ပါကစ္စတန်နိုင်ငံ၏ ထိခိုက်ပျက်စီးနေသော ငွေကြေးအကျပ်အတည်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးရာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Ashok Handoo ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံ၏ ထိခိုက်ပျက်စီးနေသော ငွေကြေးအကျပ်အတည်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အကြမ်းဖက်ဝါဒကြောင့် ပါကစ္စတန်နိုင်ငံအတွက် အကျပ်အတည်းတွေ ဖြစ်နေရုံသာမက မကြုံစဖူး ငွေကြေးဖောင်းပွမှုတွေအပေါ် ဆန္ဒပြသမှုအခြေအနေတွေ ထပ်မံရင်ဆိုင်နေရတာကြောင့် ထိခိုက်ပျက်စီးနေပြီးဖြစ်တဲ့ စီးပွားရေးအခြေအနေကို ဖရိုဖရဲ ဖြစ်စေလျှက်ရှိပါတယ်။ ဖောင်းပွမှုဟာ မကြာမီမှာပဲ ဂဏန်း ၂ လုံးအထိ မြင့်မားလာလိမ့်မယ်လို့ ခန့်မှန်းရပြီး ဒီဖောင်းပွဲမှုအတွက် အဓိက အကြောင်းတရားကတော့ စားသောက်ကုန်နှင့် စွမ်းအင်ဆိုင်ရာ ဈေးနှုန်းတွေ ထောင်တက်သွားခဲ့ပြီး တခြားသောစားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှုတွေအပေါ်  အကြီးအကျယ် ထိခိုက်သက်ရောက်စေခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ပြည်တွင်းတင်သွင်းမှုတွေ တိုးများနေပြီး နိုင်ငံခြားငွေကြေးလဲလှယ်မှု ဈေးနှုန်းတွေဟာ ဒေါ်လာ ၈ ဘီလျံခန့်မျှသာ ကျဆင်းသွားခဲ့ပြီး ဒီပမာဏဟာဆိုရင် ၂ လစာ ငွေပေးချေရမယ့်အရာတွေကို လောက်ငှရုံမျှသာ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံသုံး ရူပီးငွေကြေး လှလှယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို ၁၅၀ အထိ တန်ဖိုးကျဆင်းသွားခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်ကာလအတွင်းကထက် ၂၀% နှင့် အဆ ၂၀ အထိ ကျဆင်းသွားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံဟာ လောင်စာဆီလိုအပ်ချက်တွေနှင့် နေ့စဉ်စားသုံးမှုဆိုင်ရာ တခြားသော စားသောက်ကုန်ပစ္စည်းများစွာတို့ကို တင်သွင်းနေရတာကြောင့် မြင့်မားလှတဲ့ဖောင်းပွမှုဟာ ပြည်သူလူထုရဲ့ဝင်ငွေတွေကို ထက်ဝက်နီးပါး လျော့နည်းသွားစေခဲ့ကြောင့် နိုင်ငံအတွင်း ပြည်သူလူထု မတည်မငြိမ်ဖြစ်မှုတွေ အကြီးအကျယ် ဖြစ်ပွားစေခဲ့ပါတယ်။ Peshawar မြို့နှင့် တခြားနေရာဒေသတွေမှာ Jamaat-e-Islami အုပ်စုကဦးဆောင်လျှက် လမ်းပေါ်ထွက် ဆန္ဒပြသမှုတွေဟာ အလုပ်နေရာဖန်တီးရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် အစ္စလာမ်ဘာသာ စောင့်ရှောက်သည့်နိုင်ငံတော် ထူထောင်ရေးတို့ ကတိပြုချက်တွေနှင့်အာဏာရရှိလာခဲ့တဲ့ Imran Khan အစိုးရကို ပစ်မှတ်ထားတာဖြစ်ပါတယ်။
အခြေအနေကိုဖြေရှင်းဖို့ ပါကစ္စတန်အစိုးရရဲ့ ကြိုးပမ်းမှုကလည်း များများစားစား အာမခံချက် မရှိပါဘူး။ နိုင်ငံတကာ ငွေကြေးဆိုင်ရာ ရံပုံငွေအဖွဲ့ IMF ထံကနေ ချေးမငွေရရှိခဲ့ပြီးတဲ့နောက် ဒီနိုင်ငံရဲ့ အလွန်ဆိုးရွားနေတဲ့ ဘဏ္ဍာရေးအခြေအနေတွေနှင့်ပတ်သက်ပြီး ပြည်သူလူထုကိုဖော်ပြဖို့ အနည်းငယ် သက်သာရာရခဲ့ပါတယ်။ IMF အဖွဲ့ဟာ နောက်ထပ် ၃ နှစ်အတွက် ဒေါ်လာ ၆ ဘီလျံချေးမပေးဖို့ သဘောတူညီထားပေမယ့် တင်းကျပ်လှတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေ ချမှတ်ထားပါတယ်။ ပါကစ္စတန်နိုင်ငံဟာ IMF အဖွဲ့ရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေ ပြည့်မီဖို့အတွက် လာမယ့် ဘတ်ဂျက်ပြန်တမ်းမှာ ၎င်းတို့ရဲ့ အခွန်ဘဏ္ဍာငွေကို ၄၀% အထိ တိုးမြှင့်သွားရမှာဖြစ်ပြီး ဒါဟာလည်းအခွန်နှုန်းထားတွေ နောက်ထပ်တိုးမြှင့်ပြီး အခွန်ကောက်ယူမှုအောက်ခြေစနစ်ကို တိုးချဲ့သွားရမှာဖြစ်တာကြောင့် ပြည်သူလူထုတွေကို ပိုမိုပြီး အခက်တွေ့စေမှာဖြစ်ပါတယ်။ ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများနိုင်ငံနှင့် တရုတ်နိုင်ငံတို့လို အစဉ်အလာအားဖြင့် မိတ်ဆွေနိုင်ငံတွေထံကနေ ငွေကြေးပံ့ပိုးမှုဟာလည်း စီးပွားရေးအကျပ်အတည်းကြောင့် မရနိုင်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများနိုင်ငံတို့ဟာ အတိုင်းအတာကာလ ဖော်ပြထားခြင်းမရှိဘဲ ချေးမငွေအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ရေနံစိမ်း ပံပိုးပေးဖို့ ကတိပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ပါကစ္စတန်နိုင်ငံအတွက် IMF ချေးမငွေပေးအပ်မှုအပေါ် ကန့်ကွက်နေတာကြောင့် ဒီနိုင်ငံအတွက် ငွေကြေးဆိုင်ရာ စိန်ခေါ်ချက်တွေဟာ ဖိအားတိုးများနေပြီး အစ္စလာမာဘတ်အစိုးရဟာ ဒီချေးမငွေတွေကို တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံလမ်းမနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအတွက် ပြန်လည်ပေးဆပ်သွားနိုင်တယ်လို့ ဝါရှင်တန်အစိုးရက ထင်မြင်ယူဆလျှက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စစ်တမ်းတွေအရ အဆိုပါလမ်းမစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်စီးပွားရေး အကျိုးစီးပွား ဖြစ်ပါတယ်။ Imran Khan အစိုးရဟာ ပီကျင်းအစိုးရနှင့် IMF အဖွဲ့တို့ရဲ့ တောင်းဆိုချက်တွေကိုလိုက်လျောပြီး တိုင်းပြည်ကို ၎င်းတို့ ၂ ဦးစလုံးတို့အတွက် အကြွေးတင်စေလျှက်ရှိတယ်လို့ စွပ်စွဲခံနေရပါတယ်။
ပဲရစ်မြို့အခြေစိုက် အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ FATF ခေါ် ငွေကြေးဆိုင်ရာ အရေးယူလုပ်ဆောင်ရေး အထူးတပ်ဖွဲ့ဟာ ပါကစ္စတန်နိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်ကို အသုံးပြုနေသူတွေ၊ လွဲမှားစွာအသုံးပြုနေသူတွေနှင့် ချိုးဖောက်ကျူးလွန်နေသူတွေဖြစ်ကြတဲ့ အဖွဲ့အစည်းအသီးသီးတို့ရဲ့ အကြမ်းဖက်မှု ငွေကြေးထောက်ပံ့နေမှုကို ထိန်းချုပ်နိုင်စွမ်းမရှိတာကြောင့် ဒီနိုင်ငံကို အမည်ပျက်စာရင်းမှာ စာရင်းသွင်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ပါကစ္စတန်နိုင်ငံဟာ FATF တပ်ဖွဲ့ရဲ့ ပိတ်ဆီးစာရင်းမှာ ထည့်သွင်းခံရနိုင်ဖွယ်အခြေအနေကို ရင်ဆိုင်နေရပြီး ဒါက စီးပွားရေးကဏ္ဍကို အပြင်းအထန် ကပ်ဘေးကျရောက်စေနိုင်တဲ့အပြင် တခြားနိုင်ငံတွေ ဒါမှမဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတွေထံကနေ ငွေကြေးအကူအညီရရှိဖို့ ကန့်ကွက်ပိတ်ဆို့ခံရမှာဖြစ်ပါတယ်။
ဒေါ်လာ ၆ ဘီလျံထုတ်ချေးဖို့ သဘောတူခဲ့ပြီးတဲ့နောက် IMF အဖွဲ့ဟာ ယခုနှစ် ပါကစ္စတန်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို ၂.၈%၊ နီပေါနိုင်ငံကို ၅% နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၇.၅% ရှိမယ်လို့ ခန့်မှန်းထားပြီး အိန္ဒိယနိုင်ငံရဲ့ ယခုနှစ် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုးဟာ ၇.၆% ရှိမယ်လို့ ဖော်ပြထားတာကြောင့် ပါကစ္စတန်နိုင်ငံဟာ ၎င်းတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အဆင့်လောက်တောင် မရှိဖြစ်နေပါတယ်။ Imran Khan အစိုးရဟာ အကျဉ်းအကျပ်ထဲမှာ ရောက်ရှိနေပြီး စီးပွားရေးကဏ္ဍကို လမ်းကြောင်းပေါ်ပြန်ရောက်စေဖို့ ကြီးမားလှတဲ့ လုပ်ငန်းကြီးတစ်ရပ်နှင့် ရင်ဆိုင်နေရတဲ့အပြင် Thar ဒေသအတွင်း မိုးခေါင်ရေရှားမှုဟာ ၄ နှစ်တိုင်တိုင် ဆက်လက်ဖြစ်ပွားနေတာကြောင့် သဘာဝတရားကလည်း ပါကစ္စတန်နိုင်ငံဘက်မှာ ရပ်တည်နေဟန်မရှိဘဲ မိုးခေါင်ရေရှားမှုဟာ Sindh ပြည်နယ်အတွင်း ကောက်ပွဲသီးနှံ အနိမ့်ဆုံး ထုတ်လုပ်နိုင်မှု ဖြစ်ပွားခဲ့ရပါတယ်။
ပါကစ္စတန်နိုင်ငံမှ စာရေးဆရာနှင့် သတင်းစာဆရာဖြစ်သူ Imdad Zafar ကတော့ “ဒါဟာ နိုင်ငံအတွက် ကိုယ်တိုင်ဖန်တီးထားတဲ့ အကျပ်အတည်း ကျရောက်မှုတစ်ခုဖြစ်ပါတယ်။ ကာလတလျှောက်လုံး ကမ္ဘာ့နိုင်ငံတွေဟာ အကြမ်းဖက်အုပ်စုတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်သွားဖို့နှင့် ပြည်တွင်းရေးအခြေအနေ ပိုမိုကောင်းမွန်ရေးအပေါ် အာရုံစူးစိုက် လုပ်ဆောင်သွားဖို့ ပါကစ္စတန်နိုင်ငံကို ဖော်ပြနေခဲ့ကြပါတယ်။ ဒါပေမယ့် ပါကစ္စတန်နိုင်ငံဟာ နိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေး၊ စက်မှုလုပ်ငန်း၊ ပညာရေးနှင့် သိပ္ပနည်းကျ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆုတ်ယုတ်နေစဉ်မှာ အကြမ်းဖက်ဝါဒကို နိုင်ငံရေးပရိယာယ်တစ်ရပ်အဖြစ်အသုံးပြုရင်း အရှုပ်တွေလုပ်နေခဲ့တယ်” လို့ ဖော်ပြလိုက်ပါတယ်။ ဒီလှည့်ကွက်ဟာ အထမမြောက် နိုင်ခဲ့ပါဘူး စသဖြင့် ဆောင်းပါးရှင် Ashok Handoo ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”