အိန္ဒိယနိုင်ငံသည် ပဥ္စမမြောက် မျိုးဆက်နည်းပညာ ကဏ္ဍသစ်ဖွင့်လှစ်ရန်ရှိ

သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် K V Venkatasubramanian ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် ပဥ္စမမြောက် မျိုးဆက်နည်းပညာ ကဏ္ဍသစ်ဖွင့်လှစ်ရန်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
လာမည့်ရက်ပေါင်း ၁၀၀ အတွင်း အိန္ဒိယနိုင်ငံသည် ပဥ္စမမျိုးဆက် သို့မဟုတ် 5G မိုဘိုင်း ဆက်သွယ်ရေး နည်းပညာစမ်းသပ်မှုပြုလုပ်ဖို့ အသင့်ရှိနေပါတယ်။ ဒီလာမယ့် မျိုးဆက် မိုဘိုင်းဖုန်း ကွန်ယက်ဟာ ဆက်သွယ်မှုမြန်နှုန်း ပိုမိုမြင့်မားပြီး၊ တုံ့ပြန်မှုအချိန်နိမ့်ပါးခြင်းနှင့် လက်ရှိ 4G ကွန်ယက်များထက် ပိုပြီးယုံကြည်အားထားနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။
ခေတ်မီ 5G နည်းပညာဟာ တိုင်းပြည်အပေါ် နက်ရှိုင်းသော အကျိုးသက်ရောက်လိမ့်မယ်ဖြစ်ပါတယ်။ 5G မိုဘိုင်းဆက်သွယ်ရေးဟာ လက်ရှိ 2G၊ 3G နှင့် 4G မိုဘိုင်းကွန်ယက်ကို ဖြည့်စွက်သွားမယ်လို့ မျှော်မှန်းထားပါတယ်။ အမြန်ဆုံးနှုန်းဖြစ်သော 5G ဟာ ဒီဂျစ်တယ် ပြည့်စုံပါဝင်မှုအတွက် အဓိက အခမ်းကဏ္ဍမှ ပါဝင်သွားမှာဖြစ်ပါတယ်။ ၎င်းဟာ အိန္ဒိယနိုင်ငံ၌ အဓိက လူ့အဖွဲ့အစည်း အသွင်ကူးပြောင်းဖို့လည်း ကူညီလိမ့်မယ်ဖြစ်ပါတယ်။
5G နည်းပညာကို ချို့တည့်တဲ့ ကဏ္ဍများ၊ လူမှုရေး အကြောင်းအရာများ၊ ပညာရေးနှင့် ကျန်းမာရေးနှင့် ကျေးလက်ပြည်သူများ နည်းပညာအသုံးပြုလာအောင် အထောက်အကူပြုနိုင်ကြောင်း ဇွန်လ ၃ ရက်နေ့က တာဝန်ထမ်းယူခဲ့သော အိန္ဒိယ ကြေးနန်း ဆက်သွယ်ရေးဝန်ကြီး Mr. Ravi Shankar Prasad က ပြောဆိုခဲ့ပါတယ်။
စမ်းသပ်မှုတွေကို အနည်းဆုံး ၆ လ သို့မဟုတ် ၆ လကျော် စီစဉ်ထားပါတယ်။ လာမယ့်နှစ်မှစပြီး 5G နည်းပညာ တဖြည်းဖြည်းသုံးစွဲလာဖို့ မျှော်လင့်ခဲ့ရာ ၂၀၂၄ ခုနှစ်အထိ အပြည့်အဝ အသုံးပြုနိုင်လိမ့်မယ် ဖြစ်ပါတယ်။ WWWW ခေါ် ကမ္ဘာလုံးဆိုင်ရာ ကြိုးမဲ့ကွန်ယက်သည် 5G အတွက် အသုံးပြုခဲ့ပါတယ်။
ယခင်မျိုးဆက် မိုဘိုင်းကွန်ယက်တို့က ပုဂ္ဂိုလ် မိုဘိုင်းဖုန်း ပလက်ဖောင်းများတွင်သာ အသုံးပြုလေ့ရှိပါတယ်။ ပထမမျိုးဆက် 1G ၌ ဖုန်းများ ဆင်တူဖြစ်ခဲ့၍ ၎င်းတို့က ထိရောက်မှုနှင့် လုံခြုံရေးအဆင့် အလွန်နိမ့်ခဲ့ပါတယ်။
ဒုတိယမျိုးဆက် သို့မဟုတ် 2G ဟာ ဒီဂျစ်တယ် နည်းပညာအပေါ် အခြေစိုက်ခဲ့ပါတယ်။ ၎င်းက ပိုပြီး ထိရောက်စွာလုံခြုံရေးကို ပေးခဲ့ပြီး စာသားမက်ဆေ့ခ်ျနှင့် နိမ့်ပါးသော ဒေတာ ဆက်သွယ်မှုနှုန်း ပေးခဲ့ပါတယ်။ တတိယမျိုးဆက် သို့မဟုတ် 3G နည်းပညာရပ်ရဲ့ အဓိက ရည်ရွယ်ချက်မှာ မြင့်မားသော အမြန်နှုန်းဒေတာများပေးအပ်ရန် ဖြစ်ခဲ့ပါတယ်။ စတုတ္ထမျိုးဆက် သို့မဟုတ် 4G နည်းပညာ (အင်တာနက် ပရိုတိုကိုးလ်) ဟာ IP အားလုံးအခြေစိုက် နည်းပညာဖြစ်ပြီး တစ်စက္ကန့်လျှင် ၁ ဂျီဂါဘိုက်နှုန်းဖြင့် ဒေသပေးနိုင်စွမ်း ရှိခဲ့ပါတယ်။
5G နည်းပညာဟာ အဆိုပါဆောင်ရွက်မှုထက် ကျော်လွှားနိုင်လိမ့်မယ်ဖြစ်ပါတယ်။ 5G ဖြင့် စက်များ၊ အာရုံခံ ကိရိယာများ၊ မော်တော်ယာဉ်များ၊ စက်ရုပ်များနှင့် မောင်းသူမဲ့ လေယာဉ်များ စသော ကိရိယာများနှင့် ဆက်သွယ်နိုင်ပြီး စီးပွားရေး အခွင့်အလမ်းသစ်များ ဖြစ်ပေါ်နိုင်၍ အိန္ဒိယ လူ့ဘောင်အဖွဲ့အစည်းများအတွက် အသွင်ပြောင်း အင်အား ဖြစ်စေနိုင်လိမ့်မယ် ဖြစ်ပါတယ်။
5G နည်းပညာသည် ဒီဂျစ်တယ် အိန္ဒိယနှင့် အခြားသော လုပ်ဆောင်ချက်များသို့ရောက်ရှိဖို့ ကူညီလိမ့်မယ်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်  အစဉ်အလာ အတားအဆီးများ ခုန်ပျံကျော်လွှားနိုင်ရန် ကူညီလိမ့်မယ်ဖြစ်ပါတယ်။ 5G ကွန်ယက်များဟာ ကြီးများမြင့်တင်တဲ့ IoT နည်းပညာကို ကူညီပြီး ကြီးမားသောပမာဏ ဒေတာသယ်ဆောင်ရန် လိုအပ်သော အခြေခံ အဆောက်အအုံများပေးဆောင်ပြီး ပိုပြီးချိတ်ဆက်သော ကမ္ဘာကြီးနှင့် ဆက်သွယ်ခွင့် ပေးနိုင်လိမ့်မယ်ဖြစ်ပါတယ်။
5G ၌ အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းစေရန် ကိုက်ညီသော အသုံးအဆောင်ပစ္စည်းများ ကျယ်ပြန့်စွာရှိနေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံများ၌ အဆင့်မြင့်သော ရင်းနှီးမြှုပ်နှံမှုများကြောင့် 5G ရဲ့တန်ဖိုးဟာ အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများထက် ပိုမိုမြင့်မားခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်များအထိ အိန္ဒိယနိုင်ငံ၌ ပုံသေကြိုးတပ် တယ်လီဖုန်း ကုန်ကျစရိတ် မြင့်မားမှုကြောင့် အိန္ဒိယနိုင်ငံရဲ့ တယ်လီဖုန်းကဏ္ဍဟာ မတိုးတက်ခဲ့ပါဘူး။ သို့သော် ၂၁ မိုဘိုင်းကွန်ယက်ကြောင့် ဝန်ဆောင်မှု ကုန်ကျစရိတ်ကို လျော့နည်းစေခဲ့ပါတယ်။ နိုင်ငံရဲ့ တယ်လီဖုန်းဟာ ၁၉၉၅ ခုနှစ်၌ ၅% ရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ၉၅% အထိ ရောက်ရှိခဲ့ရာ စီးပွားရေးကို အကူအညီပြုစေခဲ့ပါတယ်။ 4G စမတ်ဖုန်းများ၌ ကြိုးမဲ့အင်တာနက် အသုံးပြုနိုင်ခဲ့ပါတယ်။
ကုန်ထုတ်လုပ်ငန်းများ၌ 5G နည်းပညာဖြင့် စက်ရုံများကို အသုံးပြုခြင်းဖြင့် လူသားတို့ လုံခြုံစွာ မလုပ်နိုင်သော နေရာများ၌ အသုံးပြုနိုင်လိမ့်မယ် ဖြစ်ပါတယ်။ 5G နည်းပညာသည် ကုန်ပစ္စည်း ဖြန့်ဝေခြင်းနှင့် တိုင်းပြည်အနှံ့ ဈေးနှုန်းမြင့်မားတဲ့ပုံစံနှင့် ကုန်ထုတ်လုပ်ငန်း အရင်းအမြစ်များကို တိုးတက်လာစေရန် အကူအညီ ပြုနိုင်လိမ့်မယ် ဖြစ်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍ၌ 5G နည်းပညာဖြင့် ဆယ်မြောင်းများ၊ တိုးတက်လာသော မြေဆီလွှာနှင့် အသီးအနှံ စောင့်ကြည့်မှု စသောနယ်ပယ်တို့တွင် အကူအညီပြုနိုင်လိမ့်မယ် ဖြစ်ပါတယ်။

စွမ်းအင်ကဏ္ဍတွင်လည်း ဒီဂျစ်တယ် ဆက်သွယ်ရေးနှင့် စွမ်းအင်နှင့်ဆက်သွယ်ရေး တိုင်းတာပေးမှုများဖြင့် ထိရောက်သော အခြားစွမ်းအင် နည်းပညာများ၏ တိုးတက်မှုနှုန်းကို ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးကဏ္ဍ၌ 5G ဖြင့် အွန်လိုင်းမှ ဆေးဝါးများ ပို့ဆောင်သယ်ယူမှု၊ ခွဲစိတ် စက်ရုပ်များကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်လိမ့်မယ်ဖြစ်ကြောင်း စသဖြင့် ဆောင်းပါးရှင် K V Venkatasubramanian ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”