“G-20 ဘဏ္ဍာရေးဝန်ကြီးများနဲ့ ဗဟိုဘဏ်တိုက်ကြီးများ၏ အုပ်ချုပ်ရေးအရာရှိချုပ်များ တွေ့ဆုံဆွေးနွေးပွဲ”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Manohar Manoj ဝေဖန်ရေးသားပေးပို့ထားတဲ့ “G-20 ဘဏ္ဍာရေးဝန်ကြီးများနဲ့ ဗဟိုဘဏ်တိုက်ကြီးများ၏ အုပ်ချုပ်ရေးအရာရှိချုပ်များ တွေ့ဆုံဆွေးနွေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
နှစ်ရက်ကြာ G-20 ဘဏ္ဍာရေးဝန်ကြီးများနဲ့ ဗဟိုဘဏ်တိုက်ကြီးများရဲ့ အုပ်ချုပ်ရေးအရာရှိချုပ်များ တွေ့ဆုံပွဲကို Japan နိုင်ငံ Fukuoka မြို့မှာကျင်းပခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲဟာ လက်ရှိကမ္ဘာလုံးဆိုင်ရာစီးပားရေးအကြပ်အတည်းတွေကြောင့် ပေါ်ပေါက်ခဲ့ဒါဖြစ်ပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ G-20 အဖွဲ့ဝင်တွေရဲ့ စိုးရိမ်ကြောင့်ကြဖွယ်ရာ ကုန်သွယ်ရေးနဲ့ အခွန်များဆိုင်ရာ အခြေအနေတွေကို တွေးတောစဉ်းစားခြင်းနဲ့ ထောက်ပြပြောဆိုဆွေးနွေးခြင်းသာမက ဒီအစည်းအဝေးပွဲမှာ ယခုလနှောင်းပိုင်း Osaka မြို့မှာကျင်းပဘို့ရှိတဲ့ G-20 ထိ်ပသီးညီလာခံအတွက် အခြေခံလုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်ချမှတ်ခဲ့ကြပါတယ်။ အဆိုပါအစည်းအဝေးပွဲဟာ စီးပွားရေးအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ကျင့်သုံးနေကြတဲ့ “ကိုယ်ကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးဝါဒ” ပေါ်လစီကို ပြန်လည်စဉ်းစားသုံးသပ်ဘို့ နည်းလမ်းတွေအတွက်လည်း လမ်းဖွင့်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် ဒီတွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံပေါင်းစုံ နည်းပညာနဲ့ Facebook နဲ့ Google တွေလို digital ကုမ္ပဏီတွေအတွက် အခွန်ကောက်ယူရေးအဖွဲ့အစည်းသစ်တခု ဖန်တီးဘို့ လိုအပ်ဒါကိုလည်း အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒီအစည်းအဝေးပွဲမှာ တကမ္ဘာလုံးမှာဖြစ်ပေါ်နေတဲ့ တရားမဝင် ငွေလဲလှယ်မှု၊ ဘဏ်လုပ်ငန်းတွေမှာ လိမ်လည်မှု၊ ဘဏ္ဍာရေးရာဇဝတ်မှုနဲ့ စီးပွားရေးပြစ်မှုတွေကို စောင့်ကြည့်ဘို့ လိုအပ်ဒါနဲ့ပါတ်သက်ပြီး၊ ဟောပြောဆွေးနွေးခဲ့ကြပါတယ်။
G-20 အဖွဲ့ဝင်နိုင်ငံတွေရဲ့ Fukuoka မြို့ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးပွဲဟာ သူတို့ရဲ့ အပြန်အလှန်ကုန်သွယ်ရေးကို အန္တရာယ်ကျရောက်စေဒါမကဘဲ တကမ္ဘာလုံးရဲ့ ကုန်သွယ်ရေးကိုလည်း အလွန်အမင်း ထိခိုက်စေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ထင်ရှားစွာ ပေါ်ထွက်လာတဲ့ အစည်းအဝေးတခုဖြစ်ဟန်ရှိပါတယ်။ မှတ်သားရမဲ့အချက်ကတော့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးကွာဟမှုတန်ဘိုး ဒေါ်လာပေါင်း ၃၇၉ ဘီလျံကို ရင်ဆိုင်ဖြေရှင်းဘို့အတွက် အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံရဲ့ တန်ဘိုးအားဖြင့် ဒေါ်လာပေါင်း (၂၅၀) ဘီလျံရှိတဲ့ သွင်းကုန်တွေအပေါ် နောက်ထပ်အခွန် ၂၅% တိုးမြှင့်ချမှတ်လိုက်တာဘဲဖြစ်ပါတယ်။ တရုတ်နိုင်င့ကလည်း တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှ တန်ဘိုးအားဖြင့် ဒေါ်လာပေါင်း (၁၁၀) ဘီလျံရှိတဲ့ သွင်းကုန်တွေအပေါ် အခွန်တွေ ချမှတ်လိုက်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ပမာဏဟာ အတော်အတန်လျော့နည်းလာပြီး ကမ္ဘာလုံးဆိုင်ရာ ကြီးထွားမှုနှုန်းကို ၀.၅% လျော့နည်းသွားစေလျှက်ရှိပါတယ်။ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ဟာ ၂၀၁၉ ခုနှစ်အတွက် သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကြီးထွားမှု ခန့်မှန်းချက်ကို ၃.၆% မှ ၃.၃% အထိ လျော့ချထားပြီးဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ဆက်လက်ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့က လာမဲ့ Osaka G-20 ထိပ်သီးညီလာခံကာလမှာ အပြန်အလှန်အရေးကိစ္စတွေကို ဆွေးနွေးဖြေရှင်းခြင်းမပြုမချင်း အဆုံးမရှိ ဆက်လက်ဖြစ်ပွားနေမှာသာဖြစ်ပါတယ်။ သို့သော်ငြားလည်း ဒီအစည်းအဝေးပွဲကို တက်ရောက်ခဲ့တဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Mr Steven Mnuchin ဟာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲကို စိုးရိမ်းကြောင့်ကြစရာအဖြစ် ပြုလုပ်လိုက်ပါတယ်။ သူဟာ အကယ်၍သာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က သူတို့ရဲ့ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတွေကို မဖြေရှင်းနိုင်ကြဘူးဆိုရင် အမေရိကန်ပြည်ထောင်စုက တန်ဘိုးအားဖြင့် ဒေါ်လာပေါင်း (၃၀၀) ဘီလျံကျော်ရှိတဲ့ တရုတ်နိုင်ငံမှ တင်သွင်းကုန်တွေအပေါ် နောက်ထပ်အခွန်တွေ ချမှတ်လိမ့်မယ်လို့ ဖေးပြလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံအပေါ် ကန့်သတ်ချက်တွေ ချမှတ်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုအပါအဝင် တခြားနိုင်ငံတွေမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများစွာတို့ရဲ့ ကံကြမ္မာကို ထိခိုက်ပြောင်းလဲစေနိုင်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကြီးထွားမှုကို ပေးဆောင်နိုင်လိမ့်မယ်လို့ ယူဆလျှက်ရှိပါတယ်။ ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Mr Taro Aso ဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ လက်ကိုင်ကျင့်သုံးနေကြတဲ့ “ကိုယ်ကျိုးကာကွယ်စောင့်ရှောက်ရေး” ပေါ်လစီမူဝါဒဟာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကြီးထွားမှုစွမ်းရည်ကိုလည်း နိမ့်ကျသွားစေခဲ့တယ်လို့ ခံစားမိကြောင်း ဖေါ်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ G-20 ဘဏ္ဍာရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲရဲ့ အလားအလာရှုမြင်ချက်ဟာ အပြန်အလှန်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအရ အခွန်ချမှတ်ခြင်း ရှောင်ရှာမှုနဲ့ပါတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းဥပဒေတခု ဖန်တီးရေးအပြင် နိုင်ငံတကာအခွန်ချမှတ်ခြင်းအတွက် အဖွဲ့အစည်းသစ်တခု တည်ထောင်ရေးတို့ ဖြစ်ကြပါတယ်။ အသစ်ခန့်အပ်ခြင်းခံရတဲ့ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးသစ် Mrs Nirmala Sitharaman ဟာ Fukuoka တွေ့ဆုံပွဲကို မတက်ရောက်မှီ သူမရဲ့ အေဂျင်ဒါကို ဖေါ်ပြပြီးဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက ယခုလို နည်းလမ်းတွေမရှိဘဲ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အမြတ်တော်ခွန် စွမ်းရည်ကို နစ်နာစေလိမ့်မယ်လို့ ယူဆနေပါတယ်။ နည်းပညာရှင် နိုင်ငံပေါင်းစုံတို့ဟာ အခွန်ပေးဆောင်မှုကို အကြီးအကျယ် ရှောင်ရှားနေကြတဲ့အလျောက် သူတို့ရဲ့ သုံးစွဲမှုနဲ့ အခြေစိုက်နိုင်ငံနဲ့ပါတ်သက်ပြီး တွက်ချက်ဘို့ ခက်ခဲနေပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ကုန်သွယ်ရေးလည်း ထိခိုက်စေဒါကို မှတ်သားရမယ်ဖြစ်ပါတယ်။
G-20 အဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံကို ကိုယ်စားပြုလျှက်ရှိပြီး၊ ဒီအဖွဲ့ကြီးက ကမ္ဘာ့ကုန်သွယ်ရေးစုစုပေါင်းရဲ့ ၈၅% ကျော်ကို ပေါ်ပေါက်စေလျှက်ရှိပါတယ်။ Fukuoka တွေ့ဆုံဆွေးနွေးပွဲကလည်း တခြားနိုင်ငံပေါင်း (၅၀) ကျော်မှ ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများညီလာခံနဲ့အတူ ကျင်းပခဲ့ဒါဖြစ်ပါတယ်။ G-20 ဘဏ္ဍာရေးဝန်ကြီးတွေဟာ Fukuoka တွေ့ဆုံပွဲမှာ လာမဲ့ Osaka G-20 ထိပ်သီးညီလာခံအတွက် အများသဘောတူညီတဲ့ ဖြေရှင်းချက်ရရှိနိုင်ရေးအတွက် စင်္ကြံန်သစ်တခု ပေးဆောင်ဘို့ ကြိုးပမ်းခဲ့ကြပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Manohar Majoj ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား။

Comments
Post a Comment