“BISHKEK မြို့ SCO ထိပ်သီးညီလာခံ”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကကဏ္ဍမှာ တရုတ်နိုင်ငံရေးရာ နည်းဗျူဟာကျ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Rupa Narayan Das ဝေဖန်ရေးသားပေးပို့ထားတဲ့ “BISHKEK မြို့ SCO ထိပ်သီးညီလာခံ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ကြီးကျယ်ခမ်းနားလှသော ရွေးကောက်ပွဲမှ အောင်မြင်မှုရရှိပြီးတဲ့နောက် ဝန်ကြီးချုပ် Mr Narendra Modi ဟာ အဓိကနိုင်ငံခြားရေးပေါ်လစီ လက်လှမ်းမှုအဖြစ် Kyrgyzstan နိုင်ငံ မြို့တော် Bishkek မှကျင်းပခဲ့တဲ့ Shanghai Cooperation Organization (SCO) ထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့ပါတယ်။ အဲဒီညီလာခံမှာ အမှာစကားပြောကြားတဲ့အခါ အိန္ဒိယဝန်ကြီးချုပ်က အကြမ်းဖက်ဝါဒကို အားပေးအားမြောက်ပြုပြီး၊ ထောက်ခံကာ ဘဏ္ဍာရေးအကူအညီပေးကြတဲ့ နိုင်ငံတွေကို ဖေါ်ထုတ်ကြေငြာဘို့လိုအပ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ Mr Modi ဟာ တဖက်သတ်ကျင့်သုံးရေးဝါဒနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးဝါဒတို့က ဘယ်သူကိုမျှ အကျိုးမပေးခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်က SCO ရဲ့ဆောင်ပုဒ် Health သို့မဟုတ် ကျန်းမာရေးကို အကောင်အထည်ဖော်တဲ့အနေနဲ့၊ ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေး၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၊ အစားထိုးနိုင်တဲ့စွမ်းအင်၊ စာပေနဲ့ ယဉ်ကျေးမှု၊ အကြမ်းဖက်ဝါဒကင်းမဲ့တဲ့ လူမှုအသိုင်းအဝိုင်း၊ လူမှုရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေကို အလေးအနက်မှတ်ချက်ချ ဖေါ်ပြခဲ့ပါတယ်။

SCO ထိပ်သီးညီလာခံဟာ အထူးသဖြင့် ဒေသပိုင်းနဲ့ အကျယ်အားဖြင့် ကမ္ဘာလုံးမှာ မိမိကိုယ်တိုင် နည်းဗျူဟာနဲ့ ထင်ရှားစွာပေါ်ထွန်းနေတဲ့အလျောက် နိုင်ငံခေါင်းဆောင်တွေနဲ့ အစိုးရခေါင်းဆောင်တွေအကြား အပြန်အလှန်တွေ့ဆုံဆွေးနွေးပွဲတွေဟာ သတင်းမီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာ နေရာယူကြဒါကို တွေ့ရပါတယ်။ ဒီအချက်ဟာ ညီလာခံကြီးရဲ့ နောက်ခံကားချပ်နဲ့ဆန့်ကျင်နေပြီး၊ ဝန်ကြီးချုပ် Mr Modi ဟာ Bishkek ရောက်ရှိပြီးတဲ့နောက် တရုတ်နိုင်ငံသမ္မတ Mr Xi Jinping နဲ့ ရှရုားနိုင်ငံသမ္မတ Mr Vladimir Putin တို့နဲ့ အပြန်အလှန်တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ခဲ့ဒါက နည်းဗျူဟာကျ ထူးကဲမှုကြီးကို ဖေါ်ပြနေပါတယ်။ သမ္မတ Mr Xi နှင့် သမ္မတ Mr Putin တို့ဟာ ဝန်ကြီးချုပ် Mr Modi အား သူရဲ့ရွေးကောက်ပွဲအောင်ပွဲအတွက် ချီးကျူးဂုဏ်ပြုခဲ့ကြပြီးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ SCO သို့ ရှေ့ရှုချဉ်းကပ်မှုက အလွန်အမင် အပြုသဘောဆောင်ပါတယ်။ ဒီအချက်ဟာ အလွန်ခိုင်မာစွာ ထပ်လောင်းအတည်ပြုတဲ့ ယဉ်ကျေးမှုဆိုင်ရာကို ရောင်ပြန်ဟပ်စေပါတယ်။ အိန္ဒိယနိုင်ငံနဲ့ ဗဟိုအာရှဒေသပိုင်းနိုင်ငံတွေအကြား များပြားလှတဲ့ ဘုံခံစားချက်တွေရှိနေတယ်လို့ ယုံကြည်လျှက် အိန္ဒိယနိုင်ငံဟာ အလွန်နီးကပ်စွာ ကြိုးပမ်းလုပ်ကိုင်သွားဘို့ သဘောတူခဲ့ပါတယ်။ ရုပ်ရှင်ပွဲတော်ကို ကျင်းပခြင်းအားဖြင့် SCO အဖွဲ့ဝင်နိုင်ငံတွေမှာ အိန္ဒိယရုပ်ရှင်ဇါတ်လမ်းတွေကို ပြသလိမ့်မယ်ဖြစ်ပါတယ်။ ဒီအချက်ကို Uzbekistan ၊ Tajikistan နဲ့ Kyrgyzstan နိုင်ငံတွေမှာ ကောင်းမွန်တဲ့ လက်ခံတုန့်ပြန်မှုတွေ ရရှိခဲ့ပါတယ်။ အလုံးစုံကို ချုံကြည့်မယ်ဆိုရင် သတင်းပါးလိုက်တာကတော့ အိန္ဒိယနိုင်ငံဟာ SCO ရဲ့လုပ်ငန်းစဉ်အားလုံးတို့မှာ အလွန်အပြုသဘောဆောင်တဲ့ လုပ်ငန်းတွေကို မြင်တွေ့လိုဒါဘဲဖြစ်ပြီး၊ အိန္ဒိယနိုင်ငံက ဒီလုပ်ငန်းမှာ ထည့်ဝင်လုပ်ကိုင်ဘို့ သဘောတူခဲ့ပါတယ်။ New Delhi အစိုးရဟာ Shanghai Cooperation Organization အဖွဲ့ဝင်နိုင်ငံတွေနဲ့ လက်တွဲလုပ်ကိုင်ဘို့ အသင့်ရှိနေပါတယ်။

SCO ထိပ်သီးညီလာခံကထွက်လာတဲ့ တချို့သောအရေးပါတဲ့ စာရွက်စာတမ်းတွေကတော့ Anti-Narcotic Strategy စာတမ်းနဲ့ အရေးယူဆောင်ရွက်ရေးအစီအစဉ်တွေဖြစ်ကြပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ကောင်စီဟာ စုစုပေါင်းဆုံးဖြတ်ချက် (၁၄) ခုချမှတ်ခဲ့ကြပါတယ်။ အဲဒီညီလာခံရဲ့ ကြားကာလမှာ အိန္ဒိယနိုင်ငံဟာ SCO နဲ့ ကုလသမဂ္ဂ အထူးအေဂျင်စီတို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အကြမ်းဖက်ဝါဒဆန့်ကျင်ရေးအတွက် ပြင်းထန်တဲ့ ကြေငြာစာတမ်းတခုမှာ ပြင်းထန်တဲ့စကားလုံးတွေအသုံးပြုထားဒါကို SCO အဖွဲ့ဝင်နိုင်ငံအားလုံးတို့က သဘောတူလက်ခံခဲ့ကြပါတယ်။ ဒါကြောင့် ဒီအချက်ဟာ အကြမ်းဖက်ဝါဒနဲ့ပါတ်သက်ပြီး SCO ရဲ့ ခိုင်မာတဲ့ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုလိုက်တာဘဲဖြစ်ပါတယ်။

လာမဲ့ထိပ်သီးညီလာခံအတွက် လမ်းပြမြေပုံကိုလည်း ရေးဆွဲထားပြီးဖြစ်ပါတယ်။ ညီလာခံအလံတိုင်ကို ရုရှားနိုင်ငံသို့ လက်ပြောင်းပေးခဲ့ပါတယ်။ ရုရှားနိုင်ငံက လာမဲ့ထိပ်သီးညီလာခံကို လက်ခံကျင်းပမဲ့အလျောက် အဲဒီညီလာခံမှာ နိုင်ငံခေါင်းဆောင်များကောင်စီ ညီလာခံမှာ အခမ်းအနားပေါင်း (၉၀) ခန့်ရှိလိမ့်မယ်လို့ ဖေါ်ပြထားပြီးဖြစ်ပါတယ်။ သမ္မတ Mr Putin ဟာ သူ့ရဲ့ Bishkek ညီလာခံ အမှာစကားမှာ မော်စကိုအစိုးရက Cyber အကြမ်းဖက်ဝါဒဟာ IT ပြန်ကြားရေးနဲ့ digital အဖြစ်ပြောင်းလဲရေးမှာ ပူးပေါင်းဆောင်ရွက်မှုအတွင်း အရေးပါတဲ့အရာတခုဖြစ်ဒါမို့ ဒီအရေးကိစ္စအပေါ် အာရုံစိုက်လုပ်ကိုင်သွားလိမ့်မယ်လို့ ဖော်ပြခဲ့ပြီး၊ ဒါ့အပြင် ဒုတိယကမ္ဘာစစ်ကြီးရဲ့ (၇၅) နှစ်ပြည့် အထိမ်းအမှတ်ကိုလည်း ကျင်းပဘို့ ကြိုးပမ်းသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ အေးချမ်းသာယာပြီး၊ ဖွံ့ဖြိုးပြီးဖြစ်ကာ၊ အကြမ်းဖက်မှုကင်းတဲ့ ကမ္ဘာဖြစ်စေရေးအတွက် ခံယူထားပါတယ်။ ဒီအချက်တွေဟာ SCO ရဲ့ အဓိကတိုင်းလုံးကြီးတွေသာဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Rupa Narayan Das ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”