အိန္ဒိယနိုင်ငံသည် RCEP နှင့် ကင်းကင်းနေလိုက်ခြင်း - အမျိုးသား အကျိုးစီးပွားဆိုင်ရာ အရေးပါမှု
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ စီးပွားရေးရာ ဝါရင့် သုတေသီ ဆောင်းပါးရှင် Satyajit Mohanty ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် RCEP နှင့် ကင်းကင်းနေလိုက်ခြင်း - အမျိုးသား အကျိုးစီးပွားဆိုင်ရာ အရေးပါမှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အမျိုးသား အကျိုးစီးပွားတွေ တိုးမြှင့်ကာကွယ်ကြဖို့အတွက် နိုင်ငံတွေဟာ တခြားနိုင်ငံတွေ၊ ဒေသပိုင်း အစုအဖွဲ့တွေနှင့်အတူ စေ့စပ်လုပ်ဆောင်ကြပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်အကြာက RCEP ခေါ် ဒေသပိုင်း စီးပွားရေးရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး စေ့စပ်ညှိနှိုင်းမှုတွေ စတင်ခဲ့စဉ်က အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော် မူဝါဒနှင့် အဲဒီနောက် အရှေ့ပိုင်းဒေသနှင့် လုပ်ဆောင်ရေး မူဝါဒတွေထားရှိပြီး အဲဒီစေ့စပ်မှုတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ဖို့ကိစ္စဟာ သဘာဝပင် ဖြစ်ခဲ့ပါတယ်။ RCEP ရဲ့ မျှော်မှန်းချက်ဟာ ခေတ်သစ် ၂ ဦး ၂ ဖက် အကျိုးဖြစ်ထွန်းမယ့် ဘက်စုံ ဒေသပိုင်း အစုအဖွဲ့ ထူထောင်သွားဖို့ဖြစ်ပြီး ဒီလိုရလဒ်မျိုးကို အိန္ဒိယနိုင်ငံက ဖော်ပြနေခဲ့တာ ဖြစ်ပါတယ်။
ဒေသပိုင်းယုံကြည်မှုရှိတဲ့သဘောကြောင့် အိန္ဒိယနိုင်ငံဟာ အရှေ့အာရှနိုင်ငံတွေနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် FTA အများစုတို့မှာ အရိပ်အမြွက်ဖော်ပြထားပြီးဖြစ်တာတောင် RCEP မှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ FTA သဘောတူစာချုပ်တွေ ချုပ်ဆိုပြီးကတည်းက အာဆီယံအဖွဲ့၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့နှင့်အတူ အိန္ဒိယနိုင်ငံရဲ့ ကုန်သွယ်ရေး အလိုပြမှုတွေဟာ ၂ ဆကျော် ရှိလာခဲ့ပါတယ်။ FTA မိတ်ဖက်နိုင်ငံတွေကနေ ပြည်တွင်း တင်သွင်းမှုတွေဟာ အလျင်အမြန် တိုးတက်လာခဲ့ပေမယ့် အိန္ဒိယနိုင်ငံရဲ့ FTA အကျိုးဖြစ်ထွန်းမှု နှုန်းဟာ ဈေးကွက်ရရှိနိုင်မှုအတွက် စည်းကျပ်ခွန်မဟုတ်တဲ့ အဟန့်အတားတွေကြောင့် ထူးခြားမှု သိပ်မရှိခဲ့ပါဘူး။ ဝန်ဆောင်မှု သဘောတူညီချက်မှာ ကုန်သွယ်ရေးဆိုင်ရာ ဒီလိုဆုံးရှုံးမှုတွေအတွက် ကောင်းမွန်လာရေးမျှော်မှန်းချက်နှင့် အိန္ဒိယနိုင်ငံဟာ အာဆီယံအဖွဲ့နှင့် ကုန်စည် သဘောတူညီချက်မှ ကုန်သွယ်ရေးအောက်မှာ စည်းကျပ်ခွန်တွေကို အများအပြား လျော့ချပေးခဲ့ပါတယ်။ ဒေပေမယ့်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့ရဲ့ သဘောမတူမှုကြောင့် ကုန်စည် သဘောတူညီချက်မှ ကုန်သွယ်ရေးဟာ ဘယ်တုန်းကမှ အလုပ်မဖြစ်ခဲ့ပါဘူး။
ကုန်စည်နှင့် ဝန်ဆောင်မှု စေ့စပ်ညှိနှိုင်းမှုတို့အကြား ဆက်နွယ်မှုရှိစေဖို့အတွက်တောင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Mr. Modi က RCEP အသင်းဝင်နိုင်ငံတွေကို တိုက်တွန်းဖော်ပြခဲ့ပါတယ်။ ဒါဟာ ကုန်စည်တွေ စေ့စပ်ညှိနှိုင်းရာမှာ အိန္ဒိယနိုင်ငံ ကြုံတွေ့ရနိုင်ဖွယ်ရှိတဲ့ ဆုံးရှုံးမှု အလားအလာတွေအတွက် ကောင်းကျိုးရှိစေမှာဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းမလှစွာနှင့်ပဲ တချို့နိုင်ငံတွေဟာ ၎င်းတို့ရဲ့ ဝန်ဆောင်မှုကဏ္ဍတွေလမ်းဖွင့်ပေးဖို့ သဘောမတူဟန် ပြသနေကြပြီး ကုန်စည်တွေအတွင်း ကုန်သွယ်ရေးအတွက် ဈေးကွက်ဖွင့်ပေးဖို့မျှော်မှန်းချက်နှင့် အိန္ဒိယနိုင်ငံကို တောင်းဆိုလာကြပါတယ်။
RCEP အပြီးဖြတ်ဖို့ နောက်ဆုံးသတ်မှတ်ချိန်ဟာ ထပ်မံအချိန်တိုးချဲ့လိုက်ရပြန်ပြီ ဖြစ်ပါတယ်။ RCEP ဟာ ၂၀၂၀ ခုနှစ်ထဲရောက်ဖို့ ဖိအားပေးခံရတာကြောင့် အိန္ဒိယနိုင်ငံဟာ လက်ရှိအနေအထားနှင့် ကိုက်ညီထင်ဟပ်စေဖို့အတွက် စည်းကျပ်ခွန် လျော့ချဖို့ အခြေခံခုနှစ်ကို ၂၀၁၉ ခုနှစ်သို့ရွှေ့ဖို့ မေတ္တာရပ်ခံခဲ့ပေမယ့် ဒီအကြံပြုချက်ကို နိုင်ငံအများအပြားတို့က သဘောမတူခဲ့ကြပါဘူး။ နှစ်ကာလတလျှောက် အထူးသဖြင့် တရုပ်နိုင်ငံမှ ပြည်ပတင်ပို့မှုတွေဟာ အိန္ဒိယဈေးကွက်တွေကို လွှမ်းမိုးနေပြီး ပြည်တွင်းစက်မှုလုပ်ငန်းတွေကို ခြိမ်းခြောက်လျှက်ရှိပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံဟာ ပြည်တွင်းတင်သွင်းမှုတွေမှာ တဟုန်ထိုး များပြားလာမှု ကာကွယ်ဟန့်တားဖို့အတွက် ပိုမိုမြင့်မားတဲ့ စည်းကျပ်ခွန်ကောက်ယူနိုင်မယ့် အလိုအလျောက် ဟန့်တားရေး ယန္တရားစနစ်တရပ်ထားရှိဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတွေဟာ အိန္ဒိယနိုင်ငံရဲ့ ကြီးမားတဲ့ပြည်တွင်းဈေးကွက်ကို မျက်စိကျနေခဲ့ကြတာ ဖြစ်နိုင်တာကြောင့် သဘောမတူခဲ့ကြပါဘူး။
ဒါ့အပြင် အိန္ဒိယနိုင်ငံဟာ အကွက်ဆင်မှုနှင့် လမ်းကြောင်းပြောင်းပြီး မတူညီတဲ့ စည်းကျပ်ခွန် ပြဋ္ဌာန်းစနစ်ဆိုင်ရာ လွဲမှားအသုံးပြုမှုကာကွယ်ဖို့ ပိုမိုတင်းကျပ်တဲ့ မူယင်း ဥပဒေတွေထားရှိဖို့ ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ နှစ်ပေါင်း ၂၀ ကျော်အထိ တရုပ်နိုင်ငံရဲ့ ကုန်ပစ္စည်းတွေအပေါ် စည်းကျပ်ခွန်လျော့ချဖို့ သဘောတူညီခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကုန်ပစ္စည်းအများစုတို့ဟာ မူယင်းဥပဒေတွေ ဘောင်သွင်းထားရှိ အကောင်အထည်ဖော်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေကနေ အကောက်ခွန်လွတ် ဈေးကွက်ရရှိသွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အထူးသဖြင့် အာဆီယံနှင့် FTA စာချုပ်အောက်မှာ အလွန်ဆိုးရွားတဲ့ ပင်ယင်းချိုးဖောက်မှု အများအပြားတို့ကို တိုင်ကြားထားပြီး နိုင်ငံရဲ့ ပြည်တွင်းစက်မှုလုပ်ငန်းတွေ ကာကွယ်ဖို့အတွက် ဒီလို မမျှတတဲ့ နိုင်ငံတကာ ကုန်သွယ်ရေး အလေ့အကျင့်တွေ ဆန့်ကျင်မယ့် အပြည့်အဝ အာမခံမှုရှိတဲ့ စနစ်တွေ အလိုရှိနေခဲ့ပါတယ်။ ဒါဟာ တကယ့်ကို မျှတမှုရှိတဲ့ တောင်းဆိုချက်တရပ်ဖြစ်ပေမယ့် RCEP အဖွဲ့ဝင်နိုင်ငံ အများအပြားတို့ရဲ့ ဆန့်ကျင်ခုခံမှုတွေကြောင့် အထမမြောက် ဖြစ်ခဲ့ရပါတယ်။
ရင်းနှီးမြှုပ်နှံရေးနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနှင့်ပတ်သက်ပြီး RCEP အဖွဲ့ရဲ့ ချမ်းသာတဲ့နိုင်ငံတွေ တင်သွင်းထားတဲ့ တခြားသော WTO+ စည်းမျဉ်းပြဋ္ဌာန်းချက်တွေဟာ အိန္ဒိယနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ပြင်းထန်တဲ့ ဂယက်ရိုက်မှုတွေ ရှိသွားကြမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံရေးကဏ္ဍအောက်မှာ နည်းပညာလွှဲပြောင်းမှု ပြဋ္ဌာန်းချက်တားမြစ်ထားပြီး မူပိုင်ခ ငွေကြေးပေးမှု ကန့်သတ်ထားတဲ့စာပိုဒ်နှင့် အီလက်ထရောနစ် ကူးသန်းရောင်ဝယ်ရေး ပြဋ္ဌာန်းချက်အောက်မှ အချက်အလက် ဒေသန္တရပြုမှု တားမြစ်ထားတဲ့ စာပိုဒ်တွေဟာ တကယ်လို့ သဘောတူလိုက်မယ်ဆိုရင် မူဝါဒပိုင်း အနေအထားကို အကြီးအကျယ် ကန့်သတ်မှုရှိသွားမှာ ဖြစ်ပါတယ်။
ဒီလိုစိုးရိမ်ချက် အများအပြားတို့ကို RCEP ဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးပွဲတွေနှင့် စေ့စပ်ညှိနှိုင်းမှုတွေမှာ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းရေးရာဝန်ကြီးနှင့် တခြားသော ထိပ်တန်း အရာရှိတွေက အကြိမ်ကြိမ် ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သင့်တင့်မျှတတဲ့ ရလဒ်မရှိခဲ့တာကြောင့် အိန္ဒိယနိုင်ငံဟာ အခြေခံအားဖြင့် ပြည်တွင်းကဏ္ဍနှင့် အသေးစား စီးပွားရေးလုပ်ငန်းပိုင်း အကျိုးစီးပွားတွေ ကာကွယ်ဖို့အတွက် RCEP ကို လက်မှတ်မထိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း RCEP နိုင်ငံတွေဟာ နယူးဒေလီအစိုးရရဲ့ အဓိက အကျိုးစီးပွားကို လိုက်လျောပြီး လက်ရှိအရေးကိစ္စတွေကို ၂ ဦး ၂ ဖက် ကျေနပ်အားရဖွယ် အနေအထားနှင့် ဖြေရှင်းပေးမယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံအနေနှင့် RCEP သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ စဉ်းစားသွားနိုင်တယ်လို့ RCEP နှင့် အိန္ဒိယအစိုးရတို့ရဲ့ ခေါင်းဆောင်များ ပူးတွဲထုတ်ပြန်ကြေညာချက်မှာ ရှင်းလင်းစွာဖော်ပြထားပါတယ်… စသဖြင့် ဆောင်းပါးရှင် Satyajit Mohanty ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment