“အိန္ဒိယနိုင်ငံက အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေးများအား နက်ရှိုင်းစေလျှက်ရှိခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Vinit Wahi ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေးများအား နက်ရှိုင်းစေလျှက်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အိန္ဒိယနိုင်ငံရဲ့ အာဖရိကနိုင်ငံများနဲ့ စေ့စပ်ဆက်နွယ်မှုတွေကို ထပ်လောင်း နက်ရှိုင်းပြီး၊ တိုးတက်စေအောင် ပြုလုပ်နေဒါကို Mr Modi ရဲ့အစိုးရဟာ ဒုတိယအကြိမ် အာဏာရရှိလာတဲ့နောက်ပိုင်း နိုင်ငံခြားရေးဒုဝန်ကြီး Mr V. Muraleedharan အား (၃) ရက်ကြာ အလည်အပါတ်ခရီးစဉ်နဲ့ Nigeria သို့ စေလွှတ်ခြင်းအားဖြင့် တိုင်းတာနိုင်ပါတယ်။ “Democracy Day” အခမ်းအနားသို့ တက်ရောက်ခဲ့တဲ့အပြင် Mr Muraleedharan ဟာ Nigeria နိုင်ငံသမ္မတ Mr Muhammadu Buhari ၊ ဒုသမ္မတ Mr Yemi Osinbajo တို့အပါအဝင် Nigeria နိုင်ငံခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ဒီအခမ်းအနားကိုတက်ရောက်ခဲ့ကြတဲ့ တောင်အာဖရိက၊ Nigeria ၊ Ethiopia နဲ့ အီဂျစ်ဒုနိုင်ငံခြားရေးဝန်ကြီးတို့အပြင် တခြားအာဖရိကနိုင်ငံတွေက ခေါင်းဆောင်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ယခုအလည်အပါတ်ခရီးစဉ်ဟာ နှစ်နိုင်ငံတို့အကြား နီးကပ်ပြီး ခိုင်မြဲတဲ့ဆက်ဆံရေးတွေကို ရောင်ပြန်ဟပ်စေဒါဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖေါ်ခဲ့ပါတယ်။ ယင်းဝန်ကြီးဌာနက အိန္ဒိယနဲ့ Nigeria နိုင်ငံတို့အကြား ဆက်ဆံရေးတွေကို နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုတခုအဖြစ် ၂၀၁၇ ခုနှစ်မှာ မြှင့်တင်ခဲ့ပြီး၊ နှစ်ဖက်စလုံးတို့မှာ တောင့်တင်းတဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုလည်းရှိကြောင်း ဖြည့်စွက်ဖေါ်ပြခဲ့ပါတယ်။ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးဟာ ၂၀၁၇ ခု- ၂၀၁၈ ခုနှစ်မှာ ဒေါ်လာပေါင်း ၁၁.၇၆ ဘီလီယံရှိခဲ့ပြီး အိန္ဒိယအမျိုးအနွယ် တော်များများရှိတဲ့ Nigeria နိုင်ငံဟာ ကျွန်ုပ်တို့ရဲ့ အာဖရိကအရပ်ဒေသမှ အကြီးမားဆုံး ကုန်သွယ်ရေး ဖက်စပ်လုပ်ကိုင်သူ နိုင်ငံဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကလည်း Nigeria နိုင်ငံအတွက် ကမ္ဘာတဝှမ်းမှ အကြီးမားဆုံး ကုန်သွယ်ရေးဖက်စပ်လုပ်ကိုင်သူဖြစ်ပြီး၊ အဲဒီအာဖရိကနိုင်ငံဟာ အိန္ဒိယနိုင်ငံသို့ ပဥ္စမအကြီးမားဆုံး ရေနံစိမ်းနဲ့ ဒုတိယအကြီးမားဆုံး LNG ဓါတ်ငွေ့ဖြန့်ဖြူးတဲ့နိုင်ငံဖြစ်ပါတယ်။ အမှန်တကယ်တော့ Nigeria နိုင်ငံဟာ အိန္ဒိယနိုင်ငံက ရေနံစိမ်းလိုအပ်မှု ၁၂% ကို ဒီနိုင်ငံမှာ တင်သွင်းနေရတဲ့အလျောက် အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်ဖူလုံရေးအတွက် အလွန်အရေးကြီးတဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်များမှာ စုစုပေါင်း မှာယူတင်သွင်းမှုတန်ဘိုး ဒေါ်လာပေါင်း ၇.၆၅ ဘီလီယံရှိနေတဲ့ထဲမှ ၂၀၁၆-၂၀၁၇ ခုနှစ်များအတွင်း ရေနံထွက်ပစ္စည်း မှာယူတင်သွင်းမှုတခုတည်းက တန်ဘိုးအားဖြင့် အမေရိကန်ဒေါ်လာပေါင်း ၇.၄၆ ဘီလီယံခန့် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီပမာဏဟာ Nigeria တခုတည်းမှ မဟုတ်ဘဲ အိန္ဒိယနိုင်ငံဟာ အာဖရိကတိုက်တခုလုံးကို ထင်ရှားစွာ အရေးပါမှုအဖြစ် နည်းဗျူဟာရေးရာအရရော ကုန်သွယ်ရေးရှုထောင့်မှပါ အရေးပါပုံတွေအား Mr Muraleedharan ရဲ့ အလည်အပါတ်ခရီးစဉ်နဲ့ ရှေ့လသမ္မတ Mr Ram Nath Kovind ရဲ့ အနောက်အာဖရိကခရီးစဉ်ဖြင့် ရောက်ရှိလာမဲ့ အချက်တွေက ဖေါ်ပြနေပါတယ်။

ဝန်ကြီးချုပ် Mr Narendra Modi ဦးဆောင်တဲ့ အိန္ဒိယနိုင်ငံအစိုးရဟာ အိန္ဒိယနိုင်ငံရဲ့ Africa ဒေသပိုင်းနဲ့ စေ့စပ်မှုတွေကို တောင့်တင်းပြီး ပိုမိုနက်ရှိုင်းစေဘို့အတွက် အာရုံစိုက်လျှက်ရှိပါတယ်။ ယခုနှစ်နှောင်းပိုင်းမှာ New Delhi မြို့မှာကျင်းပဘို့ရှိတဲ့ ‘India-Africa Forum Summit’ ထိပ်သီးညီလာခံကြီးသို့ နိုင်ငံခေါင်းဆောင်တွေနဲ့ အစိုးရခေါင်းဆောင်တွေ (၄၀) ခန့် တက်ရောက်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

NDA အစိုးရရဲ့ ပထမသက်တမ်းမှာ သမ္မတ Mr Kovind ၊ ဒုသမ္မတ Mr Venkaiah Naidu နဲ့ Mr Modi တို့ဟာ အာဖရိကနိုင်ငံပေါင်း (၂၄) နိုင်ငံခန့်သို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ကြဒါကို သတိရကြမယ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ Africa Forum Summit ညီလာခံသို့ နိုင်ငံခေါင်းဆောင် (၄၁) ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။ လေ့လာသုံးသပ်သူတို့က အာဖရိကနိုင်ငံပေါင်း (၅၅) နိုင်ငံတို့မှာ အိန္ဒိယနိုင်ငံရဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာရေးအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နိုင်တယ်လို့ ဖေါ်ပြကြပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ် New Delhi မြို့ Africa Forum Summit ထိပ်သီးညီလာခံမှာ အိန္ဒိယနိုင်ငံဟာ အတိုးနှုန်းလျော့နည်းတဲ့ချေးငွေအပြင် ဒေါ်လာပေါင်း (၁၀) ဘီလီယံနဲ့ ထောက်ပံ့ကြေး grant ငွေအဖြစ် ဒေါ်လာပေါင်း သန်း ၆၀၀ ထောက်ပံ့ကူညီဘို့ ဖေါ်ပြခဲ့ပါတယ်။ ယခုအချိန်အထိ အိန္ဒိယကုမ္ပဏီတွေဟာ အာဖရိကအရပ်ဒေသမှ ဒေါ်လာပေါင်း (၅၄) ဘီလီယံကျော် ရင်းနှီးမြှပ်နှံထားပြီးဖြစ်ကာ ကျွန်ုပ်တို့ရဲ့ ကုန်သွယ်ရေးက ယခုအခါ ဒေါ်လာပေါင်း (၆၂) ဘီလီယံသို့ ရောက်ရှိနေပြီး၊ ဒီပမာဏက လွန်ခဲ့တဲ့ နှစ်ထက် ၂၁% ပိုများလျှက်ရှိပါတယ်။ အာဖရိကနိုင်ငံများမှ အိန္ဒိယနိုင်ငံသို့ တင်သွင်းမှုကလည်း ကြီးထွားလာနေပါတယ်။ အိန္ဒိယနိုင်ငံဟာ တန်ဘိုးအားဖြင့် ဒေါ်လာပေါင်း (၁၁) ဘီလီယံခန့်ရှိ ချေးမငွေကို လမ်းကြောင်း ၁၅၂ ခုတို့ဖြင့် အာဖရိက (၄၄) နိုင်ငံတို့အတွက် စိုက်ပျိုးရေး၊ အခြေခံလိုအပ်ချက်အဆောက်အအုံ၊ ပြည်သူ့သယ်ယူပို့ဆောင်ရေး၊ သန့်စင်သောစွမ်းအင်နဲ့ ဆည်မြောင်းတူးဖော်ရေးအတွက် ပေးကမ်းထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့နှစ်က အိန္ဒိယအစိုးရဟာ သက္ကရာဇ် ၂၀၁၈ နဲ့ ၂၀၂၁ ခု အာဖရိကတိုက်မှာ သံရုံးသစ် (၁၈) ခု ဖွင့်လှစ်ဘို့ ကြေငြာခဲ့ပါတယ်။

မြောက်မြားစွာသော ပင်လယ်ကမ်းခြေနိုင်ငံများနဲ့အတူ နှစ်ဖက်စလုံးတို့ဟာ “Blue economy” ခေါ် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ တည်တံ့တဲ့အမြတ်အစွန်းတွေ ရယူနိုင်ဘို့ အာရုံစိုက်လျှက်ရှိပါတယ်။ ဒါ့အပြင် အပြန်အလှန်အကျိုးစီးပွားနဲ့ အမြတ်အစွန်းအတွက် သော့ချက်ကျတဲ့ တခြားနယ်ပယ်တွေက နိုင်ငံပေါင်းစုံပါဝင်တဲ့ အာဖရိကနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ Brazil ၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတို့ရဲ့ (BRICS) အုပ်စု၊ အိန္ဒိယ၊ Brazil ၊ တောင်အာဖရိက (IBSA) အုပ်စု၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နေရာ၊ ရာသီဥတုပြောင်းလဲမှုဆွေးနွေးပွဲတွေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ရဲ့ စေ့စပ်ညှိနှိုင်းမှုတွေအတွက် အလွန်အရေးပါလှပါတယ်။ တရားဝင်အဖြစ် နှစ်ဖက်စလုံးတို့ဟာ ယခုအခါ အာရုံစိုက်မှုက အိန္ဒိယနဲ့ အာဖရိကနိုင်ငံတို့အကြား ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု၏ စွမ်းရည်အပြည့်အဝအပေါ် တည်ရှိလိမ့်မယ်လို့ ဖေါ်ပြကြပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Vinit Wahi ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”