အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းလုပ်ဆောင်မှုများ ပိုမိုတိုးတက်နက်ရှိုင်းစေလိုက်ခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းလုပ်ဆောင်မှုများ ပိုမိုတိုးတက်နက်ရှိုင်းစေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်ဟာ အိန္ဒိယနိုင်ငံကို နိုင်ငံတော်ခရီးစဉ်တရပ်နှင့် ရောက်ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့အာရှဒေသနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး မူဝါဒအပြင် အိမ်နီးချင်း ဦးစားပေးရေး မူဝါဒတို့အတွက် အခရာကျတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါဟာ အခြေခံ ရည်မှန်းချက်အနေနှင့် အရှေ့တောင်အာရှဒေသနှင့်အတူ စီးပွားရေးနှင့် မဟာဗျူဟာရေး ကွင်းဆက်တွေ တိုးတက်ပေါ်ပေါက်စေဖို့ ဖြစ်တဲ့အလျောက် CLMV ခေါ် ကမ္ဗောဒီယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတွေဆီသို့ အိန္ဒိယနိုင်ငံရဲ့ ချည်းကပ်လုပ်ဆောင်ရာမှာ သော့ချက်ဖြစ်ပါတယ်။
အခမ်းအနားနှင့် ကြိုဆိုပြီးတဲ့နောက် သမ္မတ ဦးဝင်းမြင့်ဟာ သမ္မတ Mr. Ram Nath Kovind နှင့်အတူ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Mr. Narendra Modi ကလည်း မြန်မာနိုင်ငံ သမ္မတနှင့်အတူ ကိုယ်စားလှယ်အဆင့် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ခေါင်းဆောင် ၂ ဦးတို့ဟာ ၂ ဦး ၂ ဖက်နှင့်ဆိုင်တဲ့ ၂ နိုင်ငံအရေး၊ ဒေသပိုင်းအရေးနှင့် ကမ္ဘာ့လုံးဆိုင်ရာ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအဆင့်မြင့်ခရီးစဉ်အတွင်း ၂ နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နားလည်မှုစာချွန်လွှာ ၁၀ ခုတို့ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားရေး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ကတိပြုထားပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်အောက်မှာဆိုရင် ၂ နိုင်ငံတို့ဟာ မြောက်ဦးမြို့နယ်ဆေးရုံမှာ အမှိုက်မီးရှို့စက်တည်ဆောက်ရေး၊ ဂွမြို့နယ်မှာ ရေပံ့ပိုးစနစ်တည်ဆောက်ရေး၊ မြို့နယ် ၅ ခုတို့အတွင်းမှာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးရေးနှင့် ဘူးသီးတောင်မြို့နယ်အတွင်း ဒေသ ၂ ခုတို့မှာ လမ်းဖောက်လုပ်ရေး စတာတွေမှာ ပူးပေါင်းလုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး ယန္တယားအောက်မှာလည်း ထိရောက်မှုမြင့်မားတဲ့ အသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေနှင့် ထိရောက်မှုမြန်ဆန်တဲ့ စီမံကိန်းဆိုင်ရာ လုပ်ငန်းဘောင်အတွင်း ပူးပေါင်းလုပ်ဆောင်မှု တိုးမြှင့်ဖို့လည်း သဘောတူညီထားကြပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ ဒေသပိုင်း လမ်းပန်းဆက်သွယ်ရေး ဒီဇိုင်းပုံစံတွေရဲ့ ဗဟိုအချက်အခြာမှာ တည်ရှိနေပြီး အိန္ဒိယန်ိုငငံဟာ စစ်တွေဆိပ်ကမ်းနှင့် ကုလားတန်မြစ် ပုံစံစုံ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတို့ကို ဦးစားပေးလျှက်ရှိပါတယ်။ စစ်တွေဆိပ်ကမ်းနှင့် ပလက်ဝ ကုန်းတွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဆိပ်ကမ်း ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ၁ ဖွဲ့ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တာဝန်ပေးထားပြီး ဖြစ်ပါတယ်။ ပလက်ဝ-Zorinpui လမ်းမ ဖောက်လုပ်မှုနှင့် စစ်တွေမြို့နှင့် အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသတို့ကို ဆက်သွယ်ပေးတဲ့ ကုလားတန် ဟိုင်းဝေးလမ်းမ နောက်ဆုံးအပိုင်း အမြန်ပြီးစီးရေးတို့ဟာ အရေးကြီးလှပါတယ်။ ဒီအပြင် ၃ နိုင်ငံဖြတ် ဟိုင်းဝေးလမ်းမကြီးရဲ့ ကလေးဝ-ယာကြီး လမ်းမပိုင်းဟာ ၂၀၂၁ ခုနှစ်မှာ ပြီးစီးတော့မယ့်အသွင်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ အဲဒီ ၃ နိုင်ငံဖြတ် ဟိုင်းဝေးလမ်းမပေါ်မှ တံတား ၆၉ စင်းတို့ကို အဆင့်မြှင့် တည်ဆောက်ဖို့ ကတိပြုထားပါတယ်။ ၂၀၂၀ ခုနှစ်၊ ဧပြီလမှာ အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ အင်ဖားမြို့ကနေ မန္တလေးမြို့တို့အကြား ဘတ်စကား ပူးပေါင်းဝန်ဆောင်ပြေးဆွဲမှု ထူထောင်ဖို့ ပုဂ္ဂလိက လိုင်းကားကုမ္ပဏီတွေချင်း နားလည်မှုစာချွန်လွှာ ၁ ခု လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။ ချင်းပြည်နယ်နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အတွင်း မြန်မာ-အိန္ဒိယ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်တွေဟာ လူထုအခြေခံ အဆောက်အအုံနှင့် လူမှုစီးပွား ဖွံ့ဖြိုးရေးတို့ကို တိုးတက်ကောင်းမွန်စေလျှက်ရှိပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်း ဦးစားပေးရေး မဟာဗျူဟာ မျှော်မှန်းချက်တွေ ရှေ့ဆက်ဖို့အတွက်ဆိုရင် စစ်ဖက်ဆိုင်ရာ လေ့ကျင့်သင်တန်းတွေ၊ စုံစမ်းထောက်လှမ်းရေးနှင့် ပင်လယ်ရေကြောင်း လုံခြုံရေးတို့အပေါ် အာရုံပြုလျှက် ကာကွယ်ရေးနှင့် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ လိုအပ်လျှက်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှ သောင်းကျန်းသူတွေကို ပစ်မှတ်ထားတဲ့ အိန္ဒိယနှင့် မြန်မာတပ်ဖွဲ့တို့ရဲ့ ပူးတွဲ စစ်ဆင်ရေးတွေဟာ ဒီအရေးနှင့်ပတ်သက်ပြီး အခိုင်အမာ အခြေခံအုတ်မြစ်ချထားပြီးဖြစ်ပါတယ်။ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ခွင့်ပြုကုန်ပစ္စည်း သင်္ဘောဖြင့်တင်ပို့မှုအချက်အလက် ဖလှယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ဟာ အပြန်အလှန် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးတက်အားကောင်းစေလျှက်ရှိပါတယ်။
အာရှဒေသရဲ့ စီးပွားရေးအင်အားကောင်းတဲ့ နိုင်ငံတနိုင်ငံအဖြစ် မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံအတွက် အခွင့်အလမ်းတွေ အများအပြား ကမ်းလှမ်းလျှက်ရှိပါတယ်။ ဒါပေမယ့်လည်း စီးပွားရေးရာ ဆက်ဆံရေးတို့ဟာ အပြန်အလှန်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁.၇၅ ဘီလျံဝန်းကျင်ရှိမှုနှင့်အတူ တကယ့်စွမ်းရည်ရှိမှုအောက်မှာ ရှိနေဆဲဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်မှု ခေတ်မီတိုးတက်ရေး၊ ဈေးကွက် ရရှိနိုင်ရေး၊ ငွေကြေးအလွှဲအပြောင်း လွယ်ကူစေရေး၊ စီးပွားရေးကဏ္ဍချင်း အဆက်အသွယ်ပြုမှု ရိုးရှင်းစေရေး၊ အပြန်အလှန်နှင့် ဒေသပိုင်းဆိုင်ရာ ကုန်သွယ်မှု သဘောတူစာချုပ်တွေ အားပေးပံ့ပိုးရေးတို့အတွက် လိုအပ်နေလျှက်ရှိပါတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ ဆက်ဆံရေးတွေမှာ အရေးပါတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပါပြီး အိန္ဒိယနိုင်ငံရဲ့ အစိုးရပိုင်း ရေနံနှင့် ဓာတ်ငွေ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံ အထက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံထားကြပြီး အိန္ဒိယနိုင်ငံကို အချိုးအစားနှင့် ပြည်ပတင်ပို့ဖို့ အခွင့်အလမ်းတွေ ရှာဖွေနေကြပါတယ်။
၂ နိုင်ငံဆက်ဆံရေးတို့ဟာ ဘုံတူညီနေကြတဲ့ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှုနှင့် ဘာသာရေး နှောင်ဖွဲ့မှုတွေမှာ အမြစ်တွယ်လျှက်ရှိပါတယ်။ သမ္မတဦးဝင်းမြင့်ဟာ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာနှင့် အာဂရာ မြို့တို့ကိုလည်း သွားရောက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ မတည်မငြိမ်ဖြစ်နေတဲ့ ပထဝီ မဟာဗျူဟာရေး အခြေအနေ နောက်ခံတွေနှင့်အတူ ပိုမိုကျယ်ပြန့်တဲ့ အင်ဒို-ပစိဖိတ်ဒေသအတွင်း ပူးပေါင်းဆောင်ရွက်ရာမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ပိုမို အရှိန်အဟုန် မြှင့်တင်သွားဖို့ ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Titli Basu ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment