“ပါကစ္စတန်နိုင်ငံရဲ့ ဆုတ်ယုတ်နေသော စီးပွားရေးအကြား အဂတိလိုက်စားမှုကို တိုက်ဖျက်နှိမ်နှင်းနေခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ နည်းဗျူဟာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံရဲ့ ဆုတ်ယုတ်နေသော စီးပွားရေးအကြား အဂတိလိုက်စားမှုကို တိုက်ဖျက်နှိမ်နှင်းနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ပါကစ္စတန်သမ္မတဟောင်း Mr Asif Ali Zardari ကို ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံတော်တာဝန်ဝတ္တရား ထိန်းသိမ်းကာကွယ်ရေးဗြူရို (NAB) က ဘဏ်ငွေစာရင်းအတုများ ထားရှိမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ Mr Zardari ဟာ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ဥက္ကဌ Mr Bilawal Bhutto Zardari ရဲ့ ဖခင်ဖြစ်ပြီး၊ ၎င်းကလည်း ပါကစ္စတန်အမျိုးသားလွှတ်တော်ရဲ့ အမတ်တဦးဖြစ်ပါတယ်။ ယခုလို ဖမ်းဆိးခြင်းက Islamabad တရားရုံးကြီးဟာ Mr Zardari နဲ့ သူ့ရဲ့ညီမ Ms Faryal Talpur တို့အတွက် အဖမ်းမခံရမှီ ကြိုတင်အာမခံပေးရန် ငြင်းဆိုလိုက်တာကြောင့် ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီအရေးကိစ္စက လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပြီး၊ ပါကစ္စတန်ဗဟိုစုံစမ်းစစ်ဆေးရေးအေဂျင်စီ (FIA) က သတင်းပေးချက်တွေအပေါ် အခြေခံပြီး၊ ဘဏ်ငွေစာရင်းအတုနဲ့ တရားမဝင်ငွေလွှဲပြောင်းပေးမှုတွေအား Summit ဘဏ်၊ Sindh ဘဏ်နဲ့ UBL ဘဏ်တွေထဲက ဘဏ်စာရင်းအတု (၂၄) ခုတို့ကို စစ်ဆေးဘို့ စတင်ခဲ့ခြင်းမှ ပေါ်ပေါက်ခဲ့ပါတယ်။ အစအဦးပိုင်းမှာ Mr Zardari နဲ့ သူ့ရဲ့ညီမတို့အပါအဝင် လူ (၇) ဦးတို့ဟာ အဲဒီဘဏ်စာရင်းတွေကိုအသုံးပြုပြီး၊ သင်္ကာမကင်းဖြစ်ရတဲ့ ငွေလွှဲပြောင်းပေးမှုတွေ ပြုလုပ်ခဲ့ဒါကို တွေ့ရှိခဲ့ပါတယ်။ အဲဒီဘဏ်စာရင်းတွေကို တခြားနည်းလမ်းမှတဆင့် ငွေတွေပို့ဆောင်ဘို့ အသုံးပြုခဲ့ကြတယ်လို့ စွတ်စွဲခံရပါတယ်။ နောက်ပိုင်းမှာ ပါကစ္စတန်တရားရုံးတော်ချုပ်က FIA ဟာ ဒီအမှုတွေကို စုံစမ်းစစ်ဆေးရာမှာ အချိန်ဆွဲနေဒါကြောင့် Suo Motu နို့တစ်စာတခု ထုတ်ပြန်ခဲ့ရပါတယ်။ တရားရုံးတော်ချုပ်ဟာ ဒီအရေးကိစ္စကို စုံစမ်းစစ်ဆေးဘို့ ပူးတွဲစုံစမ်းစစ်ဆေးရေးအသင်း (JIT) ကို တည်ထောင်ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးကာလမှာ JIT ဟာ ဒီအမှုနဲ့ ဆက်နွယ်နေတဲ့ တခြားဘဏ်စာရင်းအတု (၃၃) ခုတို့ကို တွေ့ရှိခဲ့ပါတယ်။ အတိအကျဆိုရရင် ဒီအမှုတွေနဲ့ဆက်နွယ်မှုရှိတဲ့သူပေါင်း (၁၇၀) ခန့်ကို No Fly List ခေး နိုင်ငံမှမထွက်ရေး စာရင်းထဲ ထည့်သွင်းထားပါတယ်။
NAB နဲ့ FIA တို့ဟာ သင်္ကာမကင်းဖြစ်ရတဲ့ ကုမ္ပဏီတခုရဲ့ ဘဏ်ငွေစာရင်းအတုတခုမှာ ပါကစ္စတန်ရူပီးငွေ ၄.၄ ဘီလီယံ လက်ခံရရှိခဲ့ပြီး၊ အဲဒီအထဲက ရူပီးငွေ သန်း ၃၀ ကို Zardari ရဲ့ အုပ်စုအား နှစ်ကြိမ်ခွဲပြီး ပေးခဲ့ဒါကို တွေ့ရှိရတယ်လို့ စွတ်စွဲကြပါတယ်။
FIA ဟာ ဒီအမှုကို Karachi မြို့မှာရှိတဲ့ ဘဏ်အရေးကိစ္စများဆိုင်ရာ တရားရုံးမှာ အမှုဖွင့်ခဲ့ရာ၊ အဲဒီတရားရုံးက ပါကစ္စတန်သမ္မတဟောင်းကို ဖမ်းဆီးဘို့ ဝါရမ်းအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် PPP ပါတီခေါင်းဆောင်ဟာ ၂၀၁၈ ခုနှစ်ဩဂုတ်လမှာ Islamabad တရားရုံးကြီးကနေ အာမခံရရှိလိုက်ပါတယ်။ နောက်ပိုင်းမှာ ဒီအမှုကို Karachi မြို့မှာရှိတဲ့ တာဝန်ဝတ္တရားထိန်းသိမ်းရေးဖြူရိုမှ Islamabad မြို့မှာရှိတဲ့ တာဝန်ဝတ္တရားဆိုင်ရာ တရားရုံးတို့ စုံစမ်းစစ်ဆေးသူတွေက PPP ပါတီရဲ့ လွှမ်းမိုးမှုရှိနေတယ်လိုပ အပြစ်တင်ဒါကြောင့် ပြောင်းရွှေ့ခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုပြုလုပ်ချိန်မှာ အဲဒီအမှုမှာ စွတ်စွဲခံခဲ့ရသူနှစ်ဦးတို့ဟာ Mr Zardari နဲ့ Ms Talpur တို့ကို ဆန့်ကျင်တဲ့သက်သေခံတွေဖြစ်လာခဲ့ကြပါတယ်။ Mr Zardari ရဲ့ မိတ်ဆွေအများအပြားကိုလည်း ဒီအမှုနဲ့ပါတ်သက်ပြီး ဖမ်းဆီးခဲ့ပါတယ်။ PPP ပါတီခေါင်းဆောင်နဲ့ သူ့ရဲ့ညီမတို့ကို လွန်ခဲ့တဲ့တနင်္လာနေ့က အာမခံပေးဘို့ ငြင်းဆိုခြင်းမပြုမှီ၊ သူတို့နှစ်ဥိးတို့ဟာ အကြိမ်ပေါင်းများစွာ ယာယီအာမခံနဲ့နေထိုင်ခဲ့ကြပါတယ်။ ပါကစ္စတန်သမ္မတဟောင်းဟာ အနည်းဆုံးတခြားအဂတိလိုက်စားမှု (၇) မှုတို့မှာ အာမခံနဲ့ နေထိုင်လျှက်ရှိနေပါတယ်။
ပါကစ္စတန်နိုင်ငံဟာ နိုင်ငံရေးအရှုပ်အထွေးတွေနဲ့ ကြုံတွေ့နေရတယ်အလျောက် Mr Imran Khan ရဲ့အစိုးရက ပြည်သူတို့ရဲ့အာရုံကို ဈေးနှုန်းမြင့်မားခြင်းနဲ့ အလုပ်လက်မဲ့ဖြစ်နေခြင်းတို့မှ ရွှေ့ပြောင်းဘို့အတွက် အဂတိလိုက်စားမှုဘက်ကို ဦးတည်ခဲ့ပါတယ်။ ဒါကြောင့် Mr Zardari ကို ဖမ်းဆီးမှုနဲ့အတူ ပါကစ္စတန်ဝန်ကြီးချုပ်က အဂတိလိုက်စားမှုမှာ စွတ်စွဲခံကြရသူအားလုံးတို့ကို အရေးယူဘို့ သံန္နိဋ္ဌာန်ပြုလိုက်ပါတယ်။ Mr Khan ဟာ လွန်ခဲ့တဲ့ (၂၅) နှစ်မျှသောကာလမှာ ပါကစ္စတန်နိုင်ငံအတွင်း ကျောင်းတွေနဲ့ ဆေးရုံတွေများစွာ မတည်ဆောက်ခဲ့ဘူးလို့လည်း ဖေါ်ပြခဲ့ပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်က Naya Pakistan ခေါ် ပါကစ္စတန်နိုင်ငံသစ်က စံပြဖြစ်ပြီး ခေတ်မှီတဲ့ အစ္စလာမစ်နိုင်ငံဖြစ်လိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဒါပေမဲ့ Mr Khan ဟာ ပါကစ္စတန်နိုင်ငံက အကြမ်းဖက်ဝါဒမှ ကင်းလွှတ်မှုနဲ့ အကြမ်းဖက်ဝါဒ ကြံစည်ကြိုးကိုင်သူတွေအတွက် ဘေးကင်းစွာ နေထိုင်ခွင့်ရတဲ့နေရာဖြစ်ဒါနဲ့ပါတ်သက်ပြီး၊ တစုံတရာ ထုတ်ဖေါ်ခြင်း မပြုခဲ့ပါဘူး။
Mr Khan ရဲ့စကားလုံးတွေက ရဲရင့်မှုကို ဖေါ်ပြနေပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ မိမိရဲ့နိုင်ငံဟာ စီးပွားရေးယိုယွင်းမှုတွေနဲ့ ကြုံတွေ့နေဒါကို သတိပြုရမယ်ဖြစ်ပါတယ်။ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF မှ အကြွေးများမှ ထွက်ခွာရေးအတွက် ကြေးမငွေဟာ ကန့်သတ်ချက်များစွာနဲ့ ထိန်းချုပ်ခံရပြီး၊ ထောက်ပံ့ငွေကလည်း အလွန်နည်းပါးနေပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ဘတ်ဂျက်ငွေဟာ ယခုဘဏ္ဍာရေးနှစ်မှာ ကြီးထွားမှု ၂.၄% ကို မျှော်လင့်နေပါတယ်။ ဖေါင်းပွမှုတွေက ၁၁% မှ ၁၃% အထိ မြင့်တက်လာပြီး၊ အခွန်တွေကိုလည်း မြင့်တင်ထားကာ၊ စွမ်းအင်ဈေးနှုန်းတွေကလည်း IMF ရဲ့ကန့်သတ်ချက်နဲ့အညီ မြှင့်တက်လာပြီးဖြစ်ပါတယ်။ အဲဒီနိုင်ငံရဲ့ ဘတ်ဂျက်စာရင်းမှာ ထည့်သွင်းထားတဲ့ အသုံးပြုငွေဟာ ပါကစ္စတန်ရှုပီးငွေ ၇ ထရီလီယံခန့်ရှိလိမ့်မယ်လို့ မျှော်လင့်ရပြီး၊ ကောက်ခံရရှိတဲ့အခွန်ငွေဟာ ရူပီးငွေ ၃.၅ ထရီလီယံအထိသာ ရှိပါလိမ့်မယ်။ ကျန်ငွေတွေကို ဘယ်သို့ရရှိလိမ့်မယ်ဆိုဒါကို ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး Mr Hammad Azhar က မဖြေကြားဘဲရှိနေပါတယ်။ နောက်ပြီး အလုပ်နေရာဖန်တီးရေးကိုလည်း ဖေါ်ပြထားခြင်းမရှိပါဘူး။
ခရစ်ကတ်ကစားနည်းမှာ လမ်းချော်သွားတဲ့ ဘော်လုံးကြောင့် ပြေးမှတ်ရရှိနိုင်ဒါကို Mr Khan က သိရှိပြီးဖြစ်ဒါကြောင့် ကွင်းလယ်ကစားကွက်ကိုသာ ရွေးချယ်နေဒါဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment