာ ရေရရှိဘို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ World Economic Forum ရဲ့ အစီအရင်ခံချက်အရ၊ ကမ္ဘာ့လူမှုအသိုင်းအဝိုင်းတို့အပေါ် အကျိုးသက်ရောက်ရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေထဲမှာ ရေပြဿနာဟာ စတုတ္ထမြောက်ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အိန္ဒိယနိုင်ငံမှာလည်း မထူးခြားပါဘူး။ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ (၁၀) စုနှစ်များမှာ ရေရရှိရေးနဲ့ သောက်သုံးနိုင်တဲ့ မြူနီစီပယ်ရေပေးစနစ်တို့ကို ထူးကဲစွာ တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခဲ့ပေမဲ့၊ ပြည်သူလူထုအများစုတို့ဟာ စီမံကွပ်ကဲတဲ့ ရေအရင်းအမြစ်တွေအတွက် ဖိအားပေးခဲ့ကြပြီး၊ များသောအားဖြင့် တောလက်ကျေးရွာပိုင်းတွေကို ချန်လှပ်ထားခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံရဲ့ မြို့ပိုင်းဒေသတွေမှာ လျင်မြန်စွာ ကြီးထွားလာနေဒါက အစိုးရရဲ့ ဖြေရှင်းချက်တွေအား အချိန်ကြာစေခဲ့ပြီး၊ နောက်ဆုံးမှာ ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် ပြောင်းလဲဘို့ သဘောတူခဲ့ရပါတယ်။
သောက်သုံးရေအတွက် တိုးတက်ကောင်းမွန်စေမှုတွေ အများအပြားရှိနေသော်ငြားလည်း၊ တခြားရေအရင်းအမြစ်တွေဟာ ဇီဝဗေဒနဲ့ ဓါတုဗေဒညစ်ညမ်းမှု နှစ်မျိုးစလုံးတို့ကြောင့် မသန့်မရှင်းဖြစ်ကြရကာ၊ နိုင်ငံရဲ့ အနာရောဂါ ၂၁% တို့ဟာ ရေနဲ့သက်ဆိုင်တဲ့ ရောဂါတွေဖြစ်ကြပါတယ်။ ဒီထက်ပိုပြီး လေ့လာမယ်ဆိုရင် အခြေအနေတွေဟာ တိုးတက်လာပေမဲ့ နိုင်ငံတော်ရဲ့ ၃၃% မျှသော ပြည်သူတို့မှာသာ ထုံးတမ်းအစဉ်အလာဖြစ်တဲ့ သန့်စင်မှုကို ရရှိကြပါတယ်။ စိုးရိမ်ဖွယ်ရာအချက်တချက်ကတော့ အိန္ဒိယနိုင်ငံဟာ ရေအရင်းအမြစ်တွေကို ရေရှည်အစားထိုးအားဖြည့်ပေးနိုင်တဲ့ ဘက်စုံအကျိုးသက်ရောက်စေမှုတွေ မရှိဘဲ ရှိနေမှာဘဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရေရရှိရေးဟာ လက်ရှိကာလမှာ ရေအရင်းအမြစ်တွေကို အားသစ်လောင်း ဖြည့်ဆည်းပေးခြင်းနဲ့ ဆက်စပ်နေချိန်မှာ နိုင်ငံတော်က အဓိက ကောက်ပဲသီးနှံ ထုတ်လုပ်ရာနိုင်ငံလည်းဖြစ်ဒါမို့၊ စိုက်ပျိုးကုန်ထုတ်လုပ်ဘို့အတွက် ရေအမြောက်အများလိုအပ်ပါတယ်။ နိုင်ငံအားလုံးတို့ဟာ စားသောက်ကုန်ထုတ်လုပ်ရေးအတွက် ရေအပိုအလျှံမြောက်များစွာလိုအပ်နေဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေမျက်နှာပြင်လည်း လျော့နည်းပျောက်ကွယ်လာနေပါတယ်။
အစိုးရရဲ့ စီမံကိန်းကော်မရှင်ဖြစ်တဲ့ NITI Aayog ရဲ့ ဖေါ်ပြချက်အရ အိန္ဒိယနိုင်ငံသား သန်းပေါင်း (၆၀၀) နီးပါးတို့ဟာ အလွန်မြင့်မားတဲ့အဆင့်မှ အလွန့်အလွန်မြင့်မားတဲ့အဆင့်အထိ ရေပြဿနာကို ကြုံတွေ့နေကြရပြီး၊ မိသားစုပေါင်း ၇၅% တို့မှာ မိမိတို့အိမ်အတွင်း သောက်သုံးရေမရှိဖြစ်ကြရပါတယ်။ တချိန်တည်းမှာဘဲ နှစ်စဉ် ပြည်သူ (၂) သိန်းခန့်တို့ဟာ သင့်လျော်ပြီး၊ ဘေးကင်းတဲ့ရေမရရှိဒါကြောင့် အသက်ဆုံးရှုံးကြရတယ်လို့ သိရှိရပါတယ်။ နှစ်စဉ် ဧပြီလမှ ဇူလိုင်လအထိ နိုင်ငံအတွင်းက အနည်းဆုံးပြည်နယ် (၈) ခုတို့ဟာ အစဉ်အမြဲ ရေပြဿနာကို ကြုံတွေ့ကြရပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးနွေးမှုတွေဟာ ဒီအရေးကိစ္စကို ပိုပြီး ဆိုးဝါးအောင် ပြုလုပ်မယ့်ဟန်ရှိနေပါတယ်။
ကြီးမားလာနေတဲ့ အကြပ်အတည်းတွေကို ရင်ဆိုင်ဘို့အတွက် အစိုးရဟာ Jal Shakti ခေါ် ရေစွမ်းအားဝန်ကြီးဌာနသစ်ကို ဖွင့်လှစ်လိုက်ပြီး၊ သန့်စင်သော သောက်ရေပေးကမ်းဘို့နဲ့ အိန္ဒိယနိုင်ငံရဲ့ ရေပြဿနာကို ဖြေရှင်းဘို့ ရည်မှန်းထားပါတယ်။ ဒီဝန်ကြီးဌာနသစ်ကို ရေအရင်းအမြစ်များ၊ မြစ်များဖွံ့ဖြိုးရေးနဲ့ ဂင်္ဂါမြစ်ပြန်လည်သန့်စင်စေရေးဝန်ကြီးဌာနနဲ့ သောက်သုံးရေနဲ့ ကျန်းမာသန့်စင်ရေးဝန်ကြီးဌာနတို့နဲ့ ပေါင်းဆည်းထားပါတယ်။
ဒီခြေလှမ်းဟာ ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ ရွေးကောက်ပွဲမဲဆွယ်မှုတွေမှာ ဂတိပြုခဲ့တဲ့ NDA အစိုးရရဲ့ အဓိကအစပျိုးလုပ်ငန်းဟာ ဘေးကင်းတဲ့ သောက်သုံးရေရရှိရေးဘဲဖြစ်တယ်လို့ ဖေါ်ပြခဲ့ဒါကို ဖြည့်ဆည်းလိုက်ဒါဘဲဖြစ်ပါတယ်။ ဝန်ကြီးချုပ်က သန့်ရှင်းတဲ့ရေနဲ့ တောင်သူလယ်သမားတွေအတွက် ထိပ်တန်းတူးမြောင်းရေရရှိဘို့အတွက် သီးခြားဝန်ကြီးဌာန ဖွင့်လှစ်လိမ့်မယ်လို့ ဖေါ်ပြခဲ့ဒါကို ယခုအခါ အကောင်အထည်ဖေါ်နေဒါဖြစ်ပါတယ်။ အစိုးရရဲ့ဖေါ်ပြချက်အရ အသစ်တည်ထောင်လိုက်တဲ့ Jal Shakti ဝန်ကြီးဌာနဟာ ရေအရင်းအမြစ်ဝန်ကြီးဌာနနဲ့ သောက်သုံးရေနဲ့ ကျန်းမာသန့်စင်ရေး ဝန်ကြီးဌာနတွေနဲ့ ပိုပြီးကျယ်ပြန့်တဲ့ နယ်ပယ်တွေကို တာဝန်ယူလိမ့်မယ်လို့ သိရှိရပါတယ်။ လက်ရှိကာလမှာ ဗဟိုအစိုးရဝန်ကြီးဌာနများစွာတို့ဟာ ရေပြဿနာကို တပိုင်းစီ လက်ကိုင်ဖြေရှင်းလျှက်ရှိကြပါတယ်။ ဥပမာအားဖြင့် သစ်တောနဲ့ ပါတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနဟာ နိုင်ငံအတွင်းက မြစ်အများကို ထိန်းသိမ်းကာကွယ်ဘို့ လုပ်ကိုင်နေပါတယ်။ အလားတူဘဲ မြို့ပိုင်းရေဖြန့်ဖြူးရေးကို အိမ်ယာတည်ဆောက်ရေးနဲ့ မြို့ပိုင်းဆိုင်ရာ အရေးကိစ္စများဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနလက်အောက်က Micro- ဆည်မြောင်းတူးဖော်ရေးဌာနတွေက တာဝန်ယူ လုပ်ကိုင်လျှက်ရှိနေကြပါတယ်။
အထူးသဖြင့် အသစ်ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနဟာ နိုင်ငံတော်ရဲ့ ရေလိုအပ်မှု ၈၀% အတွက် တာဝန်ရှိနေတဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ စေ့စပ်ညှိနှိုင်းရေးပေါ်လစီတခု ရေးဆွဲချမှတ်ဘို့ လိုအပ်ပါတယ်။ အဲဒီလိုပြုလုပ်ခြင်းက ကွဲပြားခြားနားတဲ့ ရာသီဥတုဇုံမြေအလိုက် မှန်ကန်သင့်လျော်တဲ့ အစားထိုးသီးနှံတွေ ရွေးချယ်ရာမှာ လမ်းညွှန်မှုပေးနိုင်ပြီး၊ မိုးရေနည်းပါးတဲ့ အရပ်ဒေသတွေမှာ ရေစုဆောင်းရေးနည်းလမ်းဖြစ်တဲ့၊ ရေပန်းများအသုံးခြင်းနဲ့ တူးဖော်ရေးမှ ရေရရှိခြင်း နည်းပညာတွေအားဖြင့် နောက်ဆုံးမှာ ရရှိနိုင်တဲ့ရေအရင်းအမြစ်တွေကို အများဆုံး အသုံးပြုနိုင်ပါလိမ့်မယ် စသည်ဖြင့် ဆောင်းပါးရှင် BIMAN BASU ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment